ဟေ​ရှာ​ယ 38:4-10 BCL

4 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​ဟေ​ရှာ​ယ အား၊-

5 ဟေ​ဇ​ကိ​ထံ​သို့​ပြန်​လည်​စေ​လွှတ်​တော်​မူ ကာ``သင်​၏​ဘိုး​တော်​ဒါ​ဝိဒ်​၏​ဘု​ရား​သ​ခင်၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​၏​ဆု​တောင်း ပတ္ထ​နာ​ကို​ကြား​တော်​မူ​၍ သင်​၏​မျက်​ရည် များ​ကို​မြင်​တော်​မူ​ပြီ။ ငါ​သည်​သင့်​အား နောက်​ထပ်​တစ်​ဆယ့်​ငါး​နှစ်​အ​သက်​ရှင်​စေ မည်။-

6 ငါ​သည်​သင်​နှင့်​ဤ​ယေ​ရု​ရှ​လင်​မြို့​ကို အာ​ရှု​ရိ​ဧ​က​ရာဇ်​၏​လက်​မှ​ကယ်​ဆယ်​မည်။ ဤ​မြို့​ကို​ဆက်​လက်​၍​ကာ​ကွယ်​စောင့်​ရှောက် မည်​ဟု​ဟေ​ဇ​ကိ​မင်း​အား​ပြော​ကြား​လော့'' ဟု​မိန့်​တော်​မူ​၏။

7 ဟေ​ရှာ​ယ​က``ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏ က​တိ​တော်​အ​တိုင်း​ပြု​တော်​မူ​မည်​ဖြစ်​ကြောင်း အ​ရှင်​သိ​ရှိ​စေ​ရန်​နိ​မိတ်​လက္ခ​ဏာ​တစ်​ခု ကို​ပြ​တော်​မူ​ပါ​လိမ့်​မည်။-

8 ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ခပ်​မင်း​စိုက်​ထူ ထား​သည့်​နေ​နာ​ရီ​တွင် အ​ရိပ်​ကို​နောက်​သို့ ဆယ်​ဒီ​ဂ​ရီ​ဆုတ်​စေ​တော်​မူ​ပါ​လိမ့်​မည်'' ဟု​ပြန်​လည်​လျှောက်​ထား​၏။ ဆို​သည့်​အ​တိုင်း အ​ရိပ်​သည်​ဆယ်​ဒီ​ဂ​ရီ​ဆုတ်​လေ​၏။

9 ဟေ​ဇ​ကိ​သည် ပြန်​လည်​ကျန်း​မာ​လာ​ပြီး နောက် အောက်​ပါ​ချီး​မွမ်း​သီ​ချင်း​ကို​ရေး​စပ် စီ​ကုံး​တော်​မူ​၏။

10 ငါ​သည်​သက်​တမ်း​စေ့​နေ​ရ​တော့​မည်​မ​ဟုတ်။အ​ရွယ်​ကောင်း​ချိန်​၌​ပင်​မ​ရ​ဏ​နိုင်​ငံ​သို့ သွား​ရ​တော့​မည်​ဟု​ငါ​ထင်​မှတ်​ခဲ့​ပါ​၏။