14 သင်တို့ထံသို့လာရောက်ကြသည့်ရေငတ် သူတို့အားရေကိုပေးကြလော့။ အချင်း တေမပြည်သူတို့၊ စစ်ပြေးဒုက္ခသည်တို့ အားအစားအစာများကိုပေးကြလော့။-
15 လူတို့သည်မိမိတို့အားခုတ်ရန်အသင့် ရှိသည့်ဋ္ဌားများ၏ဘေးမှလည်းကောင်း၊ ပစ်ရန်အသင့်ရှိသည့်လေးမြားတို့၏ဘေး မှလည်းကောင်း၊ စစ်ဘေးအန္တရာယ်ဟူသမျှမှ လည်းကောင်းလွတ်မြောက်ရန်ထွက်ပြေးလျက် ရှိကြ၏။
16 ထိုနောက်ထာဝရဘုရားကငါ့အား``တစ်နှစ် တိတိကြာသောအခါ ကေဒါလူမျိုးစု၏ ဘုန်းအသရေသည်လုံးဝကွယ်ပျောက်သွား လိမ့်မည်။-
17 ထိုလူမျိုးစုတွင်ရဲစွမ်းသတ္တိအရှိဆုံးဖြစ် သောလေးသည်တော်တို့သည်လည်း အနည်း ငယ်မျှသာလျှင်ကျန်ရှိပေတော့မည်။ ဤကား ဣသရေလအမျိုးသားတို့၏ဘုရားသခင်၊ ငါထာဝရဘုရားမြွက်ဟသည့်စကားပင် ဖြစ်၏'' ဟုမိန့်တော်မူပါ၏။