ဟေ​ရှာ​ယ 16:4-10 BCL

4 သင်​တို့​၏​ပြည်​တွင်​နေ​ခွင့်​ပြု​ကြ​ပါ။ ငါ​တို့ ကို​သုတ်​သင်​ဖျက်​ဆီး​လို​သူ​တို့​၏​ဘေး​မှ ကာ​ကွယ်​စောင့်​ရှောက်​ကြ​ပါ'' ဟု​မော​ဘ ပြည်​သူ​တို့​ပြော​ကြား​ကြ​၏။(ဖိ​နှိပ်​ချုပ်​ချယ်​မှု​နှင့်​သုတ်​သင်​ဖျက်​ဆီး​မှု တို့​သည်​ပ​ပျောက်​၍​သွား​လိမ့်​မည်။ တိုင်း​ပြည် ကို​ပျက်​ပြုန်း​စေ​သော​သူ​တို့​သည်​လည်း​ရှိ ကြ​တော့​မည်​မ​ဟုတ်။-

5 ထို​အ​ခါ​ဒါ​ဝိဒ်​၏​သား​မြေး​တစ်​ဦး​တည်း နန်း​တက်​၍​ပြည်​သူ​တို့​အား​သစ္စာ၊ မေတ္တာ​နှင့် အုပ်​စိုး​လိမ့်​မည်။ သူ​သည်​မှန်​ရာ​ကို​ပြု​ရန် လက်​နှေး​လိမ့်​မည်​မ​ဟုတ်။ တ​ရား​သ​ဖြင့် စီ​ရင်​ဆုံး​ဖြတ်​ပေး​လိမ့်​မည်။)

6 ယု​ဒ​ပြည်​သူ​တို့​က``မော​ဘ​ပြည်​သူ​တို့​သည် အ​ဘယ်​မျှ​မာန်​မာ​န​ကြီး​ကြ​ကြောင်း​ကို​ငါ တို့​ကြား​ရကြ​လေ​ပြီ။ သူ​တို့​သည်​မောက်​မာ ထောင်​လွှား​လျက်​မိ​မိ​တို့​ကိုယ်​ကို​အ​ထင်​ကြီး လျက်​နေ​ခဲ့​ကြ​သော်​လည်း သူ​တို့​ဝါ​ကြွား​မှု များ​သည်​အ​ချည်း​နှီး​သာ​ဖြစ်​ကြောင်း​ကို ငါ​တို့​သိ​ပါ​၏'' ဟု​ဆို​ကြ​၏။

7 မော​ဘ​ပြည်​သူ​တို့​သည်​မိ​မိ​တို့​ခံ​ရ​သည့် ဆင်း​ရဲ​ဒုက္ခ​များ​အ​တွက်​ငို​ယို​ကြ​လိမ့်​မည်။ ကိ​ရ​ဟ​ရက်​မြို့​တွင်​မိ​မိ​တို့​စား​ခဲ့​ရ​ဖူး သည့်​ကောင်း​သော​အ​စား​အ​စာ​များ​ကို ပြန်​လည်​သ​တိ​ရ​သော​အ​ခါ​သူ​တို့​အား လုံး​ပင်​ငို​ယို​ကြ​လိမ့်​မည်။ စိတ်​ပျက်​အား ငယ်​လျက်​နေ​ကြ​လိမ့်​မည်။-

8 ဟေ​ရှ​ဘုန်​မြို့​အ​နီး​ရှိ​လယ်​ယာ​များ​နှင့်​စိ ဗ​မာ​စ​ပျစ်​ဥ​ယျာဉ်​များ​သည်​ပျက်​ပြုန်း​၍ သွား​ကြ​၏။ လူ​မျိုး​ခြား​မင်း​အ​ပေါင်း​တို့​သည် ထို​စ​ပျစ်​ဥ​ယျာဉ်​တို့​မှ​ထွက်​သော​စ​ပျစ်​ရည် များ​ဖြင့်​မူး​ယစ်​နေ​ခဲ့​ကြ​ဖူး​၏။ အ​ခါ​တစ် ပါး​က​စ​ပျစ်​နွယ်​များ​သည် အ​ရှေ့​ဘက်​သို့ ယာ​ဇာ​မြို့​နှင့်​သဲ​ကန္တာ​ရ​တိုင်​အောင်​လည်း ကောင်း၊ အ​နောက်​ဘက်​သို့​ပင်​လယ်​သေ​တစ် ဘက်​ကမ်း​တိုင်​အောင်​လည်း​ကောင်း​ရောက်​ရှိ ခဲ့​ကြ​၏။-

9 ယ​ခု​အ​ခါ​ငါ​သည်​ယာ​ဇာ​မြို့​အ​တွက်​ငို ယို​မိ​သ​ကဲ့​သို့ စိ​ဗ​မာ​စ​ပျစ်​ပင်​များ​အ​တွက် လည်း​ငို​ယို​မိ​ပါ​၏။ လူ​တို့​ဝမ်း​မြောက်​စွာ​စု သိမ်း​ရန်​အ​သီး​အ​နှံ​များ​မ​ရှိ​တော့​သ​ဖြင့် ငါ​သည်​ဟေ​ရှ​ဘုန်​မြို့​နှင့်​ဧ​လာ​လေ​မြို့ တို့​အ​တွက်​မျက်​ရည်​ကျ​ပါ​၏။-

10 ယ​ခု​အ​ခါ​မြေ​သြ​ဇာ​ကောင်း​သည့်​လယ်​များ တွင် ဝမ်း​မြောက်​ရွှင်​လန်း​သူ​မ​ရှိ။ စ​ပျစ်​ဥ​ယျာဉ် များ​၌​ကြွေး​ကြော်​သီ​ဆို​သူ​မ​ရှိ။ စ​ပျစ်​သီး များ​ကို​နယ်​၍​စ​ပျစ်​ရည်​လုပ်​သူ​လည်း​မ​ရှိ တော့​ပေ။ ပျော်​ရွှင်​စွာ​ကြွေး​ကြော်​မှု​များ​သည် ဆိတ်​သုဉ်း​ခဲ့​လေ​ပြီ။-