ဟေ​ရှာ​ယ 51:16-22 BCL

16 ငါ​သည်​မိုး​ကောင်း​ကင်​ကို​ဖြန့်​ကြက်​၍ ကမ္ဘာ​မြေ​ကြီး​ကို​အုတ်​မြစ်​ချ​၏။ဇိ​အုန်​မြို့​သူ​မြို့​သား​တို့​အား`သင်​တို့​သည် ငါ​၏​လူ​မျိုး​တော်​ဖြစ်​၏။ငါ​သည်​မိ​မိ​၏​တ​ရား​တော်​ကို​သင်​တို့​အား ပေး​အပ်​၍ လက်​တော်​ဖြင့်သင်​တို့​ကို​ကာ​ကွယ်​စောင့်​ရှောက်​၏' ဟု ငါ​မြွက်​ဆို​ပြီ'' ဟူ​၍​မိန့်​တော်​မူ​၏။

17 အို ယေ​ရု​ရှ​လင်​မြို့၊နိုး​ထ​လော့။ မိ​မိ​ကိုယ်​ကို​နှိုး​၍​ထ​ပါ​လော့။ထာ​ဝ​ရ​ဘု​ရား​အ​မျက်​တော်​ထွက်​သ​ဖြင့်သင့်​အား​ပေး​တော်​မူ​သော၊ခွက်​ဖ​လား​မှ​အ​ပြစ် ဒဏ် စ​ပျစ်​ရည်​ကို​သင်​သည်​သောက်​သုံး​ခဲ့​လေ​ပြီ။ယင်း​ကို​သောက်​သုံး​သ​ဖြင့်​ယိမ်း​ယိုင်​လျက်​နေ​ခဲ့​၏။

18 သင့်​ကို​လမ်း​ပြ​ခေါ်​ဆောင်​ပေး​မည့်​သူ တစ်​ဦး​တစ်​ယောက်​မျှ​မ​ရှိ။သင့်​အ​မျိုး​သား​များ​ထဲ​မှ​သင့်​ကို​လက်​ဆွဲ ခေါ်​ယူ​ပေး​မည့်​သူ​တစ်​ဦး​တစ်​ယောက်​မျှ​မ​ရှိ။

19 သင်​သည်​ဘေး​အန္တရာယ်​နှစ်​ဆ​ကြုံ​တွေ့​ရ​လေ​ပြီ။သင်​၏​ပြည်​သည်​စစ်​ဒဏ်​ကြောင့်​ပျက်​ပြုန်း​သွား လေ​ပြီ။သင့်​မြို့​သူ​မြို့​သား​တို့​သည်​လည်း​အ​စာ​ရေ​စာ ငတ်​မွတ်​ကြ​လေ​ပြီ။သင့်​အား​ကိုယ်​ချင်း​စာ​တ​ရား​ထား​ရှိ​မည့်​သူ တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ။

20 အား​အင်​ချည့်​နဲ့​မှု​ကြောင့်​သင်​၏​လူ​တို့​သည်၊ လမ်း​ဆုံ​လမ်း​ခွ​တိုင်း​တွင်​လဲ​ကျ​ကြ​၏။သူ​တို့​သည်​မု​ဆိုး​၏​ပိုက်​ကွန်​တွင်​ဖမ်း​မိ​သည့် သ​မင်​ကဲ့​သို့​ဖြစ်​လိမ့်​မည်။သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​အ​မျက်​တော် အ​ရှိန်​ကို​ခံ​ကြ​လေ​ပြီ။

21 ဒုက္ခ​ရောက်​လျက်​နေ​သော​အ​ချင်း​ယေ​ရု​ရှ​လင် မြို့​သူ​မြို့​သား​တို့၊သေ​သောက်​ကြူး​သ​ဖွယ် ယိမ်း​ယိုင်​လျက်​နေ​ကြ​သူ​တို့၊

22 သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်၊သင် တို့​အား ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​၍၊``ငါ​သည်​အ​မျက်​ထွက်​သ​ဖြင့်​သင်​တို့​အား ပေး​အပ်​ခဲ့​သည့်​ခွက်​ဖ​လား​ကိုသင်​တို့​လက်​မှ​ပြန်​လည်​ရုပ်​သိမ်း​တော်​မူ​မည်။သင်​တို့​အား​ယိမ်း​ယိုင်​မူး​ဝေ​စေ​သည့်​စ​ပျစ်​ရည်​ကို သင်​တို့​သောက်​ရ​ကြ​တော့​မည်​မ​ဟုတ်။