ရှင်​မဿဲ​ခ​ရစ်​ဝင် 2:1-5 MSB

1 ဟေ​ရုဒ်​မင်း​ကြီး​လက်​ထက်​တွင် ယု​ဒ​ပြည်၊ ဗက်​လင်​မြို့​၌ ယေ​ရှု​ဖွား​မြင်​ခြင်း​ကို​ခံ​တော်​မူ​ပြီး​နောက် အ​ရှေ့​ပြည်​မှ နက္ခတ်​ပ​ညာ​ရှင်​တို့​သည် ဂျေ​ရု​ဆ​လင်​မြို့​သို့ ရောက်​လာ​ကြ​၍

2 “ဖွား​မြင်​တော်​မူ​သော ဂျူး​လူ​မျိုး​တို့​၏​ဘု​ရင်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။ အ​ရှေ့​ပြည်​၌ သူ​၏​ကြယ်​ကို အ​ကျွန်ုပ်​တို့​မြင်​ခဲ့​ရ​သ​ဖြင့် သူ့​ကို​ရှိ​ခိုး​ရန် လာ​ကြ​ပါ​၏”​ဟု မေး​မြန်း​ပြော​ဆို​ကြ​၏။

3 ထို​စ​ကား​ကို​ကြား​လျှင် ဟေ​ရုဒ်​မင်း​ကြီး​သည် တုန်​လှုပ်​ချောက်​ချား​လေ​၏။ ဂျေ​ရု​ဆ​လင်​တစ်​မြို့​လုံး​သည်​လည်း မင်း​ကြီး​နှင့်​အ​တူ တုန်​လှုပ်​ချောက်​ချား​ကြ​၏။

4 ထို​အ​ခါ မင်း​ကြီး​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့် လူ​ထု​ထဲ​မှ​ကျမ်း​ပြု​ဆ​ရာ​အ​ပေါင်း​တို့​ကို​စု​ဝေး​စေ​၍ ခ​ရစ်​တော်​သည် မည်​သည့်​အ​ရပ်​၌​ဖွား​မြင်​မည်​ကို သူ​တို့​အား မေး​မြန်း​လေ​၏။

5 သူ​တို့​က​လည်း “ယု​ဒ​ပြည်၊ ဗက်​လင်​မြို့​၌​ဖြစ်​ပါ​သည်။ အ​ဘယ်​ကြောင့်​ဆို​သော်