ဟေ​ရှာ​ယ 39:5-8 BCL

5 ထို​အ​ခါ​ဟေ​ရှာ​ယ​သည်​မင်း​ကြီး​အား၊ ``အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သည်​ကို​ကြား​နာ​လော့၊-

6 အ​ရှင့်​နန်း​တော်​တွင်​ရှိ​သ​မျှ​သော​အ​ရာ​တို့ ကို​လည်း​ကောင်း၊ ယ​နေ့​တိုင်​အောင်​အ​ရှင့်​ဘိုး ဘေး​တို့​စု​ဆောင်း​ထား​ရှိ​ခဲ့​သည့်​ပစ္စည်း​ဥစ္စာ မှန်​သ​မျှ​ကို​လည်း​ကောင်း ဗာ​ဗု​လုန်​ပြည်​သို့ ဆောင်​ယူ​သွား​ရာ​နေ့​ရက်​ကာ​လ​ရောက်​ရှိ လာ​လိမ့်​မည်။ အ​ဘယ်​အ​ရာ​တစ်​စုံ​တစ်​ခု မျှ​ကျန်​ရစ်​လိမ့်​မည်​မ​ဟုတ်။-

7 အ​ရှင့်​သား​မြေး​အ​ရင်း​အ​ချာ​အ​ချို့​တို့ သည်​လည်း​အ​ဖမ်း​ခံ​ရ​လျက် ဗာ​ဗု​လုန်​ဘု​ရင် ၏​နန်း​တော်​တွင်​မိန်း​မ​စိုး​များ​အ​ဖြစ်​ဖြင့် အ​မှု​ထမ်း​ရ​ကြ​လိမ့်​မည်'' ဟု​လျှောက်​လေ သည်။

8 ဤ​လျှောက်​ထား​ချက်​ကို​ဟေ​ဇ​ကိ​မင်း​သည် မိ​မိ​၏​လက်​ထက်​၌​ငြိမ်း​ချမ်း​မှု​နှင့်​ဘေး​မဲ့ လုံ​ခြုံ​မှု​ရှိ​လိမ့်​မည်​ဟု အ​နက်​အ​ဋ္ဌိပ္ပါယ် ကောက်​ယူ​လျက်``ငါ့​အား​သင်​ဖော်​ပြ​သည့် ထာ​ဝ​ရ​ဘု​ရား​ထံ​မှ​သ​တင်း​တော်​သည် ကောင်း​ပေ​၏'' ဟု​ဆို​၏။