ဟေ​ရှာ​ယ 25:4-10 BCL

4 ဆင်း​ရဲ​သူ​နှင့် ခို​ကိုး​ရာ​မဲ့​သူ​တို့​သည်ကိုယ်​တော်​ရှင်​၏​ထံ​တော်​သို့​ခို​လှုံ​ကြ​သ​ဖြင့် ဒုက္ခ​ရောက်​ချိန်​၌​ဘေး​မဲ့​လုံ​ခြုံ​မှု​ကို​ရ​ရှိ​ကြ ပါ​ပြီ။ကိုယ်​တော်​ရှင်​သည်​သူ​တို့​အား​မိုး​သက်​မုန်​တိုင်း​မှ အ​ကာ​အ​ကွယ်​ကို​လည်း​ကောင်း၊ပြင်း​ထန်​သည့်​အ​ပူ​ရှိန်​မှ​ခို​လှုံ​ရန်​အ​ရိပ် အာ​ဝါ​သ ကို​လည်း​ကောင်း​ပေး​တော်​မူ​ပါ​၏။ရက်​စက်​ကြမ်း​ကြုတ်​သူ​တို့​၏​တိုက်​ခိုက်​မှု​သည်၊ဆောင်း​လေ​ပြင်း​နှင့်​လည်း​ကောင်း၊

5 ခြောက်​သွေ့​ရာ​ဒေ​သ​တွင်​မိုး​ခေါင်​မှု​နှင့် လည်း​ကောင်း၊ တူ​ပါ​၏။သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်ကျွန်​တော်​မျိုး​တို့​ရန်​သူ​များ​၏​အ​သံ​ကို တိတ်​စေ​တော်​မူ​ပါ​ပြီ။မိုး​တိမ်​သည်​ပူ​အိုက်​သည့်​နေ​ကို​အေး​မြ​လာ​စေ သ​ကဲ့​သို့၊ကိုယ်​တော်​ရှင်​သည်​ရက်​စက်​ကြမ်း​ကြုတ်​သူ​တို့​၏ အော်​ဟစ်​သံ​ကို​တိတ်​စေ​တော်​မူ​ပါ​၏။

6 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန် တောင်​တော်​ပေါ်​တွင်​ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​တ​ကာ တို့​အ​တွက် အ​မွန်​မြတ်​ဆုံး​စား​ဖွယ်​ခဲ​ဖွယ်​များ နှင့်​အ​ကောင်း​ဆုံး​စ​ပျစ်​ရည်​များ​ဖြင့် ည​စာ စား​ပွဲ​ကြီး​ကို​ပြင်​ဆင်​တော်​မူ​လိမ့်​မည်။-

7 ထို​အ​ရပ်​တွင်​ကိုယ်​တော်​သည်​အုံ့​မှိုင်း​လျက်​ရှိ နေ​သည့်​ဝမ်း​နည်း​ဖွယ်​မိုး​တိမ်​လွှာ​ကို လူ​မျိုး တ​ကာ​တို့​အ​ပေါ်​မှ​ဖယ်​ရှား​တော်​မူ​လိမ့်​မည်။-

8 ထာ​ဝ​ရ​ဘု​ရား​သည်​သေ​ခြင်း​တ​ရား​ကို​ထာ​ဝ စဉ်​ချေ​မှုန်း​ဖျက်​ဆီး​တော်​မူ​လိမ့်​မည်။ လူ​ခပ်​သိမ်း တို့​၏​မျက်​နှာ​မှ​မျက်​ရည်​များ​ကို​သုတ်​တော်​မူ ၍​ကမ္ဘာ​တစ်​ဝှမ်း​လုံး​တွင် မိ​မိ​၏​လူ​မျိုး​တော်​ကြုံ တွေ့​ရ​သည့်​အ​ရှက်​ကွဲ​အ​ကျိုး​နည်း​မှု​များ​ကို လည်း​ဖယ်​ရှား​တော်​မူ​လိမ့်​မည်။ ဤ​ကား​ထာ​ဝ​ရ ဘု​ရား​ကိုယ်​တော်​တိုင်​မိန့်​တော်​မူ​သော​စ​ကား ပင်​ဖြစ်​၏။

9 ဤ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​လာ​သော​အ​ခါ လူ​အ​ပေါင်း​တို့​က``ကိုယ်​တော်​သည်​ငါ​တို့​၏ ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ပါ​သည်​တ​ကား။ ငါ​တို့​သည်​ကိုယ်​တော်​ကို​ယုံ​ကြည်​ကိုး​စား သည်​ဖြစ်​၍ ကိုယ်​တော်​က​လည်း​ငါ​တို့​အား ကယ်​ဆယ်​တော်​မူ​လေ​ပြီ။ ကိုယ်​တော်​ကား ထာ​ဝ​ရ​ဘု​ရား​ပေ​တည်း။ ငါ​တို့​သည် ကိုယ်​တော်​ကို​ယုံ​ကြည်​ကိုး​စား​ခဲ့​ကြ​၏။ ကိုယ်​တော်​သည်​ငါ​တို့​ကို​ကယ်​တင်​တော် မူ​ပြီ​ဖြစ်​၍​ယ​ခု​အ​ခါ ငါ​တို့​သည်​ဝမ်း မြောက်​ကြည်​နူး​ရွှင်​မြူး​အား​ရ​ကြ​ပေ သည်'' ဟု​ဆို​ကြ​လိမ့်​မည်။

10 ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​တောင်​ကို​ကွယ် ကာ​စောင့်​ရှောက်​တော်​မူ​လိမ့်​မည်။ သို့​ရာ​တွင် မော​ဘ​ပြည်​သူ​တို့​မူ​ကား​နွား​ချေး​နှင့်​ရော နှော​နေ​သော​ကောက်​ရိုး​ကဲ့​သို့​နင်း​ချေ​ခြင်း ကို​ခံ​ရ​ကြ​လိမ့်​မည်။-