ရှင်​မဿဲ​ခ​ရစ်​ဝင် 22 MSB

မင်္ဂ​လာ​ဆောင်​ဧည့်​ခံ​ပွဲ​ပုံ​ဥ​ပ​မာ

1 တစ်​ဖန် ယေ​ရှု​သည် ပုံ​ဥ​ပ​မာ​များ​ဖြင့် သူ​တို့​အား မြွက်​ဆို​တော်​မူ​သည်​မှာ

2 “ကောင်း​ကင်​နိုင်​ငံ​တော်​သည် မိ​မိ​သား​အ​တွက် မင်္ဂ​လာ​ဆောင်​ပွဲ​ကျင်း​ပ​သော ဘု​ရင်​တစ်​ပါး​နှင့်​တူ​၏။

3 သူ​သည် ဖိတ်​ခေါ်​ထား​သော​သူ​တို့​ကို မင်္ဂ​လာ​ဆောင်​ပွဲ​သို့​ခေါ်​လာ​ရန် မိ​မိ​၏​အ​စေ​အ​ပါး​တို့​ကို​စေ​လွှတ်​သော်​လည်း သူ​တို့​သည် မ​လာ​လို​ကြ​ပေ။

4 တစ်​ဖန် သူ​သည် အ​ခြား​သော​အ​စေ​အ​ပါး​တို့​အား ‘ငါ​၏​ဧည့်​ခံ​ပွဲ​ကို ငါ​ပြင်​ဆင်​ထား​ပြီ။ ငါ​၏​နွား​လား​နှင့် ဆူ​ဖြိုး​သော​တိ​ရစ္ဆာန်​များ​ကို သတ်​ပြီး​ပြီ။ အား​လုံး​အ​ဆင်​သင့်​ဖြစ်​ပြီ။ မင်္ဂ​လာ​ဆောင်​ပွဲ​သို့ ကြွ​ကြ​ပါ​ဟု ဖိတ်​ခေါ်​ထား​သော​သူ​တို့​ကို ပြော​ကြ​လော့’​ဟူ​၍ မှာ​ကြား​လျက် စေ​လွှတ်​လေ​၏။

5 သို့​သော် သူ​တို့​သည် ဂ​ရု​မ​စိုက်​ကြ​ဘဲ တစ်​ဦး​သည် မိ​မိ​လယ်​သို့​လည်း​ကောင်း၊ အ​ခြား​တစ်​ဦး​သည် မိ​မိ​ကုန်​သွယ်​ရာ​သို့​လည်း​ကောင်း သွား​ကြ​၏။

6 အ​ခြား​သော​သူ​တို့​မူ​ကား ဘု​ရင်​၏​အ​စေ​အ​ပါး​တို့​ကို​ဖမ်း​ဆီး​လျက် နှိပ်​စက်​ကာ သတ်​ဖြတ်​ကြ​၏။

7 ထို​အ​ခါ ဘု​ရင်​သည် အ​မျက်​ထွက်​၍ သူ​၏​စစ်​သား​များ​ကို​စေ​လွှတ်​ကာ ထို​လူ​သတ်​သ​မား​တို့​ကို​ဖျက်​ဆီး​စေ​ပြီး သူ​တို့​၏​မြို့​ကို​မီး​ရှို့​စေ​၏။

8 ထို့​နောက် သူ​၏​အ​စေ​အ​ပါး​တို့​အား ‘မင်္ဂ​လာ​ဆောင်​ပွဲ​သည် အ​ဆင်​သင့်​ဖြစ်​သော်​လည်း ဖိတ်​ခေါ်​ထား​သော​သူ​တို့​သည် မ​ထိုက်​တန်​ကြ​သော​ကြောင့်

9 လမ်း​ဆုံ​လမ်း​ခွ​များ​သို့​သွား​၍ တွေ့​သ​မျှ​သော​သူ​တို့​ကို မင်္ဂ​လာ​ဆောင်​ပွဲ​သို့ ဖိတ်​ခေါ်​ကြ​လော့’​ဟု မိန့်​တော်​မူ​၏။

10 ထို​အ​ခါ အ​စေ​အ​ပါး​တို့​သည် လမ်း​များ​သို့​သွား​၍ လူ​ဆိုး​ဖြစ်​စေ၊ လူ​ကောင်း​ဖြစ်​စေ တွေ့​သ​မျှ​သော​သူ​တို့​ကို စု​ဝေး​စေ​ကြ​သ​ဖြင့် မင်္ဂ​လာ​ဆောင်​ပွဲ​သည် ဧည့်​သည်​များ​နှင့်​ပြည့်​သွား​လေ​၏။

11 ဘု​ရင်​သည် ဧည့်​သည်​များ​ကို​ကြည့်​ရှု​ရန် ကြွ​လာ​သော​အ​ခါ ထို​နေ​ရာ​၌ မင်္ဂ​လာ​ဆောင်​ပွဲ​ထိုင်​ဝတ်​စုံ​မ​ဝတ်​ထား​သော​လူ​တစ်​ယောက်​ကို မြင်​လျှင်

12 ‘အ​ဆွေ၊ သင်​သည် မင်္ဂ​လာ​ဆောင်​ပွဲ​ထိုင်​ဝတ်​စုံ​ကို​မ​ဝတ်​ဘဲ မည်​ကဲ့​သို့ ဤ​နေ​ရာ​သို့​ဝင်​လာ​သ​နည်း’​ဟု ထို​သူ​အား မေး​တော်​မူ​၏။ သို့​သော် သူ​သည် နှုတ်​ဆိတ်​လျက်​နေ​လေ​၏။

13 ထို​အ​ခါ ဘု​ရင်​က ‘ထို​သူ​၏​ခြေ​နှင့်​လက်​တို့​ကို​ချည်​နှောင်​၍ သူ့​ကို အ​ပြင်​ဘက်​အ​မှောင်​ထဲ​သို့ နှင်​ထုတ်​ကြ​လော့။ ထို​နေ​ရာ​၌ ငို​ကြွေး​ခြင်း​နှင့်​အံ​ကြိတ်​ခြင်း​ရှိ​လိမ့်​မည်’​ဟု အ​စေ​ခံ​တို့​အား မိန့်​တော်​မူ​၏။

14 အ​ကြောင်း​မူ​ကား ခေါ်​ယူ​တော်​မူ​ခြင်း​ခံ​ရ​သော​သူ​တို့​သည် များ​စွာ​ရှိ​ကြ​သော်​လည်း ရွေး​ကောက်​ခံ​ရ​သော​သူ​တို့​သည် နည်း​ကြ​၏”​ဟု မိန့်​တော်​မူ​၏။

ဘု​ရား​သ​ခင်​နှင့်​ဆီ​ဇာ​ဧ​က​ရာဇ်

15 ထို​အ​ခါ ဖာ​ရိ​ရှဲ​တို့​သည် ထွက်​သွား​၍ ကိုယ်​တော်​ကို နှုတ်​တော်​ထွက်​စ​ကား​ဖြင့် အ​ကွက်​ဆင်​ဖမ်း​နိုင်​ရန် တိုင်​ပင်​ဆွေး​နွေး​ကြ​၏။

16 ထို့​နောက် သူ​တို့​၏​တ​ပည့်​များ​ကို ဟေ​ရုဒ်​၏​လူ​များ​နှင့်​အ​တူ အ​ထံ​တော်​သို့​စေ​လွှတ်​ကာ “ဆ​ရာ၊ ဆ​ရာ​သည် ဖြောင့်​မှန်​သော​သူ​ဖြစ်​ပြီး ဘု​ရား​သ​ခင်​၏​တ​ရား​လမ်း​ကို သမ္မာ​တ​ရား​နှင့်​အ​ညီ သွန်​သင်​ကြောင်း​ကို​လည်း​ကောင်း၊ လူ့​မျက်​နှာ​ကို​မ​ထောက်​သော​ကြောင့် မည်​သူ့​ကို​မျှ အား​မ​နာ​ကြောင်း​ကို​လည်း​ကောင်း အ​ကျွန်ုပ်​တို့​သိ​ကြ​ပါ​၏။

17 သို့​ဖြစ်​၍ ဆ​ရာ​မည်​သို့​ထင်​မြင်​ကြောင်း အ​ကျွန်ုပ်​တို့​အား ပြော​ပြ​ပါ။ ဆီ​ဇာ​ဧ​က​ရာဇ်​ကို အ​ခွန်​ဆက်​သ​ခြင်း​သည် တ​ရား​တော်​နှင့်​ညီ​သ​လော သို့​မ​ဟုတ် မ​ညီ​သ​လော”​ဟု မေး​လျှောက်​စေ​ကြ​၏။

18 သို့​သော် ယေ​ရှု​သည် သူ​တို့​၏​ဆိုး​ညစ်​မှု​ကို​သိ​တော်​မူ​၍ “သူ​တော်​ကောင်း​ယောင်​ဆောင်​သော​သူ​တို့၊ အ​ဘယ်​ကြောင့် ငါ့​ကို​စမ်း​သပ်​ကြ​သ​နည်း။

19 အ​ခွန်​ငွေဒင်္ဂါး​တစ်​ပြား​ကို ငါ့​အား​ပြ​ကြ​လော့”​ဟု မိန့်​တော်​မူ​လျှင် သူ​တို့​သည် ဒေ​နာ​ရိ​တစ်​ပြား​ကို အ​ထံ​တော်​သို့​ယူ​လာ​ကြ​၏။

20 ကိုယ်​တော်​က​လည်း “ဤ​သည်​ကား မည်​သူ​၏​ပုံ၊ မည်​သူ​၏​ကမ္ပည်း​စာ​ဖြစ်​သ​နည်း”​ဟု မေး​တော်​မူ​လျှင်

21 သူ​တို့​က “ဆီ​ဇာ​ဧ​က​ရာဇ်​၏​ပုံ​နှင့်​ကမ္ပည်း​စာ​ဖြစ်​ပါ​သည်”​ဟု လျှောက်​ကြ​၏။ ကိုယ်​တော်​က​လည်း “သို့​ဖြစ်​လျှင် ဆီ​ဇာ​ဧ​က​ရာဇ်​နှင့်​ဆိုင်​သော​အ​ရာ​များ​ကို ဆီ​ဇာ​ဧ​က​ရာဇ်​အား​ဆက်​သ​၍ ဘု​ရား​သ​ခင်​နှင့်​ဆိုင်​သော​အ​ရာ​များ​ကို ဘု​ရား​သ​ခင်​အား​ဆက်​သ​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

22 သူ​တို့​သည် ထို​စ​ကား​ကို​ကြား​ရ​သော​အ​ခါ အံ့​ဩ​၍ ကိုယ်​တော်​ထံ​မှ ထွက်​သွား​ကြ​၏။

ဇဒ္ဒု​ကဲ​များ​နှင့်​ရှင်​ပြန်​ထ​မြောက်​ခြင်း

23 ထို​နေ့​၌​ပင် ရှင်​ပြန်​ထ​မြောက်​ခြင်း​မ​ရှိ​ဟု​ပြော​ကြ​သော​ဇဒ္ဒု​ကဲ​တို့​သည် အ​ထံ​တော်​သို့ ချဉ်း​ကပ်​လာ​၍

24 “ဆ​ရာ၊ လူ​တစ်​ဦး​သည် သား​သ​မီး​မ​ထွန်း​ကား​ဘဲ သေ​ဆုံး​ခဲ့​လျှင် သူ​၏​ညီ​သည် အစ်​ကို​၏​မ​ယား​ကို ဆက်​ခံ​ထိမ်း​မြား​လျက် သူ့​အစ်​ကို​၏​မျိုး​ဆက်​ကို ပေါက်​ဖွား​စေ​ရ​မည်​ဟု မော​ရှေ​ညွှန်​ကြား​ခဲ့​ပါ​သည်။

25 အ​ကျွန်ုပ်​တို့​ထံ​တွင် ညီ​အစ်​ကို​ခု​နစ်​ဦး​ရှိ​ခဲ့​ရာ အစ်​ကို​အ​ကြီး​ဆုံး​သည် အိမ်​ထောင်​ပြု​ပြီး မျိုး​ဆက်​မ​ရှိ​ဘဲ သေ​ဆုံး​လျက် သူ​၏​မ​ယား​ကို သူ့​ညီ​ထံ ထား​ရစ်​ခဲ့​ပါ​သည်။

26 ဒု​တိ​ယ​ညီ​နှင့်​တ​တိ​ယ​ညီ​မှ​စ​၍ ခု​နစ်​ယောက်​မြောက်​တိုင်​အောင် ထို​နည်း​တူ​ဖြစ်​ကြ​ပါ​သည်။

27 နောက်​ဆုံး​တွင် ထို​မိန်း​မ​သည်​လည်း သေ​ဆုံး​သွား​ပါ​သည်။

28 သို့​ဖြစ်​လျှင် ရှင်​ပြန်​ထ​မြောက်​ရာ​ကာ​လ​၌ ထို​မိန်း​မ​သည် ထို​ခု​နစ်​ဦး​တို့​ထဲ​မှ မည်​သူ​၏​မ​ယား​ဖြစ်​ပါ​မည်​နည်း။ အ​ကြောင်း​မူ​ကား သူ​တို့​အား​လုံး​သည် ထို​မိန်း​မ​နှင့်​ပေါင်း​ဖက်​ခဲ့​ကြ​ပါ​သည်”​ဟု မေး​လျှောက်​ကြ​၏။

29 ယေ​ရှု​က​လည်း “သင်​တို့​သည် ကျမ်း​စာ​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော်​ကို​လည်း​ကောင်း မ​သိ​၍ အ​ယူ​လွဲ​နေ​ကြ​၏။

30 အ​ကြောင်း​မူ​ကား ရှင်​ပြန်​ထ​မြောက်​ရာ​ကာ​လ​၌ လူ​တို့​သည် ထိမ်း​မြား​စုံ​ဖက်​ခြင်း​ကို​မ​ပြု၊ ပေး​စား​ဆောင်​နှင်း​ခြင်း​လည်း​မ​ရှိ​ဘဲ ကောင်း​ကင်​၌​ရှိ​သော ကောင်း​ကင်​တ​မန်​များ​ကဲ့​သို့ ဖြစ်​ကြ​၏။

31-32 သေ​သော​သူ​တို့​၏​ရှင်​ပြန်​ထ​မြောက်​ခြင်း​နှင့်​ပတ်​သက်​၍ ဘု​ရား​သ​ခင်​က ‘ငါ​သည် အာ​ဗြ​ဟံ​၏​ဘု​ရား၊ ဣ​ဇက်​၏​ဘု​ရား၊ ယာ​ကုပ်​၏​ဘု​ရား​ဖြစ်​၏’​ဟု သင်​တို့​အား မိန့်​တော်​မူ​ခဲ့​သော​စ​ကား​ကို မ​ဖတ်​ဖူး​ကြ​သ​လော။ ဘု​ရား​သ​ခင်​သည် သေ​သော​သူ​တို့​၏​ဘု​ရား​မ​ဟုတ်​ဘဲ အ​သက်​ရှင်​သော​သူ​တို့​၏​ဘု​ရား​ဖြစ်​၏”​ဟု မိန့်​တော်​မူ​၏။

33 လူ​ထု​ပ​ရိ​သတ်​တို့​သည် ကြား​သော​အ​ခါ ကိုယ်​တော်​၏​သွန်​သင်​ချက်​ကို အံ့​ဩ​ချီး​မွမ်း​ကြ​၏။

ကြီး​မြတ်​သည့်​ပ​ညတ်​ချက်​နှစ်​ပါး

34 ဇဒ္ဒု​ကဲ​တို့​ကို ကိုယ်​တော်​နှုတ်​ဆိတ်​စေ​တော်​မူ​ခဲ့​ကြောင်း ဖာ​ရိ​ရှဲ​တို့​ကြား​လျှင် အ​တူ​တ​ကွ​စု​ဝေး​လာ​ကြ​၍

35 သူ​တို့​ထဲ​မှ ကျမ်း​တတ်​ပုဂ္ဂိုလ်​တစ်​ဦး​သည် ကိုယ်​တော်​ကို​စမ်း​သပ်​လို​သ​ဖြင့်

36 “ဆ​ရာ၊ ပ​ညတ်​တ​ရား​ထဲ​တွင် မည်​သည့်​ပ​ညတ်​ချက်​သည် ကြီး​မြတ်​သ​နည်း”​ဟု မေး​လျှောက်​လေ​၏။

37 ကိုယ်​တော်​က​လည်း “‘သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို သင်​၏​စိတ်​နှ​လုံး​အ​ကြွင်း​မဲ့၊ သင်​၏​စိတ်​ဝိ​ညာဉ်​တစ်​ခု​လုံး​နှင့် သင်​၏​အ​သိ​ဉာဏ်​ရှိ​သ​မျှ​တို့​ဖြင့် ချစ်​ရ​မည်။’

38 ဤ​သည်​ကား ကြီး​မြတ်​သည့် ပ​ထ​မ​ပ​ညတ်​ချက်​ဖြစ်​၏။

39 ဒု​တိ​ယ​ပ​ညတ်​ချက်​သည်​လည်း ၎င်း​နည်း​တူ​ဖြစ်​ပြီး ‘ကိုယ့်​ဝန်း​ကျင်​၌​ရှိ​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ​ချစ်​ရ​မည်’​ဟူ​၍ ဖြစ်​၏။

40 ပ​ညတ်​တ​ရား​ကျမ်း​နှင့် ပ​ရော​ဖက်​ကျမ်း​အ​လုံး​စုံ​တို့​သည် ဤ​ပ​ညတ်​ချက်​နှစ်​ပါး​အ​ပေါ်​တွင်​တည်​၏”​ဟု မိန့်​တော်​မူ​၏။

ခ​ရစ်​တော်​နှင့်​ပတ်​သက်​သည့်​မေး​ခွန်း

41 ထို့​နောက် ဖာ​ရိ​ရှဲ​တို့​စု​ဝေး​နေ​ကြ​စဉ် ယေ​ရှု​က

42 “သင်​တို့​သည် ခ​ရစ်​တော်​နှင့်​ပတ်​သက်​၍ မည်​သို့ ထင်​မြင်​ကြ​သ​နည်း။ သူ​သည် မည်​သူ​၏​သား​ဖြစ်​သ​နည်း”​ဟု မေး​တော်​မူ​လျှင် သူ​တို့​က “ဒါ​ဝိဒ်​၏​သား​ဖြစ်​ပါ​သည်”​ဟု ပြန်​လျှောက်​ကြ​၏။

43 ကိုယ်​တော်​က​လည်း “သို့​ဖြစ်​လျှင် ဒါ​ဝိဒ်​သည် သူ့​ကို ဝိ​ညာဉ်​တော်​အား​ဖြင့် ‘သ​ခင်’​ဟု ခေါ်​လျက်

44 ‘ထာ​ဝ​ရ​ဘု​ရား​သည် ငါ​၏​သ​ခင်​အား သင်​၏​ရန်​သူ​တို့​ကို သင်​၏​ခြေ​ဖ​ဝါး​အောက်​၌ ငါ​ချ​ထား​သည့်​တိုင်​အောင် ငါ​၏​လက်​ယာ​ဘက်​၌ ထိုင်​နေ​လော့​ဟု မိန့်​တော်​မူ​၏’​ဟူ​၍ ဆို​ထား​သည်​မှာ မည်​သို့​နည်း။

45 ထို​သို့ ဒါ​ဝိဒ်​သည် ခ​ရစ်​တော်​ကို သ​ခင်​ဟု ခေါ်​လျှင် ခ​ရစ်​တော်​သည် မည်​ကဲ့​သို့ သူ​၏​သား​ဖြစ်​နိုင်​မည်​နည်း”​ဟု မိန့်​တော်​မူ​၏။

46 ထို​အ​ခါ ကိုယ်​တော်​ကို စ​ကား​တစ်​ခွန်း​ပြန်​လျှောက်​ရန်​ပင် မည်​သူ​မျှ မ​တတ်​နိုင်​ကြ။ ထို​နေ့​မှ​စ​၍ မည်​သူ​မျှ ကိုယ်​တော်​အား မေး​ခွန်း​များ​မ​မေး​ဝံ့​တော့​ချေ။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28