13 ထာဝရဘုရားသည်မိမိ၏အမှုကိုဖော်ပြ ရန်အသင့်ရှိတော်မူ၏။ ကိုယ်တော်သည်လူမျိုး တကာတို့ကိုတရားစီရင်ရန်အသင့်ရှိ တော်မူ၏။-
14 ထာဝရဘုရားသည်မိမိ၏လူမျိုးတော် အထဲမှ အသက်ကြီးသူများနှင့်ဦးစီး ခေါင်းဆောင်များအားတရားစီရင်တော်မူ ပေအံ့။ သူတို့အားကိုယ်တော်က``သင်တို့သည် စပျစ်ဥယျာဉ်များကိုလုယက်ကြလေပြီ။ သင်တို့၏အိမ်များသည်လည်းဆင်းရဲသူ တို့ထံမှသိမ်းယူထားသည့်ဥစ္စာပစ္စည်းများ နှင့်ပြည့်လျက်နေ၏။-
15 သူတို့တွင်ငါ၏လူမျိုးတော်အားဤသို့ နှိပ်စက်ပိုင်ခွင့်၊ ဆင်းရဲသူတို့အပေါ်၌အခွင့် ကောင်းယူပိုင်ခွင့်လည်းမရှိ။ ဤကားအနန္တ တန်ခိုးရှင်ငါထာဝရဘုရားမြွက်ဆို တော်မူသောစကားဖြစ်၏'' ဟုမိန့်တော် မူ၏။
16 ထာဝရဘုရားက``ယေရုရှလင်မြို့သူတို့ သည်အဘယ်မျှမာန်မာနကြီးလျက်နေသည် ကိုကြည့်ကြလော့။ သူတို့သည်လည်ကိုမော်၍ သွားလာတတ်ကြ၏။ အစဉ်ပင်လျှပ်ပေါ်လော် လီကာနေကြ၏။ သူတို့၏ခြေလှမ်းကလေး များသည်သာယာညင်းပျောင်းလှ၍ သူတို့၏ ခြေချင်းများသည်လည်းတချွင်ချွင်မြည် လျက်ရှိ၏။-
17 သို့ရာတွင်ငါသည်သူတို့အား ဦးပြည်း ခေါင်းတုံးရိတ်၍အပြစ်ပေးတော်မူမည်'' ဟုမိန့်တော်မူ၏။
18 ယေရုရှလင်မြို့သူတို့ဂုဏ်ယူဝါကြွားသမျှ သောအရာများကို ထာဝရဘုရားသည်သူ တို့ထံမှသိမ်းယူတော်မူမည့်အချိန်ကျရောက် လာလိမ့်မည်။ သူတို့၏ခြေချင်းများ၊ ဦးခေါင်း တန်ဆာများ၊ လည်ဆွဲများ၊-
19-20 နားဆွဲများ၊ လက်ကောက်များ၊ သူတို့၏ မျက်နှာဖုံးဇာပုဝါများ၊ ဦးထုပ်များ၊-