ဟေ​ရှာ​ယ 22:12-18 BCL

12 ထို​စဉ်​အ​ခါ​က​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​သည် သင့်​အား​ငို​ကြွေး​၍၊ ဝမ်းနည်း​သည့် အ​မှတ်​လက္ခ​ဏာ​ပြ​ရန်​နှင့်​ခေါင်း​တုံး​ရိတ်​၍ လျှော်​တေ​ကို​ဝတ်​ရန်​စေ​ခိုင်း​တော်​မူ​ခဲ့​၏။-

13 သင်​သည်​ယင်း​သို့​ပြု​မည့်​အ​စား​ရယ်​မော လျက် ပွဲ​လမ်း​သ​ဘင်​ကျင်း​ပ​ကာ​နေ​ခဲ့​၏။ သိုး​နွား​များ​ကို​သတ်​၍​စား​ကာ​စပျစ်​ရည် ကို​သောက်​ခဲ့​၏။ ``နက်​ဖြန်​သေ​ရကြ​မည် ဖြစ်​၍​ယ​ခု​ငါ​တို့​စား​ကြ​သောက်​ကြ ကုန်​အံ့'' ဟု​သင်​ဆို​ခဲ့​၏။

14 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော် တိုင်​ပင်​ငါ့​အား``ထို​သူ​တို့​သည်​ဤ​မ​ကောင်း မှု​အ​တွက်​မိ​မိ​အ​သက်​ရှင်​သ​မျှ​ကာ​လ ပတ်​လုံး အ​ဘယ်​အ​ခါ​၌​မျှ​အ​ပြစ်​ဖြေ​လွှတ် ရကြ​လိမ့်​မည်​မ​ဟုတ်။ ဤ​ကား​အ​နန္တ​တန်​ခိုး ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စကား ပင်​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​ပါ​၏။

15 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို နန်း​တော်​အုပ်​ချုပ်​ရေး​မှူး​ရှေ​ဗ​န​၏​အိမ်​သို့ သွား​၍​သူ့​အား၊-

16 ``သင်​သည်​မိ​မိ​ကိုယ်​ကို​အ​ဘယ်​သူ​ဟု​ထင် မှတ်​ပါ​သ​နည်း။ ကျောက်​တောင်​နံ​ရံ​တွင် မိ​မိ တို့​အ​တွက်​သင်္ချိုင်း​ဂူ​ကို​ထွင်း​ထု​လုပ်​ပိုင်​ခွင့် သင့်​မှာ​ရှိ​ပါ​သ​လော။-

17 သင်​သည်​အ​ရေး​ပါ​အ​ရာ​ရောက်​သူ​တစ်​ဦး ဖြစ်​ကောင်း​ဖြစ်​ပေ​မည်။ သို့​ရာ​တွင်​ထာ​ဝ​ရ ဘု​ရား​သည် သင့်​အား​ဆွဲ​ကိုင်​၍​ပစ်​ထုတ် တော်​မူ​လိမ့်​မည်။-

18 ကိုယ်​တော်​သည်​သင့်​အား​လောက်​စာ​သ​ဖွယ် လုံး​၍ ပို​မို​ကျယ်​ဝန်း​သော​ပြည်​သို့​ပစ်​ထုတ် တော်​မူ​လိမ့်​မည်။ သင်​သည်​ထို​ပြည်​တွင် မိ​မိ ဂုဏ်​ယူ​ဝါ​ကြွား​သည့်​စစ်​ရ​ထား​များ​အ​နီး တွင်​သေ​ရ​လိမ့်​မည်။ သင်​သည်​မိ​မိ​အ​ရှင်​၏ နန်း​တော်​ကို အ​သ​ရေ​ယုတ်​စေ​လိမ့်​မည်။-