ရှင်​မဿဲ​ခ​ရစ်​ဝင် 26:23-29 MSB

23 ကိုယ်​တော်​က​လည်း “ငါ​နှင့်​အ​တူ​တစ်​ပန်း​ကန်​ထဲ​တွင် လက်​နှိုက်​သော​သူ​သည် ငါ့​ကို​အပ်​နှံ​လိမ့်​မည်။

24 လူ့​သား​သည် မိ​မိ​နှင့်​ပတ်​သက်​၍ ရေး​ထား​သည့်​အ​တိုင်း သွား​ရ​မည်​မှန်​၏။ သို့​သော် လူ့​သား​ကို​အပ်​နှံ​သော​သူ​သည် အမင်္ဂ​လာ​ရှိ​၏။ ထို​သူ​သည် မ​မွေး​ဖွား​လာ​ခဲ့​လျှင် သူ့​အ​တွက် သာ​၍​ကောင်း​ပေ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

25 ထို​အ​ခါ ကိုယ်​တော်​ကို​အပ်​နှံ​တော့​မည့်​ယု​ဒ​က “ရဗ္ဗိ၊ အ​ကျွန်ုပ်​လော”​ဟု မေး​လျှောက်​သော် ကိုယ်​တော်​က “သင်​ပြော​သည့်​အ​တိုင်း​ပေ​တည်း”​ဟု မိန့်​တော်​မူ​၏။

26 ထို့​နောက် သူ​တို့​စား​လျက်​နေ​ကြ​စဉ် ယေ​ရှု​သည် မုန့်​ကို​ယူ​၍ ကျေး​ဇူး​တော်​ချီး​မွမ်း​ပြီး​လျှင် မုန့်​ကို​ဖဲ့​၍ တ​ပည့်​တော်​တို့​အား​ပေး​လျက် “ယူ​၍​စား​ကြ​လော့။ ဤ​မုန့်​ကား ငါ​၏​ကိုယ်​ခန္ဓာ​ဖြစ်​၏”​ဟု မိန့်​တော်​မူ​၏။

27 ခွက်​ကို​လည်း​ယူ​၍ ကျေး​ဇူး​တော်​ချီး​မွမ်း​ပြီး​လျှင် သူ​တို့​အား​ပေး​လျက် “သင်​တို့​အား​လုံး ဤ​ခွက်​ကို​သောက်​ကြ​လော့။

28 ဤ​သည်​ကား အ​ပြစ်​များ​ခွင့်​လွှတ်​ခြင်း​ကျေး​ဇူး​အ​တွက် လူ​များ​စွာ​အ​ဖို့​သွန်း​လောင်း​သည့် ပ​ဋိ​ညာဉ်​နှင့်​ဆိုင်​သော ငါ​၏​သွေး​ဖြစ်​၏။

29 သင်​တို့​အား ငါ​ဆို​သည်​ကား ငါ့​ခ​မည်း​တော်​၏​နိုင်​ငံ​တော်​၌ သင်​တို့​နှင့်​အ​တူ​အ​သစ်​ပြန်​သောက်​မည့် ထို​နေ့​ရက်​တိုင်​အောင် ယ​ခု​မှ​စ​၍ စ​ပျစ်​သီး​မှ​ဖြစ်​သော​ဤ​အ​ရည်​ကို ငါ​လုံး​ဝ​သောက်​လိမ့်​မည်​မ​ဟုတ်”​ဟု မိန့်​တော်​မူ​၏။