ဟေ​ရှာ​ယ 22:22-25 BCL

22 ငါ​သည်​သူ့​အား​ဒါ​ဝိဒ်​၏​သား​မြေး​ဖြစ်​သူ ပြည်​ရှင်​မင်း​၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​ရန် အာ​ဏာ​အ​ပြည့်​အ​ဝ​အပ်​နှင်း​ပေး​မည်။ သူ သည်​အ​လုပ်​ဝတ္တ​ရား​များ​ဆောင်​ရွက်​ရာ​တွင် သော့​ချက်​သ​ဖွယ်​ဖြစ်​၍​သူ​ပြု​သည့်​အ​မှု တို့​ကို​အ​ဘယ်​သူ​မျှ​ပြင်​ဆင်​ပြောင်း​လဲ နိုင်​လိမ့်​မည်​မ​ဟုတ်။-

23 ငါ​သည်​ခိုင်​မြဲ​စွာ​ရိုက်​ထား​သည့်​ငုတ်​ကဲ့​သို့ သူ့​အား​မြဲ​မြံ​စွာ​ထား​ရှိ​မည်။ သူ​သည်​လည်း မိ​မိ​အိမ်​ထောင်​စု​တစ်​စု​လုံး​၏​ဂုဏ်​အ​သ ရေ​ကို​ဆောင်​လိမ့်​မည်။

24 ``သို့​ရာ​တွင်​ဆွေ​မျိုး​ညာ​တိ​များ​နှင့်​မှီ​ခို သူ​တို့​သည် သူ​၏​အ​တွက်​ဝန်​ထုပ်​ဝန်​ပိုး​ဖြစ် ၍​နေ​လိမ့်​မည်။ ငုတ်​တွင်​ဆွဲ​ချိပ်​ထား​သည့်​အိုး ခွက်​များ​ကဲ့​သို့ သူ​တို့​သည်​သူ့​ကို​တွယ်​ကပ် နေ​ကြ​လိမ့်​မည်။-

25 ဤ​သို့​ဖြစ်​ပျက်​လာ​သော​အ​ခါ​ခိုင်​မြဲ​စွာ ရိုက်​သွင်း​ထား​သည့်​ငုတ်​သည် ချောင်​၍​လာ ကာ​လဲ​ကျ​သွား​လိမ့်​မည်။ ယင်း​တွင်​ဆွဲ​ချိပ် ထား​သ​မျှ​သော​အ​ရာ​တို့​သည်​လည်း ပျက် စီး​သွား​ကြ​လိမ့်​မည်'' ဟု​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။