ရှင်​မဿဲ​ခ​ရစ်​ဝင် 26:53-59 MSB

53 ယ​ခု​ပင် တစ်​ဆယ့်​နှစ်​တပ်​ထက်​များ​ပြား​သော ကောင်း​ကင်​တ​မန်​ကို ငါ့​ထံ​သို့​စေ​လွှတ်​တော်​မူ​မည့်​အ​ကြောင်း ခ​မည်း​တော်​ထံ​သို့ ငါ​မ​တောင်း​နိုင်​ဟု သင်​ထင်​သ​လော။

54 သို့​ဖြစ်​လျှင် ဤ​သို့​ဖြစ်​ရ​မည်​ဟု​ဆို​ထား​သော ကျမ်း​ချက်​များ​သည် မည်​သို့​ပြည့်​စုံ​ခြင်း​သို့​ရောက်​နိုင်​မည်​နည်း”​ဟု မိန့်​တော်​မူ​၏။

55 ထို​အ​ချိန်​တွင် ယေ​ရှု​သည် လူ​အ​စု​အ​ဝေး​တို့​အား “သင်​တို့​သည် ဓား​ပြ​ကို​ဖမ်း​သ​ကဲ့​သို့ တုတ်၊ ဓား​များ​ကိုင်​ဆောင်​လျက် ငါ့​ကို​ဖမ်း​ဆီး​ရန်​လာ​ကြ​သ​လော။ ငါ​သည် နေ့​တိုင်း ဗိ​မာန်​တော်​၌​ထိုင်​လျက် သွန်​သင်​နေ​ခဲ့​သော်​လည်း သင်​တို့​သည် ငါ့​ကို​မ​ဖမ်း​ဆီး​ကြ။

56 သို့​သော် ဤ​အ​မှု​အ​ရာ​အား​လုံး​ဖြစ်​ပျက်​ရ​ခြင်း​မှာ ပ​ရော​ဖက်​ကျမ်း​များ​ပြည့်​စုံ​ခြင်း​သို့​ရောက်​မည့်​အ​ကြောင်း​တည်း”​ဟု မိန့်​တော်​မူ​၏။ ထို​အ​ခါ တ​ပည့်​တော်​အား​လုံး​တို့​သည် ကိုယ်​တော်​ကို​စွန့်​ခွာ​၍ ထွက်​ပြေး​ကြ​၏။

57 ယေ​ရှု​ကို​ဖမ်း​ဆီး​သော​သူ​တို့​သည် ကျမ်း​ပြု​ဆ​ရာ​များ​နှင့်​သက်​ကြီး​ဝါ​ကြီး​တို့​စု​ဝေး​ရာ ယဇ်​ပု​ရော​ဟိတ်​မင်း​က​ယာ​ဖ​ထံ​သို့ ကိုယ်​တော်​ကို​ခေါ်​ဆောင်​သွား​ကြ​၏။

58 ပေ​တ​ရု​သည်​လည်း ယဇ်​ပု​ရော​ဟိတ်​မင်း​၏​ခြံ​ဝင်း​အ​ထိ ကိုယ်​တော်​၏​နောက်​သို့ မ​လှမ်း​မ​ကမ်း​မှ​လိုက်​သွား​ကာ နောက်​ဆုံး​မည်​သို့​ဖြစ်​မည်​ကို​သိ​မြင်​ရန် အ​ထဲ​သို့​ဝင်​၍ အ​စောင့်​တပ်​သား​များ​နှင့်​အ​တူ​ထိုင်​နေ​၏။

59 ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့်​တ​ရား​လွှတ်​တော်​တစ်​ရပ်​လုံး​သည် ယေ​ရှု​ကို သေ​ဒဏ်​ချ​မှတ်​နိုင်​ရန် ကိုယ်​တော်​၏​ပြစ်​မှု​ကို​ထင်​ရှား​စေ​မည့် မ​မှန်​သော​သက်​သေ​ကို​ရှာ​ကြ​၏။