ရှင်​မဿဲ​ခ​ရစ်​ဝင် 2:3-9 MSB

3 ထို​စ​ကား​ကို​ကြား​လျှင် ဟေ​ရုဒ်​မင်း​ကြီး​သည် တုန်​လှုပ်​ချောက်​ချား​လေ​၏။ ဂျေ​ရု​ဆ​လင်​တစ်​မြို့​လုံး​သည်​လည်း မင်း​ကြီး​နှင့်​အ​တူ တုန်​လှုပ်​ချောက်​ချား​ကြ​၏။

4 ထို​အ​ခါ မင်း​ကြီး​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့် လူ​ထု​ထဲ​မှ​ကျမ်း​ပြု​ဆ​ရာ​အ​ပေါင်း​တို့​ကို​စု​ဝေး​စေ​၍ ခ​ရစ်​တော်​သည် မည်​သည့်​အ​ရပ်​၌​ဖွား​မြင်​မည်​ကို သူ​တို့​အား မေး​မြန်း​လေ​၏။

5 သူ​တို့​က​လည်း “ယု​ဒ​ပြည်၊ ဗက်​လင်​မြို့​၌​ဖြစ်​ပါ​သည်။ အ​ဘယ်​ကြောင့်​ဆို​သော်

6 ‘အို ယု​ဒ​ပြည်၊ ဗက်​လင်​မြို့၊ သင်​သည် ယု​ဒ​ပြည်​ကို​အုပ်​ချုပ်​သော​မြို့​တို့​တွင် အ​သေး​သိမ်​ဆုံး​မ​ဟုတ်။ အ​ကြောင်း​မူ​ကား ငါ​၏​လူ​မျိုး​တော်​အစ္စ​ရေး​ကို အုပ်​ထိန်း​မည့်​ခေါင်း​ဆောင်​တစ်​ဦး​သည် သင့်​အ​ထဲ​မှ​ပေါ်​ထွန်း​လိမ့်​မည်’​ဟူ​၍ ပ​ရော​ဖက်​က ရေး​ထား​သော​ကြောင့်​ဖြစ်​သည်”​ဟု လျှောက်​ထား​ကြ​၏။

7 ထို့​နောက် ဟေ​ရုဒ်​မင်း​ကြီး​သည် နက္ခတ်​ပ​ညာ​ရှင်​တို့​ကို တိတ်​တ​ဆိတ်​ခေါ်​၍ ကြယ်​ပေါ်​ထွန်း​သည့်​အ​ချိန်​ကာ​လ​ကို သူ​တို့​ထံ​မှ သေ​ချာ​စွာ​လေ့​လာ​စိ​စစ်​ပြီး​မှ

8 “သွား​၍ သူ​ငယ်​တော်​ကို သေ​ချာ​စွာ​ရှာ​ဖွေ​စုံ​စမ်း​ကြ​လော့။ သင်​တို့​တွေ့​သော​အ​ခါ ငါ​သည်​လည်း​သွား​၍ သူ့​ကို​ရှိ​ခိုး​နိုင်​ရန် ငါ့​ကို​အ​ကြောင်း​ကြား​ကြ​လော့”​ဟု မိန့်​မှာ​လျက် သူ​တို့​ကို ဗက်​လင်​မြို့​သို့ စေ​လွှတ်​လေ​၏။

9 သူ​တို့​သည် မင်း​ကြီး​၏​မိန့်​မှာ​ချက်​ကို​နား​ထောင်​ပြီး​မှ ထွက်​သွား​ကြ​ရာ အ​ရှေ့​ပြည်​၌ သူ​တို့​တွေ့​ခဲ့​သော​ကြယ်​သည် သူ​ငယ်​တော်​ရှိ​သည့်​နေ​ရာ​ပေါ်​ရောက်​၍ ရပ်​သည့်​တိုင်​အောင် သူ​တို့​ရှေ့​မှ​သွား​လေ​၏။