ဟေ​ရှာ​ယ 36:5-11 BCL

5 စစ်​အင်​အား​စွမ်း​ရည်​ကို​စ​ကား​လုံး​ဖြင့် အ​စား​ထိုး​နိုင်​လိမ့်​မည်​ဟု​သင်​တို့​ထင် မှတ်​ကြ​ပါ​သ​လော။ ငါ့​ကို​ပုန်​ကန်​ရန် သင်​တို့​အား​အ​ဘယ်​သူ​ကူ​ညီ​လိမ့်​မည် ဟု​ထင်​မှတ်​ကြ​ပါ​သ​နည်း။-

6 သင်​တို့​သည်​အီ​ဂျစ်​ပြည်​၏​အ​ကူ​အ​ညီ​ကို စောင့်​စား​လျက်​နေ​ကြ​၏။ သို့​ရာ​တွင်​ထို​ပြည် ကို​အား​ကိုး​ခြင်း​သည်​ကျိုး​၍​လက်​စူး​တတ် သည့်​ကူ​ရိုး​ကို​တောင်​ဝှေး​အ​ဖြစ်​အ​သုံး​ပြု သည်​နှင့်​တူ​၏။ အီ​ဂျစ်​ဘု​ရင်​ကား​မိ​မိ​တို့ မှီ​ခို​အား​ကိုး​သူ​ရှိ​လာ​ချိန်​၌​ကူ​ရိုး​နှင့် သာ​တူ​သ​တည်း'' ဟု​ပြော​၏။

7 ထို့​နောက်​သူ​သည်​ဆက်​လက်​၍``သင်​တို့​က`ငါ တို့​သည် မိ​မိ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို အား​ကိုး​ပါ​သည်' ဟု​ငါ့​အား ပြော​ဆို​ကြ​ပါ​မည်​လော။ ဟေ​ဇ​ကိ​သည် ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ရာ​ဌာ​န​များ နှင့် ယဇ်​ပလ္လင်​များ​ကို​ဖြို​ဖျက်​ပစ်​ပြီး​နောက် ယု​ဒ​ပြည်​သူ​များ​နှင့်​ယေ​ရု​ရှ​လင်​မြို့ သား​တို့​အား ယေ​ရု​ရှ​လင်​မြို့​ရှိ​ယဇ်​ပလ္လင် ၌​သာ​လျှင် ဝတ်​ပြု​ကိုး​ကွယ်​ကြ​စေ​ရန် မှာ​ကြား​ခဲ့​ပေ​သည်။-

8 ငါ​သည်​ဘု​ရင်​ဧ​က​ရာဇ်​၏​နာ​မ​တော်​ကို တိုင်​တည်​၍ သင်​တို့​နှင့်​အ​လောင်း​အ​စား​ပြု မည်။ သင်​တို့​သည်​မြင်း​စီး​သူ​ရဲ​နှစ်​ထောင်​ရ ရှိ​အောင်​ရှာ​နိုင်​မည်​ဆို​လျှင် သင်​တို့​အား မြင်း​ကောင်​ရေ​နှစ်​ထောင်​ကို​ငါ​ပေး​မည်။-

9 သင်​တို့​သည်​ရာ​ထူး​အ​နိမ့်​ဆုံး​အာ​ရှု​ရိ​တပ် မှူး​က​လေး​ကို​ပင်​လျှင်​ယှဉ်​ပြိုင်​နိုင်​စွမ်း​မ​ရှိ ကြ။ သို့​ပါ​လျက်​အီ​ဂျစ်​အ​မျိုး​သား​တို့​ထံ မှ​စစ်​ရ​ထား​နှင့်​မြင်း​စီး​သူ​ရဲ​အ​ကူ​အ​ညီ များ​ကို​စောင့်​မျှော်​ကြ​ပါ​သည်​တ​ကား။-

10 ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​ကူ​အ​ညီ မ​ပါ​ဘဲ သင်​တို့​၏​ပြည်​ကို​တိုက်​ခိုက်​ဖျက် ဆီး​ခဲ့​သည်​ဟု​သင်​တို့​ထင်​မှတ်​ကြ​ပါ သ​လော။ သင်​တို့​ပြည်​ကို​တိုက်​ခိုက်​ဖျက်​ဆီး ရန်​ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင်​ပင်​ငါ့ အား​စေ​ခိုင်း​တော်​မူ​ပါ​၏'' ဟု​ဆို​၏။

11 ထို​အ​ခါ​ဧ​လျာ​ကိမ်၊ ရှေ​ဗ​န​နှင့်​ယော​အာ တို့​သည်​ထို​အ​ရာ​ရှိ​အား``အ​ရှင်၊ အာ​ရ​မိ ဘာ​သာ​စ​ကား​ဖြင့်​အ​ကျွန်ုပ်​တို့​အား​အ​မိန့် ရှိ​ပါ၊ ထို​စ​ကား​ကို​အ​ကျွန်ုပ်​တို့​နား​လည် ပါ​သည်။ ဟေ​ဗြဲ​ဘာ​သာ​စကား​ကို​မ​ပြော ပါ​နှင့်။ မြို့​ရိုး​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့​နား ထောင်​လျက်​နေ​ကြ​ပါ​သည်'' ဟု​ပြော​၏။