ရှင်​မဿဲ​ခ​ရစ်​ဝင် 26:64-70 MSB

64 ယေ​ရှု​က “သင်​ပြော​သည့်​အ​တိုင်း​ပေ​တည်း။ ထို့​ပြင် သင်​တို့​အား ငါ​ဆို​မည်။ နောင်​တွင် လူ့​သား​သည် တန်​ခိုး​နှင့်​ပြည့်​စုံ​တော်​မူ​သော​အ​ရှင်​၏​လက်​ယာ​ဘက်​၌​ထိုင်​၍​ကောင်း​ကင်​မိုး​တိမ်​များ​စီး​လျက်​ကြွ​လာ​သည်​ကို သင်​တို့​မြင်​ရ​ကြ​လိမ့်​မည်”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

65 ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​မင်း​သည် မိ​မိ​၏​ဝတ်​ရုံ​ကို​ဆုတ်​ဖြဲ​လျက် “သူ​သည် ဘု​ရား​သ​ခင်​ကို စော်​ကား​ပြော​ဆို​လေ​ပြီ။ နောက်​ထပ် မည်​သည့်​သက်​သေ​များ​လို​သေး​သ​နည်း။ ဘု​ရား​သ​ခင်​အား​စော်​ကား​ပြော​ဆို​သော​စ​ကား​ကို ယ​ခု​ပင် သင်​တို့​ကြား​ရ​ကြ​ပြီ။

66 သင်​တို့​မည်​သို့​ထင်​မြင်​ကြ​သ​နည်း”​ဟု ဆို​သော် သူ​တို့​က “သူ​သည် သေ​ဒဏ်​ခံ​ထိုက်​၏”​ဟု ပြန်​ပြော​ကြ​၏။

67 ထို့​နောက် သူ​တို့​သည် ကိုယ်​တော်​၏​မျက်​နှာ​တော်​ကို တံ​တွေး​နှင့်​ထွေး​လျက် ကိုယ်​တော်​ကို​ထိုး​နှက်​ကြ​၏။ အ​ချို့​တို့​သည်​လည်း ကိုယ်​တော်​ကို​ရိုက်​ပုတ်​လျက်

68 “အ​ချင်း​ခ​ရစ်​တော်၊ သင့်​ကို​ရိုက်​သော​သူ​သည် မည်​သူ​ဖြစ်​သည်​ကို ဟော​ကြည့်​ပါ”​ဟု ဆို​ကြ​၏။

69 ပေ​တ​ရု​မူ​ကား အိမ်​အ​ပြင် ခြံ​ဝင်း​အ​တွင်း​၌ ထိုင်​နေ​၏။ ထို​အ​ခါ အ​စေ​ခံ​မိန်း​မ​တစ်​ယောက်​သည် သူ့​ထံ​သို့​ချဉ်း​ကပ်​လာ​၍ “သင်​သည်​လည်း ဂါ​လိ​လဲ​နယ်​သား​ယေ​ရှု​နှင့်​အ​တူ​ရှိ​ခဲ့​သည်”​ဟု ဆို​၏။

70 သို့​သော် ပေ​တ​ရု​က “သင်​ပြော​နေ​သည့်​အ​ရာ​ကို ငါ​မ​သိ”​ဟု အား​လုံး​ရှေ့​တွင် ငြင်း​ဆို​လေ​၏။