ဟေ​ရှာ​ယ 24:10-16 BCL

10 မြို့​တွင်း​၌​အ​စ​စ​အ​ရာ​ရာ​က​စင့်​က​လျား ဖြစ်​လျက်​နေ​၏။ လူ​တို့​မ​ဝင်​နိုင်​ရန်​အိမ်​တိုင်း ကို​လည်း​ပိတ်​ထား​ကြ​၏။-

11 လူ​တို့​သည်​လမ်း​များ​ပေါ်​တွင်​ရပ်​၍​စ​ပျစ် ရည်​ကို​အော်​ဟစ်​တောင့်​တ​လျက်​နေ​ကြ​၏။ ဝမ်း​မြောက်​ရွှင်​လန်း​မှု​ကား​ထာ​ဝ​စဉ်​ကွယ် ပျောက်​သွား​တော့​၏။ ယင်း​ကို​ပြည်​တွင်း​မှ နှင်​ထုတ်​လိုက်​ကြ​လေ​ပြီ။-

12 မြို့​သည်​ပျက်​စီး​ယို​ယွင်း​လျက်​ကျန်​ခဲ့​၏။ မြို့​တံ​ခါး​များ​သည်​လည်း​ကျိုး​ပျက်​၍ သွား​လေ​ပြီ။-

13 ကမ္ဘာ​တစ်​ဝှမ်း​လုံး​မှ​နိုင်​ငံ​ရှိ​သ​မျှ​တို့​တွင် ဤ​နည်း​အ​တိုင်း​ပင်​ဖြစ်​ပျက်​ရ​လိမ့်​မည်။ ဤ​သို့​ဖြစ်​ပျက်​ရာ​အ​ချိန်​သည်​သံ​လွင်​သီး များ​ကို​အ​ပင်​ရှိ​သ​မျှ​မှ​ရိုက်​ချ​လျက်၊ စ​ပျစ်​သီး​အ​ကြွင်း​အ​ကျန်​များ​ကို​လည်း စ​ပျစ်​နွယ်​များ​မှ​ဆွတ်​ခူး​ပြီး​သည့်​အ​ချိန်၊ သီး​နှံ​များ​ရိတ်​သိမ်း​မှု​ပြီး​ဆုံး​ရာ​ကာ​လ နှင့်​တူ​လိမ့်​မည်။

14 အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​ကြ​သူ​တို့​သည် ရွှင် လန်း​ဝမ်း​မြောက်​လျက်​သီ​ချင်း​ဆို​ကြ​လိမ့် မည်။ အ​နောက်​အ​ရပ်​မှ​လူ​တို့​သည်​ဘု​ရား​သ​ခင်​၏​ကြီး​မြတ်​တော်​မူ​ပုံ​ကို​ဖော်​ပြ​၍၊-

15 အ​ရှေ့​အ​ရပ်​မှ​လူ​တို့​က​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လိမ့်​မည်။ ပင်​လယ်​ကမ်း​ခြေ တွင်​နေ​ထိုင်​ကြ​သူ​တို့​သည်​လည်း ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လိမ့်​မည်။-

16 ငါ​တို့​သည်​သူ​တော်​ကောင်း​တ​ရား​ကျင့်​သူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ကမ္ဘာ​ရပ်​စွန်း ရပ်​ဖျား​များ​မှ​ချီး​ကူး​ကြ​သည့်​သီ​ချင်း သံ​များ​ကို​ကြား​ရ​ကြ​လိမ့်​မည်။သို့​ရာ​တွင်​ငါ​သည်​မျှော်​လင့်​ရာ​မဲ့​ဖြစ်​လျက် လုံး​ပါး​ပါး​၍​နေ​ပါ​သည်​တ​ကား။ သစ္စာ​မဲ့ သူ​တို့​သည်​ဆက်​လက်​၍​သစ္စာ​ဖောက်​လျက် ဆိုး​ရွား​သည်​ထက်​ဆိုး​ရွား​၍​လာ​ကြ​၏။-