ဟေ​ရှာ​ယ 26:7-13 BCL

7 အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်သူ​တော်​ကောင်း​တို့​လမ်း​ကို​ဖြောင့်​စေ​တော်​မူ​ပါ​၏။သူ​တို့​သွား​ရ​သော​ခရီး​လမ်း​သည်​လည်း​ညီ​ညာ ပါ​၏။

8 ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​၏ အ​လို​တော်​အ​တိုင်း​လိုက်​၍၊ကိုယ်​တော်​ရှင်​အား​မျှော်​ကိုး​လျက်​ရှိ​ကြ​ပါ​၏။ကိုယ်​တော်​ရှင်​ကို​သာ​လျှင် တောင့်​တ​ကြ​ပါ​၏။

9 ညဥ့်​အ​ခါ​၌​ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​တသ​ပါ​၏။ကမ္ဘာ​မြေ​ကြီး​နှင့်​ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​အား ကိုယ်​တော်​ရှင်​တ​ရား​စီ​ရင်​တော်​မူ​သော​အ​ခါ၊တ​ရား​မျှ​တ​မှု​ဆို​သည်​မှာ​အ​ဘယ်​အ​ရာ ဖြစ်​သည်​ကို သူ​တို့​သိ​ရှိ​ကြ​ပါ​လိမ့်​မည်။

10 ကိုယ်​တော်​ရှင်​သည်​သူ​ယုတ်​မာ​တို့​အား သ​နား​ညှာ​တာ​တော်​မူ​သော်​လည်း၊သူ​တို့​သည်​ဖြောင့်​မှန်​ရာ​ကို​ပြု​ကျင့်​ရန် နား​မ​လည်​ကြ​ပါ။သူ​တော်​ကောင်း​တို့​နေ​ထိုင်​ရာ​ဤ​ပြည်​၌​ပင် လျှင်သူ​တို့​သည်​မ​တ​ရား​သော​အ​မှု​တို့​ကို​ပြု​လျက် ရှိ​ကြ​ပါ​၏။ကိုယ်​တော်​ရှင်​၏​အာနု​ဘော်​တော်​ကို​လည်း အ​သိ​အ​မှတ်​မ​ပြု​ကြ​ပါ။

11 ရန်​သူ​များ​သည်​မိ​မိ​တို့​အား၊ကိုယ်​တော်​ရှင်​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​မည် ကို​မ​သိ​ကြ​ပါ။အို ထာ​ဝ​ရ​ဘု​ရား​သူ​တို့​အား​အ​ရှက်​ကွဲ စေ​တော်​မူ​ပါ။ဒုက္ခ​ရောက်​စေ​တော်​မူ​ပါ။ကိုယ်​တော်​ရှင်​ပြင်​ဆင်​ထား တော်​မူ​သည့်​အ​ပြစ်​ဒဏ်​ကို​ခံ​စေ​တော်​မူ​ပါ။ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​လူ​မျိုး​တော်​အားအ​ဘယ်​မျှ​ချစ်​တော်​မူ​ကြောင်း သူ​တို့​အား​ပြ​တော်​မူ​ပါ​၏။

12 အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​ရှင်​သည်ကျွန်​တော်​မျိုး​တို့​အား​ကောင်း​စား​ခွင့် ပေး​တော်​မူ​ပါ​လိမ့်​မည်။ကျွန်​တော်​မျိုး​တို့​၏​အောင်​မြင်​မှု​မှန်​သ​မျှ သည်ကိုယ်​တော်​ရှင်​စီ​ရင်​တော်​မူ​သော​အ​မှု​များ​၏ အ​ကျိုး​ဆက်​ပင်​ဖြစ်​ပါ​၏။

13 ကျွန်​တော်​မျိုး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား၊ကျွန်​တော်​မျိုး​တို့​သည်သူ​တစ်​ပါး​တို့​အုပ်​စိုး​မှု​ကို ခံ​ရ​ကြ​ပါ​ပြီ။သို့​ရာ​တွင်​ကိုယ်​တော်​ရှင် တစ်​ပါး​တည်း​သာ​လျှင်၊ကျွန်​တော်​မျိုး​တို့​၏​အ​ရှင်​သ​ခင်​ဖြစ်​တော်​မူ​ပါ​၏။