ရှင်​မဿဲ​ခ​ရစ်​ဝင် 13 MSB

မျိုး​ကြဲ​သော​သူ​၏​ပုံ​ဥ​ပ​မာ

1 ထို​နေ့​၌​ပင် ယေ​ရှု​သည် အိမ်​မှ​ထွက်​၍ ပင်​လယ်​ကမ်း​နား​တွင် ထိုင်​တော်​မူ​လျှင်

2 များ​စွာ​သော​လူ​ထု​ပ​ရိ​သတ်​တို့​သည် အ​ထံ​တော်​သို့​စု​ဝေး​လာ​ကြ​သ​ဖြင့် ကိုယ်​တော်​သည် လှေ​ပေါ်​သို့​တက်​၍ ထိုင်​တော်​မူ​၏။ လူ​ထု​ပ​ရိ​သတ်​အ​ပေါင်း​တို့​မူ​ကား ကမ်း​ပေါ်​တွင် ရပ်​နေ​ကြ​၏။

3 ထို​အ​ခါ ကိုယ်​တော်​သည် များ​စွာ​သော​အ​ရာ​တို့​ကို ပုံ​ဥ​ပ​မာ​များ​ဖြင့် သူ​တို့​အား မြွက်​ဆို​တော်​မူ​သည်​မှာ “နား​ထောင်​ကြ​လော့။ မျိုး​ကြဲ​သော​သူ​သည် မျိုး​ကြဲ​ရန် ထွက်​သွား​လေ​၏။

4 ထို​သူ​မျိုး​ကြဲ​စဉ်​တွင် အ​ချို့​သော​မျိုး​စေ့​တို့​သည် လမ်း​ဘေး​တွင်​ကျ​သ​ဖြင့် ငှက်​တို့​သည်​လာ​၍ ၎င်း​တို့​ကို ကောက်​စား​ကြ​၏။

5 အ​ချို့​တို့​မူ​ကား မြေ​နည်း​၍ ကျောက်​ပေါ​သော​နေ​ရာ​တွင်​ကျ​သ​ဖြင့် မြေ​သား​ပါး​သော​ကြောင့် ချက်​ချင်း​အ​ပင်​ပေါက်​လာ​၏။

6 သို့​သော် နေ​ထွက်​လာ​၍ နေ​လောင်​ဒဏ်​ခံ​ရ​သော​အ​ခါ အ​မြစ်​မ​စွဲ​သော​ကြောင့် ညှိုး​နွမ်း​ခြောက်​သွေ့​သွား​လေ​၏။

7 အ​ချို့​တို့​မူ​ကား ဆူး​ပင်​တို့​တွင်​ကျ​သ​ဖြင့် ဆူး​ပင်​တို့​ကြီး​ထွား​လာ​၍ ၎င်း​တို့​ကို ကာ​ဆီး​ပိတ်​ဆို့​ကြ​၏။

8 အ​ချို့​တို့​မူ​ကား ကောင်း​သော​မြေ​၌​ကျ​သ​ဖြင့် အ​ချို့​သည် အ​ဆ​တစ်​ရာ၊ အ​ချို့​သည် အ​ဆ​ခြောက်​ဆယ်၊ အ​ချို့​သည် အ​ဆ​သုံး​ဆယ် အ​သီး​သီး​လေ​၏။

9 နား​ရှိ​သော​သူ​သည် ကြား​ပါ​စေ”​ဟု မိန့်​တော်​မူ​၏။

ပုံ​ဥ​ပ​မာ​သုံး​ရ​ခြင်း​၏​အ​ကြောင်း​ရင်း

10 ထို့​နောက် တ​ပည့်​တော်​တို့​သည် ချဉ်း​ကပ်​လာ​၍ “ကိုယ်​တော်​သည် အ​ဘယ်​ကြောင့် သူ​တို့​အား ပုံ​ဥ​ပ​မာ​များ​ဖြင့် မြွက်​ဆို​တော်​မူ​သ​နည်း”​ဟု မေး​လျှောက်​ကြ​၏။

11 ကိုယ်​တော်​က​လည်း “သင်​တို့​အား ကောင်း​ကင်​နိုင်​ငံ​တော်​၏​လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​များ​ကို သိ​ခွင့်​ပေး​ထား​သော်​လည်း သူ​တို့​ကို​မူ​ကား သိ​ခွင့်​မ​ပေး​ထား​သော​ကြောင့်​ဖြစ်​၏။

12 အ​ကြောင်း​မှာ ရှိ​သော​သူ​အား ထပ်​၍​ပေး​သ​ဖြင့် သူ​သည် ကြွယ်​ဝ​ပြည့်​စုံ​လိမ့်​မည်။ မ​ရှိ​သော​သူ​မူ​ကား သူ​၌​ရှိ​သော​အ​ရာ​ပင် သူ့​ထံ​မှ သိမ်း​ယူ​ခြင်း​ခံ​ရ​လိမ့်​မည်။

13 ဤ​အ​ကြောင်း​ကြောင့် ငါ​သည် သူ​တို့​အား ပုံ​ဥ​ပ​မာ​များ​ဖြင့်​မြွက်​ဆို​ရ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် သူ​တို့​သည် မြင်​လျက်​ပင်​မ​မြင်၊ ကြား​လျက်​ပင်​မ​ကြား၊ နား​လည်း​မ​လည်​ကြ​သော​ကြောင့်​ဖြစ်​၏။

14 ဤ​သို့​ဖြင့် ဟေ​ရှာ​ယ​၏​ပ​ရော​ဖက်​ပြု​ဟော​ပြော​ချက်​သည် သူ​တို့​၌ ပြည့်​စုံ​ခြင်း​သို့​ရောက်​လေ​၏။ ဟော​ပြော​ချက်​ကား ‘သင်​တို့​သည် ကြား​လျက်​ပင် လုံး​ဝ​နား​မ​လည်​ဘဲ ကြား​ကြ​လိမ့်​မည်။ မြင်​လျက်​ပင် လုံး​ဝ​သ​တိ​မ​မူ​ဘဲ မြင်​ကြ​လိမ့်​မည်။

15 အ​ကြောင်း​မူ​ကား ဤ​လူ​တို့​၏​စိတ်​နှ​လုံး​သည် ထုံ​ထိုင်း​လျက် နား​သည်​လည်း လေး​လျက် မျက်​စိ​သည်​လည်း ပိတ်​လျက်​ရှိ​ကြ​၏။ သို့​မ​ဟုတ်​လျှင် သူ​တို့​သည် မျက်​စိ​ဖြင့်​မြင်​၍ နား​ဖြင့်​ကြား​လျက် စိတ်​နှ​လုံး​ဖြင့်​နား​လည်​ကာ ပြောင်း​လဲ​ကြ​သ​ဖြင့် ငါ​သည် သူ​တို့​ကို​ကျန်း​မာ​စေ​ရ​မည်’​ဟူ​၍​ဖြစ်​၏။

16 သို့​သော် သင်​တို့​၏​မျက်​စိ​သည်​မြင်​၍ သင်​တို့​၏​နား​သည်​လည်း ကြား​သော​ကြောင့် မင်္ဂ​လာ​ရှိ​၏။

17 သင်​တို့​အား ငါ​အ​မှန်​ဆို​သည်​ကား များ​စွာ​သော​ပ​ရော​ဖက်​တို့​နှင့် ဖြောင့်​မတ်​သော​သူ​တို့​သည် သင်​တို့​မြင်​နေ​ရ​သော​အ​ရာ​တို့​ကို အ​လွန်​မြင်​လို​ကြ​သော်​လည်း မ​မြင်​ခဲ့​ကြ​ရ​ပေ။ သင်​တို့​ကြား​နေ​ရ​သော​အ​ရာ​တို့​ကို အ​လွန်​ကြား​လို​ကြ​သော်​လည်း မ​ကြား​ခဲ့​ကြ​ရ​ပေ။

18 ထို့​ကြောင့် မျိုး​ကြဲ​သော​သူ​၏​ပုံ​ဥ​ပ​မာ​ကို သင်​တို့​နား​ထောင်​ကြ​လော့။

19 မည်​သူ​မ​ဆို နိုင်​ငံ​တော်​နှင့်​ဆိုင်​သော​တ​ရား​စ​ကား​ကို​ကြား​၍ နား​မ​လည်​ဘဲ​နေ​လျှင် မာရ်​နတ်​သည်​လာ​၍ သူ​၏​စိတ်​နှ​လုံး​ထဲ​၌​ကြဲ​ထား​သော​အ​ရာ​ကို လု​ယူ​လေ​၏။ လမ်း​ဘေး​တွင်​ကြဲ​ခြင်း​ခံ​ရ​သည်​ဆို​သည်​မှာ ထို​သို့​သော​သူ​ကို​ဆို​လို​၏။

20 ကျောက်​ပေါ​များ​သော​နေ​ရာ​တွင်​ကြဲ​ခြင်း​ခံ​ရ​သည်​ဆို​သည်​မှာ တ​ရား​စ​ကား​ကို​ကြား​၍ ဝမ်း​မြောက်​စွာ​ဖြင့် ချက်​ချင်း​လက်​ခံ​သော​သူ​ကို​ဆို​လို​၏။

21 သို့​သော် သူ​၌​အ​မြစ်​မ​စွဲ​သ​ဖြင့် ခ​ဏ​သာ​ခံ​၏။ တ​ရား​စ​ကား​ကြောင့် ဆင်း​ရဲ​ဒုက္ခ သို့​မ​ဟုတ် ညှဉ်း​ဆဲ​ခြင်း​ရောက်​လာ​သော​အ​ခါ ချက်​ချင်း​စိတ်​ပျက်​သွား​လေ​၏။

22 ဆူး​ပင်​တို့​တွင် ကြဲ​ခြင်း​ခံ​ရ​သည်​ဆို​သည်​မှာ တ​ရား​စ​ကား​ကို​ကြား​သော်​လည်း လော​ကီ​ရေး​ရာ​၌​စိုး​ရိမ်​ပူ​ပန်​ခြင်း​နှင့် စည်း​စိမ်​၏​လှည့်​ဖြား​ခြင်း​တို့​က တ​ရား​စ​ကား​ကို ကာ​ဆီး​ပိတ်​ဆို့​သ​ဖြင့် အ​သီး​မ​သီး​သော​သူ​ကို​ဆို​လို​၏။

23 ကောင်း​သော​မြေ​ပေါ်​၌ ကြဲ​ခြင်း​ခံ​ရ​သည်​ဆို​သည်​မှာ တ​ရား​စ​ကား​ကို​ကြား​၍ နား​လည်​သော​သူ​ကို​ဆို​လို​၏။ ထို​သို့​သော​သူ​သည် အ​မှန်​ပင် အ​သီး​သီး​၍ အ​ချို့​သည် အ​ဆ​တစ်​ရာ၊ အ​ချို့​သည် အ​ဆ​ခြောက်​ဆယ်၊ အ​ချို့​သည် အ​ဆ​သုံး​ဆယ် သီး​လေ​၏”​ဟု မိန့်​တော်​မူ​၏။

မျိုး​ကြဲ​သော​သူ​၏​ပုံ​ဥ​ပ​မာ​ကို​ရှင်း​ပြ​ခြင်း

24 ကိုယ်​တော်​သည် အ​ခြား​သော​ပုံ​ဥ​ပ​မာ​ကို​ပေး​၍ သူ​တို့​အား မြွက်​ဆို​တော်​မူ​သည်​မှာ “ကောင်း​ကင်​နိုင်​ငံ​တော်​သည် ကောင်း​သော​မျိုး​စေ့​ကို မိ​မိ​စိုက်​ခင်း​၌ ကြဲ​သော​သူ​နှင့်​တူ​၏။

25 သို့​သော် လူ​တို့​အိပ်​ပျော်​နေ​ကြ​စဉ် သူ​၏​ရန်​သူ​သည်​လာ​၍ ဂျုံ​မျိုး​စေ့​ကြား​တွင် မြက်​သီး​မျိုး​စေ့​များ​ကို​ကြဲ​ပြီး ထွက်​သွား​လေ​၏။

26 အ​ပင်​ပေါက်​၍ အ​နှံ​ထွက်​လာ​သော​အ​ခါ မြက်​သီး​ပင်​များ​လည်း ထင်​ရှား​လာ​ကြ​၏။

27 ထို​အ​ခါ စိုက်​ခင်း​ပိုင်​ရှင်​၏​အ​စေ​အ​ပါး​တို့​သည်​လာ​၍ ‘သ​ခင်၊ သ​ခင်​၏​စိုက်​ခင်း​၌ ကောင်း​သော​မျိုး​စေ့​ကို ကြဲ​ခဲ့​သည်​မ​ဟုတ်​လော။ သို့​ဖြစ်​လျှင် မြက်​သီး​ပင်​များ​သည် အ​ဘယ်​က​ပေါက်​လာ​သ​နည်း’​ဟု မေး​မြန်း​ကြ​၏။

28 စိုက်​ခင်း​ပိုင်​ရှင်​က​လည်း ‘ဤ​သည်​ကား ရန်​သူ​၏​လုပ်​ရပ်​ဖြစ်​၏’​ဟု ဆို​၏။ ထို​အ​ခါ အ​စေ​အ​ပါး​တို့​က ‘ထို​သို့​ဆို​လျှင် အ​ကျွန်ုပ်​တို့​သွား​၍ မြက်​သီး​ပင်​တို့​ကို နုတ်​ယူ​ရ​မည်​လော’​ဟု မေး​လျှောက်​ကြ​၏။

29 သို့​သော် စိုက်​ခင်း​ပိုင်​ရှင်​က ‘ထို​သို့​မ​ပြု​နှင့်။ မြက်​သီး​ပင်​များ​ကို​နုတ်​ယူ​စဉ် ဂျုံ​ပင်​ကို​ရော​နှော​၍ အ​မြစ်​ပါ​မ​ကျန်​ဆွဲ​နုတ်​မိ​မည်​ကို စိုး​ရိမ်​ရ​၏။

30 ရိတ်​သိမ်း​ချိန်​တိုင်​အောင် နှစ်​မျိုး​စ​လုံး​အ​တူ ကြီး​ထွား​ကြ​ပါ​စေ။ ရိတ်​သိမ်း​ချိန်​၌ ရိတ်​သိမ်း​သော​သူ​တို့​အား ‘မြက်​သီး​ပင်​များ​ကို ဦး​စွာ​နုတ်​ယူ​၍ ၎င်း​တို့​ကို​မီး​ရှို့​ရန် အ​စည်း​လိုက်​ချည်​ထား​ကြ​လော့။ ဂျုံ​ဆန်​ကို​မူ​ကား ငါ​၏​ကျီ​ထဲ​၌ စု​သိမ်း​ထား​ကြ​လော့’​ဟု ငါ​ပြော​မည်​ဟု ဆို​လေ​၏”​ဟူ​၍ မိန့်​တော်​မူ​၏။

မုန်​ညင်း​နက်​စေ့​နှင့်​တ​ဆေး​ပုံ​ဥ​ပ​မာ

31 ကိုယ်​တော်​သည် အ​ခြား​သော​ပုံ​ဥ​ပ​မာ​ကို​ပေး​၍ သူ​တို့​အား​မြွက်​ဆို​တော်​မူ​သည်​မှာ “ကောင်း​ကင်​နိုင်​ငံ​တော်​သည် မုန်​ညင်း​နက်​စေ့​နှင့်​တူ​၏။ လူ​တစ်​ဦး​သည် ထို​အ​စေ့​ကို​ယူ​၍ မိ​မိ​၏​စိုက်​ခင်း​၌ ကြဲ​သော​အ​ခါ

32 ၎င်း​သည် အ​စေ့​တ​ကာ​တို့​ထက် သေး​ငယ်​၏။ သို့​သော် ကြီး​ထွား​လာ​သော​အ​ခါ​တွင်​မူ အ​ခြား​ဟင်း​သီး​ဟင်း​ရွက်​ပင်​တို့​ထက် ကြီး​၍ ၎င်း​၏​အ​ကိုင်း​များ​တွင် မိုး​ကောင်း​ကင်​ငှက်​တို့​သည်​လာ​၍ အ​သိုက်​ဖွဲ့​နေ​နိုင်​လောက်​သော​အ​ပင်​ဖြစ်​လာ​၏”​ဟု မိန့်​တော်​မူ​၏။

33 အ​ခြား​သော​ပုံ​ဥ​ပ​မာ​ကို သူ​တို့​အား မြွက်​ဆို​တော်​မူ​သည်​မှာ “ကောင်း​ကင်​နိုင်​ငံ​တော်​သည် တ​ဆေး​နှင့်​တူ​၏။ အ​မျိုး​သ​မီး​တစ်​ဦး​သည် ၎င်း​ကို​ယူ​၍ ဂျုံ​မှုန့်​သုံး​စိတ်​ထဲ​တွင်​ထည့်​လိုက်​သော် မုန့်​ညက်​တစ်​ပုံ​လုံး​ကို​ဖောင်း​ပွ​စေ​၏”​ဟု မိန့်​တော်​မူ​၏။

34 ယေ​ရှု​သည် ဤ​အ​ကြောင်း​အ​ရာ​အ​လုံး​စုံ​တို့​ကို ပုံ​ဥ​ပ​မာ​များ​ဖြင့် လူ​ထု​ပ​ရိ​သတ်​တို့​အား မြွက်​ဆို​တော်​မူ​၏။ ပုံ​ဥ​ပ​မာ​မ​ပါ​ဘဲ သူ​တို့​အား မြွက်​ဆို​တော်​မ​မူ။

35 ဤ​သည်​ကား “ငါ​သည် ပုံ​ဥ​ပ​မာ​များ​ဖြင့် ငါ့​နှုတ်​ကို​ဖွင့်​လျက် ကမ္ဘာ​တည်​က​တည်း​က ကွယ်​ဝှက်​ထား​သော​အ​ရာ​တို့​ကို ထုတ်​ဖော်​ပြော​ဆို​မည်”​ဟု ပ​ရော​ဖက်​အား​ဖြင့် မိန့်​တော်​မူ​သော​အ​ရာ​ပြည့်​စုံ​ခြင်း​သို့​ရောက်​မည့်​အ​ကြောင်း​တည်း။

ဂျုံ​နှင့်​မြက်​သီး​ပင်​များ​ပုံ​ဥ​ပ​မာ​ကို​ရှင်း​ပြ​ခြင်း

36 ထို့​နောက် ကိုယ်​တော်​သည် လူ​ထု​ပ​ရိ​သတ်​တို့​ကို​ထား​ခဲ့​၍ အိမ်​ထဲ​သို့​ဝင်​တော်​မူ​လျှင် တ​ပည့်​တော်​တို့​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်​လာ​၍ “စိုက်​ခင်း​ထဲ​မှ မြက်​သီး​ပင်​များ​ပုံ​ဥ​ပ​မာ​ကို အ​ကျွန်ုပ်​တို့​အား​ရှင်း​ပြ​တော်​မူ​ပါ”​ဟု လျှောက်​ကြ​၏။

37 ထို​အ​ခါ ကိုယ်​တော်​က “ကောင်း​သော​မျိုး​စေ့​ကို​ကြဲ​သော​သူ​သည် လူ့​သား​ဖြစ်​ပြီး

38 စိုက်​ခင်း​သည် ဤ​လော​က​ဖြစ်​၏။ ကောင်း​သော​မျိုး​စေ့​သည် နိုင်​ငံ​တော်​၏​သား​များ​ဖြစ်​ကြ​၏။ မြက်​သီး​ပင်​များ​မူ​ကား မာရ်​နတ်​၏​သား​များ​ဖြစ်​ကြ​၏။

39 မြက်​သီး​မျိုး​စေ့​များ​ကို​ကြဲ​သော​ရန်​သူ​သည် မာရ်​နတ်​ဖြစ်​၏။ ရိတ်​သိမ်း​ချိန်​မူ​ကား ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန်​ဖြစ်​၍ ရိတ်​သိမ်း​သော​သူ​တို့​သည် ကောင်း​ကင်​တ​မန်​များ​ဖြစ်​ကြ​၏။

40 သို့​ဖြစ်​၍ မြက်​သီး​ပင်​များ​ကို​နုတ်​ယူ​၍ မီး​ရှို့​သ​ကဲ့​သို့ ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန်​၌​လည်း ထို​နည်း​တူ​ဖြစ်​လိမ့်​မည်။

41 လူ့​သား​သည် မိ​မိ​၏​ကောင်း​ကင်​တ​မန်​များ​ကို​စေ​လွှတ်​သ​ဖြင့် သူ​တို့​သည် မှား​ယွင်း​စေ​သော​အ​ရာ​များ​နှင့် တ​ရား​မဲ့​သော​အ​မှု​ကို​ပြု​သော​သူ​များ​အား​လုံး​တို့​ကို နိုင်​ငံ​တော်​မှ နုတ်​ယူ​ပြီး​လျှင်

42 မီး​ပြင်း​ဖို​ထဲ​သို့ ပစ်​ချ​ကြ​လိမ့်​မည်။ ထို​နေ​ရာ​၌ ငို​ကြွေး​ခြင်း​နှင့် အံ​ကြိတ်​ခြင်း​ရှိ​လိမ့်​မည်။

43 ထို​အ​ခါ ဖြောင့်​မတ်​သော​သူ​တို့​သည် သူ​တို့​အ​ဖ​၏​နိုင်​ငံ​တော်​၌ နေ​ကဲ့​သို့ ထွန်း​လင်း​ကြ​လိမ့်​မည်။ နား​ရှိ​သော​သူ​သည် ကြား​ပါ​စေ။

44 ကောင်း​ကင်​နိုင်​ငံ​တော်​သည် လယ်​၌​ဝှက်​ထား​သော ဥစ္စာ​ဘဏ္ဍာ​နှင့်​တူ​၏။ လူ​တစ်​ဦး​သည် ၎င်း​ကို​တွေ့​သော​အ​ခါ ပြန်​လည်​ဝှက်​ထား​ပြီး​လျှင် ဝမ်း​မြောက်​စွာ​ဖြင့်​သွား​၍ သူ​၌​ရှိ​သော​အ​ရာ​အား​လုံး​ကို​ရောင်း​လျက် ထို​လယ်​ကို​ဝယ်​လေ​၏။

45 တစ်​ဖန် ကောင်း​ကင်​နိုင်​ငံ​တော်​သည် ကောင်း​သော​ပု​လဲ​ကို​ရှာ​ဖွေ​နေ​သော ကုန်​သည်​နှင့်​တူ​၏။

46 သူ​သည် အ​လွန်​အ​ဖိုး​တန်​သော​ပု​လဲ​တစ်​လုံး​ကို​တွေ့​သော​အ​ခါ သွား​၍ သူ​၌​ရှိ​သ​မျှ​တို့​ကို​ရောင်း​ပြီး​လျှင် ထို​ပု​လဲ​ကို​ဝယ်​လေ​၏။

47 တစ်​ဖန် ကောင်း​ကင်​နိုင်​ငံ​တော်​သည် ပင်​လယ်​ထဲ​၌​ချ​၍ ငါး​အ​မျိုး​စုံ​ကို​ဖမ်း​မိ​သော ပိုက်​ကွန်​နှင့်​တူ​၏။

48 ငါး​နှင့်​ပြည့်​သော​အ​ခါ ထို​ပိုက်​ကွန်​ကို ကမ်း​ပေါ်​သို့​ဆွဲ​တင်​ကာ ထိုင်​လျက် ကောင်း​သော​ငါး​များ​ကို ခြင်း​တောင်း​ထဲ​သို့​ခွဲ​ထည့်​၍ မ​ကောင်း​သော​ငါး​များ​ကို အ​ပြင်​သို့​ပစ်​လိုက်​ကြ​၏။

49 ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန်​၌ ထို​နည်း​တူ​ဖြစ်​လိမ့်​မည်။ ကောင်း​ကင်​တ​မန်​များ​သည်​လာ​၍ ဆိုး​ညစ်​သော​သူ​တို့​ကို ဖြောင့်​မတ်​သော​သူ​တို့​ထဲ​မှ သီး​ခြား​ခွဲ​ထား​ကာ

50 မီး​ပြင်း​ဖို​ထဲ​သို့ ပစ်​ချ​ကြ​လိမ့်​မည်။ ထို​နေ​ရာ​၌ ငို​ကြွေး​ခြင်း​နှင့်​အံ​ကြိတ်​ခြင်း​ရှိ​လိမ့်​မည်။

51 ဤ​အ​ရာ​အား​လုံး​ကို သင်​တို့​နား​လည်​ကြ​သ​လော”​ဟု မေး​တော်​မူ​၏။ တ​ပည့်​တော်​တို့​က “နား​လည်​ပါ​၏”​ဟု ပြန်​လျှောက်​ကြ​၏။

ဝှက်​ထား​သော​ဥစ္စာ​ဘဏ္ဍာ​နှင့် တန်​ဖိုး​ကြီး​သော​ပု​လဲ​ပုံ​ဥ​ပ​မာ

52 ကိုယ်​တော်​က​လည်း “သို့​ဖြစ်​၍ ကောင်း​ကင်​နိုင်​ငံ​တော်​၏​တ​ပည့်​ဖြစ်​လာ​သော ကျမ်း​ပြု​ဆ​ရာ​တိုင်း​သည် မိ​မိ​၏​ဘဏ္ဍာ​တိုက်​ထဲ​မှ ဥစ္စာ​ဘဏ္ဍာ​အ​သစ်​နှင့်​အ​ဟောင်း​တို့​ကို ထုတ်​ယူ​သော​အိမ်​ရှင်​နှင့်​တူ​၏”​ဟု မိန့်​တော်​မူ​၏။

53 ယေ​ရှု​သည် ဤ​ပုံ​ဥ​ပ​မာ​များ​ကို မြွက်​ဆို​တော်​မူ​ပြီး​သော​အ​ခါ ထို​အ​ရပ်​မှ ထွက်​ခွာ​တော်​မူ​၏။

နာ​ဇ​ရက်​မြို့​၌​ငြင်း​ပယ်​ခံ​ရ​ခြင်း

54 ထို့​နောက် ကိုယ်​တော်​သည် မိ​မိ​၏​နေ​ရင်း​မြို့​သို့​ကြွ​၍ ဝတ်​ပြု​စည်း​ဝေး​ကျောင်း​၌ လူ​တို့​ကို​သွန်​သင်​တော်​မူ​၏။ ထို​အ​ခါ လူ​တို့​သည် အံ့​အား​သင့်​လျက် “ဤ​သူ​သည် ဤ​ဉာဏ်​ပ​ညာ​နှင့်​တန်​ခိုး​များ​ကို အ​ဘယ်​က​ရ​သ​နည်း။

55 ဤ​သူ​သည် လက်​သ​မား​၏​သား​မ​ဟုတ်​လော။ သူ​၏​မိ​ခင်​သည် မာ​ရိ​ဖြစ်​ပြီး သူ​၏​ညီ​များ​သည် ယာ​ကုပ်၊ ယော​သပ်၊ ရှိ​မုန်​နှင့် ယု​ဒ​တို့​ဖြစ်​ကြ​သည်​မ​ဟုတ်​လော။

56 သူ​၏​နှ​မ​အား​လုံး​သည်​လည်း ငါ​တို့​နှင့်​အ​တူ​ရှိ​ကြ​သည်​မ​ဟုတ်​လော။ သို့​ဖြစ်​လျှင် ဤ​သူ​သည် ဤ​အ​ရာ​အ​လုံး​စုံ​တို့​ကို အ​ဘယ်​က​ရ​သ​နည်း”​ဟု ပြော​ဆို​ကြ​ကာ

57 ကိုယ်​တော်​အ​ပေါ် ဘ​ဝင်​မ​ကျ​ဖြစ်​ကြ​၏။ ယေ​ရှု​က​လည်း “ပ​ရော​ဖက်​သည် မိ​မိ​၏​နေ​ရင်း​မြို့​နှင့် မိ​မိ​၏​အိမ်​တို့​မှ​တစ်​ပါး မည်​သည့်​အ​ရပ်​၌​မျှ ဂုဏ်​သ​ရေ​မဲ့​သည်​ဟူ​၍​မ​ရှိ”​ဟု မိန့်​တော်​မူ​၏။

58 ကိုယ်​တော်​သည် သူ​တို့​၏​မ​ယုံ​ကြည်​မှု​ကြောင့် ထို​နေ​ရာ​၌ များ​စွာ​သော​တန်​ခိုး​လက္ခ​ဏာ​တို့​ကို ပြု​တော်​မ​မူ​ခဲ့​ပေ။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28