ဟေ​ရှာ​ယ 23:2-8 BCL

2 ပင်​လယ်​တွင်​ကုန်​ကူး​လျက်​ရှိ​သော​ဇိ​ဒုန်​ကုန် သည်​တို့၊ ဟစ်​အော်​ငို​ကြွေး​ကြ​လော့။ သင်​တို့ သည်​ထို​သူ​တို့​အား၊-

3 ပင်​လယ်​ရပ်​ခြား​သို့​စေ​လွှတ်​၍​အီ​ဂျစ် ပြည်​မှ​ထွက်​သည့်​ကောက်​ပဲ​သီး​နှံ​များ ကို​ရောင်း​ဝယ်​ကာ​လူ​မျိုး​တ​ကာ​တို့​နှင့် ကုန်​သွယ်​မှု​ကို​ပြု​စေ​ကြ​၏။

4 အို ဇိ​ဒုန်​မြို့၊ သင်​သည်​အ​သ​ရေ​ပျက်​လေ​ပြီ။ ပင်​လယ်​နှင့်​သ​မုဒ္ဒ​ရာ​ကြီး​များ​၏​နက်​နဲ​ရာ အ​ရပ်​က``ငါ့​မှာ​အ​ဘယ်​အ​ခါ​က​မျှ​သား သ​မီး​များ​မ​ရှိ​ခဲ့။ ငါ​သည်​ဘယ်​သော​အ​ခါ က​မျှ​သား​များ​ကို​သော်​လည်း​ကောင်း၊ သ​မီး များ​ကို​သော်​လည်း​ကောင်း​မ​မွေး​ဖွား​မ​ပြု စု​ခဲ့'' ဟု​ဆို​ကာ​သင့်​ကို​စွန့်​လွှတ်​လိုက်​လေ​ပြီ။

5 တု​ရု​မြို့​ပျက်​စီး​သွား​သည့်​သ​တင်း​ကို ကြား​သော​အ​ခါ​အီ​ဂျစ်​အ​မျိုး​သား​တို့ ပင်​လန့်​ဖျပ်​သွား​ကြ​ကုန်​၏။

6 အ​ချင်း​ဖို​နီး​ရှား​ပြည်​သူ​တို့၊ ဝမ်း​နည်း လျက်​ညည်း​တွား​မြည်​တမ်း​ကြ​လော့။ စ​ပိန် ပြည်​သို့​ထွက်​ပြေး​ရန်​ကြိုး​စား​ကြ​လော့။-

7 ဤ​မြို့​သည်​ရှေး​အ​ခါ​က​တည်​ထောင်​ခဲ့​သည့် မြို့၊ သာ​ယာ​ရွှင်​လန်း​ခဲ့​သည့်​တု​ရု​မြို့​ဖြစ်​နိုင် ပါ​သ​လော။ ဤ​မြို့​သည်​ကို​လို​နီ​နိုင်​ငံ​များ တည်​ထောင်​ရန်​ပင်​လယ်​ရပ်​ခြား​သို့​လူ​များ ကို​စေ​လွှတ်​နေ​ထိုင်​စေ​သည့်​မြို့​မ​ဖြစ်​နိုင် ပါ​သ​လော။-

8 ကမ္ဘာ​ပေါ်​တွင်​ဂုဏ်​အ​သ​ရေ​အ​ရှိ​ဆုံး​ဖြစ်​သူ မင်း​ညီ​မင်း​သား​ကုန်​သည်​များ​၏​ဧ​က​ရာဇ် နိုင်​ငံ၊ မြို့​တော်​တု​ရု​ကို​ဤ​သို့​ဖြစ်​ပျက်​စေ ရန်​ကြံ​စည်​တော်​မူ​သော​သူ​မှာ​အ​ဘယ်​သူ ဖြစ်​ပါ​သ​နည်း။-