ဟေ​ရှာ​ယ 36:15-22 BCL

15 ထာ​ဝ​ရ​ဘု​ရား​အား၊ အား​ကိုး​ရန်​သူ​သွေး ဆောင်​တိုက်​တွန်း​သော်​လည်း သင်​တို့​ခွင့်​မ​ပြု ကြ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား ကယ်​တော်​မူ​လိမ့်​မည်​ဟူ​၍​လည်း​ကောင်း၊ ငါ​တို့​အာ​ရှု​ရိ​တပ်​မ​တော်​အား သင်​တို့ ၏​မြို့​ကို​သိမ်း​ယူ​ခွင့်​ပေး​တော်​မူ​လိမ့်​မည် မ​ဟုတ်​ဟူ​၍​လည်း​ကောင်း မ​ထင်​မှတ်​ကြ​နှင့်။-

16-17 ဟေ​ဇကိ​၏​စ​ကား​ကို​နား​မ​ထောင်​ကြ​နှင့်၊ မြို့​ထဲ​မှ​ထွက်​၍​လက်​နက်​ချ​ကြ​ရန် သင်​တို့ အား​အာ​ရှု​ရိ​ဘု​ရင်​ဧ​က​ရာဇ်​အ​မိန့်​တော် ရှိ​၏။ သင်​တို့​အား​ဘု​ရင်​ဧ​က​ရာဇ်​သည်​သင် တို့​ပြည်​နှင့်​တူ​သည့်​ပြည်၊ ဂျုံ​ဆန်​နှင့်​စ​ပျစ်​ရည် သစ်၊ ပြောင်း​နှင့်​စ​ပျစ်​ဥ​ယျာဉ်​ပေါ​များ​သည့် ပြည်​သို့​မ​ပို့​ဆောင်​မီ​အ​တော​အ​တွင်း​၌ မိ​မိ​တို့​၏​စ​ပျစ်​ပင်​များ​နှင့်​သင်္ဘော​သ​ဖန်း ပင်​များ​မှ​အ​သီး​များ​ကို​စား​စေ​၍ မိ​မိ တို့​ရေ​တွင်း​များ​မှ​ရေ​ကို​လည်း​သောက် သုံး​ခွင့်​ပြု​တော်​မူ​လိမ့်​မည်။-

18 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ကို​ကယ်​ဆယ် တော်​မူ​နိုင်​သည်​ဟု သင်​တို့​ထင်​မှတ်​ကြ​စေ ရန် ဟေ​ဇ​ကိ​လှည့်​စား​သည်​ကို​နား​မ​ထောင် ကြ​နှင့်။ အ​ခြား​အ​မျိုး​သား​တို့​၏​ဘု​ရား များ​သည် သူ​တို့​၏​ပြည်​ကို​အာ​ရှု​ရိ​ဧ​က​ရာဇ် ဘု​ရင်​၏​လက်​မှ​ကယ်​ဆယ်​ခဲ့​ကြ​ပါ​သ​လော။-

19 ဟာ​မတ်​ပြည်​နှင့်​အာ​ပဒ်​ပြည်​တို့​၏​ဘု​ရား များ​သည် ယ​ခု​အ​ဘယ်​မှာ​ရှိ​ပါ​သ​နည်း။ သေ​ဖ​ရ​ဝိမ်​ပြည်​၏​ဘု​ရား​တို့​သည်​ယ​ခု အ​ဘယ်​မှာ​ရှိ​ပါ​သ​နည်း။ အ​ဘယ်​ဘု​ရား က​ရှ​မာ​ရိ​ပြည်​ကို​ကယ်​ဆယ်​ခဲ့​ကြ​ပါ သ​နည်း။-

20 ထို​တိုင်း​ပြည်​အ​ပေါင်း​တို့​၏​ဘု​ရား​များ အ​နက်​မှ​အ​ဘယ်​မည်​သော​ဘု​ရား​သည် မိ​မိ ၏​ပြည်​သို့​ငါ​တို့​ဘု​ရင်​ဧ​က​ရာဇ်​၏​လက် မှ​အ​ဘယ်​အ​ခါ​မှ​ကယ်​ခဲ့​ဖူး​ပါ​သ​နည်း။ ယင်း​သို့​ဖြစ်​ပါ​မူ​ထာ​ဝ​ရ​ဘု​ရား​သည် လည်း ယေ​ရု​ရှ​လင်​မြို့​ကို​ကယ်​တော်​မူ​နိုင် သည်​ဟု​သင်​တို့​အ​ဘယ်​ကြောင့်​ထင်​မှတ် ကြ​ပါ​သ​နည်း'' ဟု​ဆို​၏။

21 ထို​အ​ခါ​လူ​တို့​သည်​ဟေ​ဇကိ​မှာ​ကြား လိုက်​သည်​အ​တိုင်း​ဆိတ်​ဆိတ်​နေ​ကြ​၏။ စ​ကား​တစ်​ခွန်း​ကို​မျှ​ပြန်​၍​မ​ပြော​ကြ။-

22 ထို​နောက်​ဧ​လျာ​ကိမ်၊ ရှေ​ဗ​န​နှင့်​ယော​အာ တို့​သည် ဝမ်း​နည်း​ပူ​ဆွေး​လျက်​မိ​မိ​တို့​အ​ဝတ် များ​ကို​ဆုတ်​ဖြဲ​ကာ အာ​ရှု​ရိ​အ​ရာ​ရှိ​၏ စ​ကား​များ​ကို​မင်း​ကြီး​ထံ​သွား​ရောက် လျှောက်​ထား​ကြ​၏။