ရှင်​မဿဲ​ခ​ရစ်​ဝင် 26:36-42 MSB

36 ထို့​နောက် ယေ​ရှု​သည် သူ​တို့​နှင့်​အ​တူ ဂေ​သ​ရှေ​မန်​ဟု​ခေါ်​သော​အ​ရပ်​သို့ ရောက်​တော်​မူ​၏။ ကိုယ်​တော်​သည် တ​ပည့်​တော်​တို့​အား “ငါ​သည် ထို​နေ​ရာ​သို့​သွား​၍ ဆု​တောင်း​စဉ်​တွင် ဤ​နေ​ရာ​၌ ထိုင်​နေ​ကြ​လော့”​ဟု မိန့်​တော်​မူ​ပြီး​လျှင်

37 ပေ​တ​ရု​နှင့် ဇေ​ဗေ​ဒဲ​၏​သား​နှစ်​ယောက်​တို့​ကို ခေါ်​သွား​တော်​မူ​၏။ ထို​အ​ခါ ကိုယ်​တော်​သည် ဝမ်း​နည်း​ခြင်း​နှင့်​စိတ်​ပူ​ပန်​ခြင်း​ရှိ​သ​ဖြင့်

38 “ငါ​၏​စိတ်​ဝိ​ညာဉ်​သည် သေ​လု​မ​တတ် အ​လွန်​ဝမ်း​နည်း​ခြင်း​ရှိ​၏။ ဤ​နေ​ရာ​၌​နေ​၍ ငါ​နှင့်​အ​တူ သ​တိ​နှင့်​စောင့်​နေ​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

39 ထို့​နောက် ရှေ့​သို့​အ​နည်း​ငယ်​ကြွ​တော်​မူ​ပြီး ပျပ်​ဝပ်​လျက် “အ​ကျွန်ုပ်​၏​အ​ဖ၊ ဖြစ်​နိုင်​လျှင် ဤ​ခွက်​ကို အ​ကျွန်ုပ်​ထံ​မှ လွန်​သွား​စေ​တော်​မူ​ပါ။ သို့​သော် အ​ကျွန်ုပ်​၏​အ​လို​အ​တိုင်း​မ​ဟုတ်​ဘဲ ကိုယ်​တော်​၏​အ​လို​တော်​အ​တိုင်း ဖြစ်​စေ​တော်​မူ​ပါ”​ဟု ဆု​တောင်း​တော်​မူ​၏။

40 ထို့​နောက် တ​ပည့်​တော်​တို့​ထံ​သို့ ပြန်​လာ​၍ သူ​တို့​အိပ်​ပျော်​နေ​ကြ​သည်​ကို​တွေ့​တော်​မူ​လျှင် ပေ​တ​ရု​အား “သင်​တို့​သည် တစ်​နာ​ရီ​မျှ ငါ​နှင့်​အ​တူ သ​တိ​နှင့်​မ​စောင့်​နိုင်​ကြ​သ​လော။

41 ဖြား​ယောင်း​သွေး​ဆောင်​ရာ​ထဲ​သို့ မ​ကျ​ရောက်​စေ​ရန် သ​တိ​နှင့်​စောင့်​နေ​လျက် ဆု​တောင်း​ကြ​လော့။ စိတ်​ဝိ​ညာဉ်​သည် ထက်​သန်​သော်​လည်း ကိုယ်​ကာ​ယ​မူ​ကား အား​နည်း​၏”​ဟု မိန့်​တော်​မူ​၏။

42 တစ်​ဖန် ဒု​တိ​ယ​အ​ကြိမ်​ထွက်​သွား​၍ “အ​ကျွန်ုပ်​၏​အ​ဖ၊ ဤ​ခွက်​ကို အ​ကျွန်ုပ်​မ​သောက်​ဘဲ လွန်​သွား​ရန် မ​ဖြစ်​နိုင်​ပါ​က ကိုယ်​တော်​၏​အ​လို​တော်​အ​တိုင်း ဖြစ်​စေ​တော်​မူ​ပါ”​ဟု ဆု​တောင်း​တော်​မူ​၏။