8 ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်၏ အလိုတော်အတိုင်းလိုက်၍၊ကိုယ်တော်ရှင်အားမျှော်ကိုးလျက်ရှိကြပါ၏။ကိုယ်တော်ရှင်ကိုသာလျှင် တောင့်တကြပါ၏။
9 ညဥ့်အခါ၌ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အား စိတ်နှလုံးအကြွင်းမဲ့တသပါ၏။ကမ္ဘာမြေကြီးနှင့်ကမ္ဘာသူကမ္ဘာသားတို့အား ကိုယ်တော်ရှင်တရားစီရင်တော်မူသောအခါ၊တရားမျှတမှုဆိုသည်မှာအဘယ်အရာ ဖြစ်သည်ကို သူတို့သိရှိကြပါလိမ့်မည်။
10 ကိုယ်တော်ရှင်သည်သူယုတ်မာတို့အား သနားညှာတာတော်မူသော်လည်း၊သူတို့သည်ဖြောင့်မှန်ရာကိုပြုကျင့်ရန် နားမလည်ကြပါ။သူတော်ကောင်းတို့နေထိုင်ရာဤပြည်၌ပင် လျှင်သူတို့သည်မတရားသောအမှုတို့ကိုပြုလျက် ရှိကြပါ၏။ကိုယ်တော်ရှင်၏အာနုဘော်တော်ကိုလည်း အသိအမှတ်မပြုကြပါ။
11 ရန်သူများသည်မိမိတို့အား၊ကိုယ်တော်ရှင်အပြစ်ဒဏ်ခတ်တော်မူမည် ကိုမသိကြပါ။အို ထာဝရဘုရားသူတို့အားအရှက်ကွဲ စေတော်မူပါ။ဒုက္ခရောက်စေတော်မူပါ။ကိုယ်တော်ရှင်ပြင်ဆင်ထား တော်မူသည့်အပြစ်ဒဏ်ကိုခံစေတော်မူပါ။ကိုယ်တော်ရှင်သည်မိမိ၏လူမျိုးတော်အားအဘယ်မျှချစ်တော်မူကြောင်း သူတို့အားပြတော်မူပါ၏။
12 အို ထာဝရဘုရားကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အားကောင်းစားခွင့် ပေးတော်မူပါလိမ့်မည်။ကျွန်တော်မျိုးတို့၏အောင်မြင်မှုမှန်သမျှ သည်ကိုယ်တော်ရှင်စီရင်တော်မူသောအမှုများ၏ အကျိုးဆက်ပင်ဖြစ်ပါ၏။
13 ကျွန်တော်မျိုးတို့၏ဘုရားသခင်ထာဝရ ဘုရား၊ကျွန်တော်မျိုးတို့သည်သူတစ်ပါးတို့အုပ်စိုးမှုကို ခံရကြပါပြီ။သို့ရာတွင်ကိုယ်တော်ရှင် တစ်ပါးတည်းသာလျှင်၊ကျွန်တော်မျိုးတို့၏အရှင်သခင်ဖြစ်တော်မူပါ၏။
14 ထိုသူတို့သည်ယခုအခါကွယ်လွန်သွား ကြပါပြီ။တစ်ဖန်ပြန်၍အသက်ရှင်ကြတော့မည်မဟုတ်ပါ။ကိုယ်တော်ရှင်သည်သူတို့အားအပြစ်ဒဏ်ခတ်၍၊ သုတ်သင်ပယ်ရှင်းတော်မူလိုက်ပြီဖြစ်သဖြင့်၊သူတို့၏ဝိညာဉ်များသည်လည်းသင်္ချိုင်းထဲမှ ထကြလိမ့်မည်မဟုတ်ပါ။သူတို့အားအဘယ်သူမျှလည်း သတိမရကြတော့ပါ။