ရှင်​မဿဲ​ခ​ရစ်​ဝင် 26:43-49 MSB

43 ထို့​နောက် တစ်​ဖန်​ပြန်​လာ​၍ တ​ပည့်​တော်​တို့​သည် မျက်​စိ​လေး​လံ​သ​ဖြင့် အိပ်​ပျော်​နေ​ကြ​သည်​ကို တွေ့​လျှင်

44 သူ​တို့​ကို​ထား​ခဲ့​၍ တစ်​ဖန်​ကြွ​သွား​လျက် အ​ထက်​က တောင်း​လျှောက်​ခဲ့​သည့်​အ​တိုင်း တ​တိ​ယ​အ​ကြိမ် ထပ်​၍​ဆု​တောင်း​တော်​မူ​၏။

45 ထို့​နောက် ကိုယ်​တော်​သည် တ​ပည့်​တော်​တို့​ထံ​သို့ ပြန်​လာ​၍ “ယ​ခု​တိုင်​အောင်​အိပ်​ပျော်​လျက် အ​နား​ယူ​နေ​ကြ​သ​လော။ ကြည့်​ရှု​လော့။ အ​ချိန်​ရောက်​လာ​ပြီ။ လူ့​သား​သည် အ​ပြစ်​သား​တို့​၏​လက်​သို့ အပ်​နှံ​ခြင်း​ခံ​ရ​တော့​မည်။

46 ထ​ကြ။ သွား​ကြ​စို့။ ငါ့​ကို​အပ်​နှံ​မည့်​သူ​ရောက်​လာ​ပြီ”​ဟု မိန့်​တော်​မူ​၏။

47 ထို​သို့ ကိုယ်​တော်​မိန့်​တော်​မူ​စဉ် တစ်​ဆယ့်​နှစ်​ပါး​သော​တ​ပည့်​တော်​တို့​ထဲ​မှ တစ်​ပါး​ဖြစ်​သော​ယု​ဒ​သည် ရောက်​လာ​၏။ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့် လူ​ထု​ထဲ​မှ​သက်​ကြီး​ဝါ​ကြီး​တို့​က စေ​လွှတ်​လိုက်​သည့် များ​စွာ​သော​လူ​အ​စု​အ​ဝေး​တို့​သည်​လည်း တုတ်၊ ဓား​များ​ကိုင်​ဆောင်​လျက် သူ​နှင့်​အ​တူ​ပါ​လာ​၏။

48 ကိုယ်​တော်​ကို​အပ်​နှံ​သော​သူ​က “ငါ​နမ်း​သော​သူ​သည် ထို​သူ​ပင်​ဖြစ်​၏။ သူ့​ကို​ဖမ်း​ဆီး​ကြ​လော့”​ဟု ဆို​လျက် အ​ချက်​ပြ​အ​မှတ်​အ​သား​ကို သူ​တို့​အား​ပေး​ထား​၏။

49 ထို့​ကြောင့် သူ​သည် ယေ​ရှု​ထံ​သို့ ချက်​ချင်း​ချဉ်း​ကပ်​၍ “မင်္ဂ​လာ​ပါ၊ ရဗ္ဗိ”​ဟု ဆို​လျက် ကိုယ်​တော်​ကို​နမ်း​လေ​၏။