ဟေ​ရှာ​ယ 65:22-25 BCL

22 စ​ပျစ်​ရည်​ကို​လည်း​အ​ခြား​သူ​များ​သောက် ရ​ကြ​မည်​မ​ဟုတ်။ သစ်​ပင်​များ​သ​ဖွယ်​ငါ ၏​လူ​မျိုး​တော်​သည်​အ​သက်​ရှည်​ကြ​လိမ့် မည်။ သူ​တို့​သည်​မိ​မိ​တို့​လုပ်​အား​၏​အ​ကျိုး ကျေး​ဇူး​ကို​အ​ပြည့်​အ​ဝ​ခံ​စား​ရ​ကြ လိမ့်​မည်။-

23 သူ​တို့​ဆောင်​ရွက်​သည့်​အ​လုပ်​သည်​အောင်​မြင် ၍​သူ​တို့​၏​သား​သ​မီး​များ​သည်​ဘေး​အန္တ ရာယ်​ရောက်​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။ ငါ​သည် သူ​တို့​နှင့်​သူ​တို့​သား​မြေး​များ​အား​လာ လတ္တံ့​ကာ​လ​အ​စဉ်​အ​ဆက်​ကောင်း​ချီး​ပေး မည်။-

24 သူ​တို့​ပြု​သည့်​ဆု​တောင်း​ပတ္ထ​နာ​မ​ပြီး​မ​ဆုံး မီ​၌​ပင်​လျှင် ငါ​သည်​သူ​တို့​၏​ပန်​ကြား​ချက် ကို​နား​ညောင်း​မည်။-

25 ဝံ​ပု​လွေ​နှင့်​သိုး​တို့​သည်​အ​တူ​အ​စာ​စား လျက် ခြင်္သေ့​တို့​သည်​ကျွဲ​နွား​များ​ကဲ့​သို့​မြက် ကို​စား​ကြ​လိမ့်​မည်။ မြွေ​များ​သည်​မြေ​မှုန့်​ကို သာ​စား​ကြ​လိမ့်​မည်။ ငါ​၏​သန့်​ရှင်း​မြင့်​မြတ် သည့်​ဇိ​အုန်​တောင်​တော်​ပေါ်​တွင် ဘေး​အန္တ​ရာယ် ဖြစ်​စေ​တတ်​သည့်​အ​ရာ​နှင့်​ဆိုး​ညစ်​သည့် အ​ရာ​ရှိ​ရ​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော် မူ​၏။