ဟေ​ရှာ​ယ 22:15-21 BCL

15 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို နန်း​တော်​အုပ်​ချုပ်​ရေး​မှူး​ရှေ​ဗ​န​၏​အိမ်​သို့ သွား​၍​သူ့​အား၊-

16 ``သင်​သည်​မိ​မိ​ကိုယ်​ကို​အ​ဘယ်​သူ​ဟု​ထင် မှတ်​ပါ​သ​နည်း။ ကျောက်​တောင်​နံ​ရံ​တွင် မိ​မိ တို့​အ​တွက်​သင်္ချိုင်း​ဂူ​ကို​ထွင်း​ထု​လုပ်​ပိုင်​ခွင့် သင့်​မှာ​ရှိ​ပါ​သ​လော။-

17 သင်​သည်​အ​ရေး​ပါ​အ​ရာ​ရောက်​သူ​တစ်​ဦး ဖြစ်​ကောင်း​ဖြစ်​ပေ​မည်။ သို့​ရာ​တွင်​ထာ​ဝ​ရ ဘု​ရား​သည် သင့်​အား​ဆွဲ​ကိုင်​၍​ပစ်​ထုတ် တော်​မူ​လိမ့်​မည်။-

18 ကိုယ်​တော်​သည်​သင့်​အား​လောက်​စာ​သ​ဖွယ် လုံး​၍ ပို​မို​ကျယ်​ဝန်း​သော​ပြည်​သို့​ပစ်​ထုတ် တော်​မူ​လိမ့်​မည်။ သင်​သည်​ထို​ပြည်​တွင် မိ​မိ ဂုဏ်​ယူ​ဝါ​ကြွား​သည့်​စစ်​ရ​ထား​များ​အ​နီး တွင်​သေ​ရ​လိမ့်​မည်။ သင်​သည်​မိ​မိ​အ​ရှင်​၏ နန်း​တော်​ကို အ​သ​ရေ​ယုတ်​စေ​လိမ့်​မည်။-

19 ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​ကို​အ​လုပ်​မှ ထုတ်​ပယ်​တော်​မူ​၍ ကြီး​မြင့်​သည့်​ရာ​ထူး မှ​ဖြုတ်​ချ​တော်​မူ​လိမ့်​မည်'' ဟု​ပြော ကြား​စေ​တော်​မူ​ပါ​၏။

20 ထာ​ဝ​ရ​ဘု​ရား​က​ရှေ​ဗ​န​အား``ငါ​သည် မိ​မိ​၏​အ​စေ​ခံ၊ ဟိ​လ​ခိ​၏​သား​ဧ​လျာ ကိမ်​ကို​ခေါ်​ယူ​ကာ၊-

21 သင်​ရာ​ထူး​အ​လျောက်​ဝတ်​ဆင်​ရ​သည့်​ဝတ် လုံ​ကို​သူ့​အား​ဝတ်​ဆင်​စေ​၍ သင်​၏​ခါး​စည်း ကို​စည်း​စေ​လော့။ သင်​ရ​ရှိ​ခဲ့​သော​အ​ခွင့် အာ​ဏာ​ရှိ​သ​မျှ​ကို​အပ်​နှင်း​မည်။ ထို​သူ သည်​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​များ​နှင့် ယု​ဒ​ပြည်​သူ​တို့​အ​တွက် ဖ​ခင်​သ​ဖွယ် ဖြစ်​လိမ့်​မည်။-