ဟေ​ရှာ​ယ 43:7-13 BCL

7 သူ​တို့​သည်​ငါ​ပိုင်​သည့်​လူ​မျိုး​တော် ငါ​၏​ဘုန်း​အ​သ​ရေ​ကို​ဆောင်​ရန်ငါ​ဖန်​ဆင်း​ထား​သူ​များ​ဖြစ်​ပေ​သည်'' ဟု မိန့်​တော်​မူ​၏။

8 ဘု​ရား​သ​ခင်​က``ငါ​၏​လူ​မျိုး​တော်​ကို​တ​ရား​ရုံး​တော်​သို့ ဆင့်​ခေါ်​ကြ​လော့။သူ​တို့​သည်​မျက်​စိ​ရှိ​လျက်​နှင့်​မ​မြင်​ကြ။ နား​ရှိ​လျက်​နှင့်​မ​ကြား​ကြ​ပါ​တ​ကား။

9 လူ​မျိုး​တ​ကာ​တို့​အား​တ​ရား​စီ​ရင်​ရာ​သို့ ဆင့်​ခေါ်​ကြ​လော့။သူ​တို့​၏​အ​ဘယ်​မည်​သော​ဘု​ရား​တို့​သည် အ​နာ​ဂတ်​ဟော​စ​တမ်း​ကို​ထုတ်​နိုင်​ပါ​သ​နည်း။အ​ဘယ်​မည်​သော​ဘု​ရား​တို့​သည်​ယ​ခု​ဖြစ် ပျက်​ဆဲ အ​မှု​အ​ရာ​များ​ကို​ကြို​တင်​ဟော​ကြား​ခဲ့​ပါ သ​နည်း။ထို​ဘု​ရား​တို့​သည်​မိ​မိ​တို့​မှန်​ကန်​၍​နေ ကြောင်း အ​ထောက်​အ​ထား​ပြ​နိုင်​ရန်​နှင့်မိ​မိ​တို့​ပြော​ဆို​ခဲ့​သည့်​အ​တိုင်း​ဟုတ်​မှန်​၍ နေ​ပုံ​ကို အ​ကိုး​အ​ကား​ပြ​နိုင်​ရန်၊အ​သိ​သက်​သေ​များ​ကို​ခေါ်​ဆောင်​ခဲ့​ကြ​ပါ​စေ။

10 ``အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​သည် ငါ​၏​အ​သိ​သက်​သေ​များ​တည်း။သင်​တို့​ငါ့​အား​သိ​ကျွမ်း​ယုံ​ကြည် ကြ​စေ​ရန်​လည်း​ကောင်း၊ငါ​သည်​တစ်​ဆူ​တည်း​သော​ဘု​ရား​ဖြစ်​ကြောင်း သိ​ရှိ​နား​လည်​ကြ​စေ​ရန်​လည်း​ကောင်း၊ငါ​သည်​သင်​တို့​အား​ငါ​၏​အ​စေ​ခံ​လူ​မျိုး အ​ဖြစ် ရွေး​ချယ်​ခဲ့​ပေ​သည်။ငါ​မှ​တစ်​ပါး​အ​ခြား​ဘု​ရား​မ​ရှိ။အ​ဘယ်​အ​ခါ​က​မျှ​မ​ရှိ​ခဲ့။ နောင်​ကို​လည်း ရှိ​လိမ့်​မည်​မ​ဟုတ်။

11 ``ငါ​တစ်​ပါး​တည်း​သာ​လျှင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၏။ငါ​တစ်​ပါး​တည်း​သာ​လျှင်​သင်​တို့​အား ကယ်​တင်​တော်​မူ​နိုင်​၏။

12 ငါ​သည်​ဖြစ်​ပျက်​မည့်​အ​မှု​အ​ရာ​ကို​ကြို​တင် ဖော်​ပြ​၍၊သင်​တို့​အား​ကူ​မ​ရန်​ကြွ​လာ​ခဲ့​ပေ သည်။အ​ဘယ်​မည်​သော​လူ​မျိုး​ခြား​တို့​၏​ဘု​ရား​မျှ ဤ​သို့​ပြု​ခဲ့​ဖူး​သည်​မ​ရှိ။သင်​တို့​သည်​ငါ​၏​အ​သိ​သက်​သေ​များ ဖြစ်​ကြ​၏။

13 ငါ​သည်​ဘု​ရား​သ​ခင်​ဖြစ်​၏။နောင်​ကို​လည်း​အ​စဉ်​အ​မြဲ​ဤ​သို့​ဖြစ်​၍​နေ မည်​သာ၊ငါ​၏​တန်​ခိုး​တော်​ကို​အ​ဘယ်​သူ​မျှ​လု​ယူ နိုင်​လိမ့်​မည်​မ​ဟုတ်၊ငါ​ပြု​သော​အ​မှု​ကို​အ​ဘယ်​သူ​မျှ​မ​ပြင် နိုင်​ရာ'' ဟု​မိန့်​တော်​မူ​၏။