10 ငါသည်ထာဝရဘုရား၏အကူအညီ မပါဘဲ သင်တို့၏ပြည်ကိုတိုက်ခိုက်ဖျက် ဆီးခဲ့သည်ဟုသင်တို့ထင်မှတ်ကြပါ သလော။ သင်တို့ပြည်ကိုတိုက်ခိုက်ဖျက်ဆီး ရန်ထာဝရဘုရားကိုယ်တော်တိုင်ပင်ငါ့ အားစေခိုင်းတော်မူပါ၏'' ဟုဆို၏။
11 ထိုအခါဧလျာကိမ်၊ ရှေဗနနှင့်ယောအာ တို့သည်ထိုအရာရှိအား``အရှင်၊ အာရမိ ဘာသာစကားဖြင့်အကျွန်ုပ်တို့အားအမိန့် ရှိပါ၊ ထိုစကားကိုအကျွန်ုပ်တို့နားလည် ပါသည်။ ဟေဗြဲဘာသာစကားကိုမပြော ပါနှင့်။ မြို့ရိုးပေါ်ရှိလူအပေါင်းတို့နား ထောင်လျက်နေကြပါသည်'' ဟုပြော၏။
12 ထိုသူကဘုရင်ဧကရာဇ်သည်သင်တို့ဘုရင် အားသာလျှင် ဤစကားများကိုပြောကြား ရန် ငါ့အားစေလွှတ်တော်မူထိုက်သည်ဟုထင် မှတ်ကြပါသလော။ ငါသည်မြို့ရိုးပေါ်တွင် ထိုင်နေကြသူတို့အားလည်းပြောကြားပါ ၏။ သူတို့သည်လည်းသင်တို့နည်းတူမိမိ တို့၏မစင်ကိုပြန်၍စားပြီးလျှင် မိမိ တို့ကျင်ငယ်ရေကိုပြန်၍သောက်ရကြ လိမ့်မည်'' ဟုပြန်ပြော၏။
13 ထိုနောက်သူသည်ထ၍ဟေဗြဲဘာသာစကား ဖြင့်``သင်တို့အားအာရှုရိဧကရာဇ်ဘုရင်မိန့် တော်မူသောစကားကိုနားထောင်ကြလော့။-
14 ထိုအရှင်ကသင်တို့သည်ဟေဇကိ၏လှည့်စား မှုကိုမခံကြစေရန် သတိပေးတော်မူလိုက် ပါ၏။ ဟေဇကိသည်သင်တို့အားမကယ်နိုင်။-
15 ထာဝရဘုရားအား၊ အားကိုးရန်သူသွေး ဆောင်တိုက်တွန်းသော်လည်း သင်တို့ခွင့်မပြု ကြနှင့်။ ထာဝရဘုရားသည်သင်တို့အား ကယ်တော်မူလိမ့်မည်ဟူ၍လည်းကောင်း၊ ငါတို့အာရှုရိတပ်မတော်အား သင်တို့ ၏မြို့ကိုသိမ်းယူခွင့်ပေးတော်မူလိမ့်မည် မဟုတ်ဟူ၍လည်းကောင်း မထင်မှတ်ကြနှင့်။-
16-17 ဟေဇကိ၏စကားကိုနားမထောင်ကြနှင့်၊ မြို့ထဲမှထွက်၍လက်နက်ချကြရန် သင်တို့ အားအာရှုရိဘုရင်ဧကရာဇ်အမိန့်တော် ရှိ၏။ သင်တို့အားဘုရင်ဧကရာဇ်သည်သင် တို့ပြည်နှင့်တူသည့်ပြည်၊ ဂျုံဆန်နှင့်စပျစ်ရည် သစ်၊ ပြောင်းနှင့်စပျစ်ဥယျာဉ်ပေါများသည့် ပြည်သို့မပို့ဆောင်မီအတောအတွင်း၌ မိမိတို့၏စပျစ်ပင်များနှင့်သင်္ဘောသဖန်း ပင်များမှအသီးများကိုစားစေ၍ မိမိ တို့ရေတွင်းများမှရေကိုလည်းသောက် သုံးခွင့်ပြုတော်မူလိမ့်မည်။-