ဟေ​ရှာ​ယ 23:13-18 BCL

13 (တု​ရု​မြို့​ကို တော​တိ​ရစ္ဆာန်​များ​ခို​အောင်း​ရာ ဖြစ်​စေ​သူ​တို့​မှာ အာ​ရှု​ရိ​အ​မျိုး​သား​များ မ​ဟုတ်၊ ဗာ​ဗု​လုန်​အ​မျိုး​သား​များ​သာ​ဖြစ် ၏။ သူ​တို့​သည်​ခံ​တပ်​မြို့​စင်​မြင့်​များ​ကို တည်​ဆောက်​ပြီး​လျှင်၊ ခံ​တပ်​တို့​ကို​ဖြို​ချ ကာ​တု​ရု​မြို့​ကို​ဖျက်​ဆီး​၍​ထား​ခဲ့​ကြ​၏။)

14 သ​မုဒ္ဒ​ရာ​တွင်​ရောက်​ရှိ​နေ​သူ​အ​ချင်း​သင်္ဘော သား​တို့၊ ဝမ်း​နည်း​လျက်​ညည်း​တွား​မြည်​တမ်း ကြ​လော့။ သင်​တို့​ယုံ​ကြည်​အား​ထား​ရာ​မြို့ သည်​ပြို​ပျက်​သွား​လေ​ပြီ။

15-16 ဘု​ရင်​တစ်​ပါး​၏​တစ်​သက်၊ အ​နှစ်​ခု​နစ်​ဆယ် တိုင်​တိုင်​တု​ရု​မြို့​ကို​လူ​တို့​မေ့​ပျောက်​လျက် နေ​မည့်​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​လိမ့် မည်။ နှစ်​များ​ကုန်​လွန်​သွား​သော​အ​ခါ တု​ရု​မြို့​သည်၊``သ​နား​စ​ရာ​ကောင်း​၍​လူ​တို့ အ​မှတ်​မ​ရ​ကြ​တော့​သည့်​ပြည့်​တန်​ဆာ​မ၊သင်​၏​စောင်း​ကို​ယူ​၍​မြို့​ကို​လှည့်​လည်​လော့။သင်​၏​ချစ်​သူ​များ​ပြန်​လာ​ကြ​စေ​ရန် စောင်း​ကို​တီး​၍​သီ​ချင်း​များ​ကို​ဆို​ဦး​လော့''အ​စ​ရှိ​သည့်​သီ​ချင်း​ထဲ​က​ပြည့်​တန်​ဆာ​မ နှင့်​တူ​လိမ့်​မည်။

17 အ​နှစ်​ခု​နစ်​ဆယ်​ကုန်​လွန်​သော​အခါ၊ ထာ​ဝ​ရ ဘု​ရား​သည်​တု​ရု​မြို့​အား​ရှေး​အ​ခါ​က​နည်း တူ တစ်​ဖန်​ပြန်​၍​ကုန်​သွယ်​ရန်​ခွင့်​ပြု​တော်​မူ လိမ့်​မည်။ ထို​မြို့​သည်​ကမ္ဘာ​ပေါ်​ရှိ​နိုင်​ငံ​တ​ကာ ၏​အ​စေ​ကို​ခံ​လိမ့်​မည်။-

18 ကုန်​သွယ်​၍​ရ​ရှိ​သည့်​ငွေ​များ​ကို ထာ​ဝ​ရ ဘု​ရား​အား​ဆက်​ကပ်​လှူ​ဒါန်း​လိမ့်​မည်။ ယင်း တို့​ကို​သိမ်း​ဆည်း​၍​ထား​လိမ့်​မည်​မ​ဟုတ်။ ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​သူ တို့​သည်​လည်း ထို​ငွေ​ဖြင့်​မိ​မိ​တို့​လို​အပ် သည့်​အ​စား​အ​စာ​များ​နှင့် အ​ဝတ်​အ​ထည် များ​ကို​ဝယ်​ခြမ်း​ကြ​လိမ့်​မည်။