ရှင်​မဿဲ​ခ​ရစ်​ဝင် 26:7-13 MSB

7 အ​လွန်​တန်​ဖိုး​ကြီး​သော​ဆီ​မွှေး​ထည့်​ထား​သည့် ကျောက်​ဖြူ​ဘူး​ပါ​သော အ​မျိုး​သ​မီး​တစ်​ဦး​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်​၍ စား​ပွဲ​၌​ထိုင်​နေ​သော ကိုယ်​တော်​၏​ခေါင်း​ပေါ်​၌ ထို​ဆီ​မွှေး​ကို သွန်း​လောင်း​လေ​၏။

8 တ​ပည့်​တော်​တို့​သည် ထို​အ​ခြင်း​အ​ရာ​ကို​မြင်​လျှင် စိတ်​ဆိုး​လျက် “အ​ဘယ်​ကြောင့် ဤ​သို့​ဖြုန်း​တီး​ရ​သ​နည်း။

9 ဤ​ဆီ​မွှေး​ကို အ​ဖိုး​များ​စွာ​နှင့်​ရောင်း​၍ ဆင်း​ရဲ​သား​တို့​ကို ပေး​ကမ်း​နိုင်​သည်”​ဟု ဆို​ကြ​၏။

10 ယေ​ရှု​သည် သိ​တော်​မူ​၍ “ဤ​အ​မျိုး​သ​မီး​ကို အ​ဘယ်​ကြောင့် နှောင့်​ယှက်​ကြ​သ​နည်း။ အ​မှန်​စင်​စစ် သူ​သည် ငါ့​အ​တွက် ကောင်း​သော​အ​မှု​ကို​ပြု​လေ​ပြီ။

11 အ​ကြောင်း​မူ​ကား ဆင်း​ရဲ​သား​တို့​သည် သင်​တို့​နှင့်​အ​တူ အ​စဉ်​ရှိ​ကြ​၏။ ငါ​မူ​ကား သင်​တို့​နှင့်​အ​တူ အ​စဉ်​ရှိ​သည်​မ​ဟုတ်။

12 ဤ​အ​မျိုး​သ​မီး​သည် ဆီ​မွှေး​ကို ငါ့​ကိုယ်​ပေါ်​၌ သွန်း​လောင်း​ခဲ့​ခြင်း​မှာ ငါ့​ကို​သင်္ဂြိုဟ်​ရန် ပြင်​ဆင်​ခြင်း​ဖြစ်​၏။

13 သင်​တို့​အား ငါ​အ​မှန်​ဆို​မည်။ ကမ္ဘာ​တစ်​ဝန်း​လုံး​တွင် ကောင်း​မြတ်​သော​သ​တင်း​ကို ဟော​ပြော​သည့်​နေ​ရာ​တိုင်း​၌ ဤ​အ​မျိုး​သ​မီး​ပြု​ခဲ့​သော​အ​မှု​အ​ရာ​ကို​လည်း သူ​၏​အ​မှတ်​တ​ရ​အ​ဖြစ် ပြော​ကြား​ကြ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။