ဟေ​ရှာ​ယ 23:7-13 BCL

7 ဤ​မြို့​သည်​ရှေး​အ​ခါ​က​တည်​ထောင်​ခဲ့​သည့် မြို့၊ သာ​ယာ​ရွှင်​လန်း​ခဲ့​သည့်​တု​ရု​မြို့​ဖြစ်​နိုင် ပါ​သ​လော။ ဤ​မြို့​သည်​ကို​လို​နီ​နိုင်​ငံ​များ တည်​ထောင်​ရန်​ပင်​လယ်​ရပ်​ခြား​သို့​လူ​များ ကို​စေ​လွှတ်​နေ​ထိုင်​စေ​သည့်​မြို့​မ​ဖြစ်​နိုင် ပါ​သ​လော။-

8 ကမ္ဘာ​ပေါ်​တွင်​ဂုဏ်​အ​သ​ရေ​အ​ရှိ​ဆုံး​ဖြစ်​သူ မင်း​ညီ​မင်း​သား​ကုန်​သည်​များ​၏​ဧ​က​ရာဇ် နိုင်​ငံ၊ မြို့​တော်​တု​ရု​ကို​ဤ​သို့​ဖြစ်​ပျက်​စေ ရန်​ကြံ​စည်​တော်​မူ​သော​သူ​မှာ​အ​ဘယ်​သူ ဖြစ်​ပါ​သ​နည်း။-

9 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​ပင်​ဖြစ် ပါ​သည်​တ​ကား။ ကိုယ်​တော်​သည်​ထို​သူ​တို့ ၏​မာန်​မာ​န​ကို​ချိုး​တော်​မူ​လို​သ​ဖြင့်၊ သူ တို့​တွင်​ဂုဏ်​အ​သ​ရေ​ရှိ​သူ​တို့​အား​ရှုတ်​ချ တော်​မူ​လို​သ​ဖြင့်​ဤ​သို့​ကြံ​စည်​တော်​မူ ခြင်း​ဖြစ်​ပေ​သည်။

10 စ​ပိန်​ပြည်​ရှိ​ကို​လို​နီ​နိုင်​ငံ​များ​မှ​လူ​တို့၊ သင်​တို့​သည်​သွား​၍​လယ်​ယာ​များ​ကို​ထွန် ယက်​ကြ​လော့။ သင်​တို့​အား​ကာ​ကွယ်​စောင့် ရှောက်​မည့်​သူ​တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ တော့​ပေ။-

11 ထာ​ဝ​ရ​ဘု​ရား​သည်​ပင်​လယ်​ပေါ်​မှာ လက်​တော်​ကို​ချိန်​ရွယ်​လျက် တိုင်း​နိုင်​ငံ​များ ကို​ပျက်​ပြုန်း​စေ​တော်​မူ​ပြီ။ ဖို​နီး​ရှား​တို့ ၏​ကုန်​သွယ်​ရေး​ဌာ​န​များ​ကို​ဖျက်​ဆီး ပစ်​ရန်​လည်း​အ​မိန့်​ပေး​တော်​မူ​လေ​ပြီ။-

12 အို ဇိ​ဒုန်​မြို့၊ သင်​သည်​နောက်​တစ်​ဖန်​သာ​ယာ ရွှင်​လန်း​ရ​တော့​မည်​မ​ဟုတ်။ သင်​၏​လူ​တို့ သည်​လည်း​ဖိ​နှိပ်​ချုပ်​ချယ်​မှု​ကို​ခံ​ရ​လျက် ရှိ​၏။ အ​ကယ်​၍​သူ​တို့​သည်​ကု​ပ​ရု​ပြည်​သို့ ထွက်​ပြေး​လွတ်​မြောက်​သွား​ကြ​သည်​ဆို​စေ ကာ​မူ ဘေး​မဲ့​လုံ​ခြုံ​စွာ​နေ​ရကြ​လိမ့်​မည် မ​ဟုတ်။

13 (တု​ရု​မြို့​ကို တော​တိ​ရစ္ဆာန်​များ​ခို​အောင်း​ရာ ဖြစ်​စေ​သူ​တို့​မှာ အာ​ရှု​ရိ​အ​မျိုး​သား​များ မ​ဟုတ်၊ ဗာ​ဗု​လုန်​အ​မျိုး​သား​များ​သာ​ဖြစ် ၏။ သူ​တို့​သည်​ခံ​တပ်​မြို့​စင်​မြင့်​များ​ကို တည်​ဆောက်​ပြီး​လျှင်၊ ခံ​တပ်​တို့​ကို​ဖြို​ချ ကာ​တု​ရု​မြို့​ကို​ဖျက်​ဆီး​၍​ထား​ခဲ့​ကြ​၏။)