14 ဟေဇကိမင်းသည်ထိုသဝဏ်လွှာကိုသံ တမန်များထံမှယူ၍ဖတ်ပြီးလျှင် ဗိမာန် တော်သို့သွား၍ ထာဝရဘုရား၏ရှေ့တော် တွင်ချထား၏။-
15-16 ထိုနောက်``ခမ်းနားတင့်တယ်သည့်ပလ္လင်ပေါ်တွင် စံတော်မူသော အို ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော် ရှင်တစ်ပါးတည်းသာလျှင် ကမ္ဘာနိုင်ငံအရပ် ရပ်ကိုအစိုးရသောဘုရားဖြစ်တော်မူပါ ၏။ ကိုယ်တော်ရှင်သည်ကမ္ဘာမိုးမြေကိုဖန် ဆင်းတော်မူပါ၏။-
17 အို ထာဝရဘုရား၊ ယခုကျွန်တော်မျိုးတို့ ၏လျှောက်ထားချက်ကိုနားထောင်တော်မူ၍ ကျွန်တော်မျိုးတို့အားကြည့်တော်မူပါ။ အသက်ရှင်တော်မူသောဘုရားတည်းဟူ သောကိုယ်တော်ရှင်အား သနာခရိပ်စော် ကားပြောဆိုသောစကားမှန်သမျှကို နားထောင်တော်မူပါ။-
18 အို ထာဝရဘုရား၊ အာရှုရိဧကရာဇ်မင်း များသည်လူမျိုးတကာတို့ကိုပျက်ပြုန်း စေ၍ သူတို့၏ပြည်များကိုလူသူဆိတ် ငြိမ်ရာဖြစ်စေလျက်-
19 သူတို့၏ဘုရားများကိုလည်းမီးရှို့ပစ် ကြသည်ကို ကျွန်တော်မျိုးတို့သိကြပါ၏။ ထိုဘုရားတို့သည်ဘုရားအစစ်မဟုတ်။ လူ့လက်ဖြင့်လုပ်သည့်သစ်သားရုပ်၊ ကျောက် ရုပ်များသာဖြစ်ပါ၏။-
20 အို ကျွန်တော်မျိုးတို့၏ဘုရားသခင်ထာ ဝရဘုရား၊ ယခုပင်ကျွန်တော်မျိုးတို့အား အာရှုရိအမျိုးသားတို့၏လက်မှကယ်တော် မူပါ။ သို့မှသာလျှင်ကိုယ်တော်ရှင်တစ်ပါး တည်းသာလျှင် ဘုရားသခင်ဖြစ်တော်မူကြောင်း ကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့သိရှိကြပါ လိမ့်မည်'' ဟုဆုတောင်းပတ္ထနာပြုတော်မူ၏။
21 ထိုနောက်ထာဝရဘုရားသည်မင်းကြီး၏ ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူပြီ ဖြစ်ကြောင်း ဟေရှာယသည်ဟေဇကိမင်း ထံသို့ပေးပို့ရာတွင်-