ဟေ​ရှာ​ယ 52:1-5 BCL

1 ဇိ​အုန်​မြို့၊သင်​သည်​တစ်​ဖန်​ပြန်​လည်​ကြံ့​ခိုင် ခမ်း​နား​ကြီး​ကျယ်​၍​လာ​လော့။အို ဘု​ရား​သ​ခင်​၏​သန့်​ရှင်း​မြင့်​မြတ်​သည့်​မြို့​တော်၊ သင်​၏​ကိုယ်​ကို​ဘုန်း​အ​သ​ရေ​နှင့်​လွှမ်း​ခြုံ​ပါ​လော့။တိုင်း​တစ်​ပါး​သား​တို့​သည်နောက်​တစ်​ဖန်​အ​ဘယ်​အ​ခါ​၌​မျှ​သင်​၏ တံ​ခါး​ထဲ​၌​ဝင်​ရ​ကြ​တော့​မည်​မ​ဟုတ်။

2 အို ယေ​ရု​ရှ​လင်​မြို့၊သင်​၏​ကိုယ်​ကို​ရုန်း​ခါ​၍ လွတ်​မြောက်​အောင်​ပြု​လော့။မြေ​မှုန့်​ထဲ​မှ​ထ​၍​သင်​၏​ပလ္လင်​ပေါ်​တွင်​ထိုင်​လော့။အို သုံ့​ပန်း​ဇိ​အုန်​မြို့​သူ​မြို့​သား​တို့၊သင်​တို့​အား ချည်​နှောင်​ထား​သည့်​သံ​ကြိုး​များ​ကို​ဖြေ​ကြ​လော့။

3 ထာ​ဝ​ရ​ဘု​ရား​က​မိ​မိ​၏​လူ​မျိုး​တော်​အား``သင် တို့​သည်​ငွေ​ဖြင့်​ရောင်း​ချ​မှု​ကို​မ​ခံ​ရ​သော်​လည်း ကျွန်​ဘဝ​သို့​ရောက်​ရှိ​သွား​ကြ​၏။ ထို့​ကြောင့်​သင် တို့​အား​ရွေး​နုတ်​ရာ​တွင်​လည်း​အ​ဖိုး​ငွေ​ပေး​ရ လိမ့်​မည်​မ​ဟုတ်။ သင်​တို့​သည်​အ​ခ​မဲ့​လွတ်​လပ် ခွင့်​ကို​ရ​ရှိ​ကြ​လိမ့်​မည်။-

4 ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က အ​ခါ​တစ်​ပါး က​သင်​တို့​သည်​အီ​ဂျစ်​ပြည်​တွင် လူ​မျိုး​ခြား များ​အ​ဖြစ်​ဖြင့်​နေ​ထိုင်​ခဲ့​ရကြ​၏။ ထို​နောက် အာ​ရှု​ရိ​အ​မျိုး​သား​တို့​သည်​သင်​တို့​အား အ​ကြောင်း​မဲ့​နှိပ်​စက်​ညှဉ်း​ဆဲ​ကြ​၏။-

5 ထာ​ဝ​ရ​ဘု​ရား​က​ယ​ခု​အ​ခါ​ဗာ​ဗု​လုန်​ပြည် တွင်​လည်း ဤ​အ​တိုင်း​ပင်​ဖြစ်​ပြန်​လေ​ပြီ။ သင် တို့​သည်​ထို​ပြည်​တွင်​အ​ကြောင်း​မဲ့​သုံ့​ပန်း​များ ဖြစ်​လျက်​နေ​ကြ​ရ​၏။ သင်​တို့​ကို​အုပ်​စိုး​သူ များ​သည်​ပြောင်​လှောင်​ကာ ငါ့​နာ​မ​တော်​ကို အ​စဉ်​ပင်​မ​ထီ​မဲ့​မြင်​ပြု​ကြ​၏​ဟု​မိန့်​တော် မူ​သည်။-