ရှင်​မဿဲ​ခ​ရစ်​ဝင် 26:28-34 MSB

28 ဤ​သည်​ကား အ​ပြစ်​များ​ခွင့်​လွှတ်​ခြင်း​ကျေး​ဇူး​အ​တွက် လူ​များ​စွာ​အ​ဖို့​သွန်း​လောင်း​သည့် ပ​ဋိ​ညာဉ်​နှင့်​ဆိုင်​သော ငါ​၏​သွေး​ဖြစ်​၏။

29 သင်​တို့​အား ငါ​ဆို​သည်​ကား ငါ့​ခ​မည်း​တော်​၏​နိုင်​ငံ​တော်​၌ သင်​တို့​နှင့်​အ​တူ​အ​သစ်​ပြန်​သောက်​မည့် ထို​နေ့​ရက်​တိုင်​အောင် ယ​ခု​မှ​စ​၍ စ​ပျစ်​သီး​မှ​ဖြစ်​သော​ဤ​အ​ရည်​ကို ငါ​လုံး​ဝ​သောက်​လိမ့်​မည်​မ​ဟုတ်”​ဟု မိန့်​တော်​မူ​၏။

30 ထို့​နောက် သူ​တို့​သည် ချီး​မွမ်း​သီ​ချင်း​သီ​ဆို​ပြီး​မှ သံ​လွင်​တောင်​သို့​ထွက်​သွား​ကြ​၏။

31 ထို​အ​ခါ ယေ​ရှု​က “‘ငါ​သည် သိုး​ထိန်း​ကို​ခုတ်​သတ်​သ​ဖြင့် သိုး​အုပ်​သည် ကွဲ​လွင့်​သွား​ရ​လိမ့်​မည်’​ဟု ကျမ်း​စာ​၌​ရေး​ထား​သည်​ဖြစ်​၍ ဤ​ည​၌ သင်​တို့​အား​လုံး​သည် ငါ့​ကြောင့်​စိတ်​ပျက်​ကြ​လိမ့်​မည်။

32 သို့​သော် ငါ​သည် ထ​မြောက်​ပြီး​နောက် ဂါ​လိ​လဲ​နယ်​သို့ သင်​တို့​ထက် အ​လျင်​ဦး​စွာ​သွား​နှင့်​မည်”​ဟု မိန့်​တော်​မူ​၏။

33 ထို​အ​ခါ ပေ​တ​ရု​က “ကိုယ်​တော်​ကြောင့် အား​လုံး​စိတ်​ပျက်​ကြ​လျှင်​လည်း အ​ကျွန်ုပ်​သည် မည်​သည့်​အ​ခါ​မျှ စိတ်​ပျက်​မည်​မ​ဟုတ်​ပါ”​ဟု ပြန်​လျှောက်​လေ​၏။

34 ယေ​ရှု​က​လည်း “သင့်​အား ငါ​အ​မှန်​ဆို​သည်​ကား ဤ​ည​တွင်​ပင် ကြက်​မ​တွန်​မီ သင်​သည် ငါ့​ကို သုံး​ကြိမ်​တိုင်​တိုင် ငြင်း​ပယ်​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။