ရှင်​မဿဲ​ခ​ရစ်​ဝင် 3:8-14 MSB

8 သို့​ဖြစ်​၍ နောင်​တ​နှင့်​ထိုက်​တန်​သော​အ​သီး​ကို သီး​ကြ​လော့။

9 ‘ငါ​တို့​တွင် အ​ဖ​အာ​ဗြ​ဟံ​ရှိ​သည်’​ဟူ​၍ သင်​တို့​စိတ်​ထဲ​၌​ပြော​ဆို​ရန်​ပင် မ​စဉ်း​စား​ကြ​နှင့်။ သင်​တို့​အား ငါ​ဆို​သည်​ကား ဘု​ရား​သ​ခင်​သည် အာ​ဗြ​ဟံ​အ​တွက်​သား​သ​မီး​များ​ကို ဤ​ကျောက်​ခဲ​တို့​ထဲ​မှ ပေါ်​ထွန်း​စေ​နိုင်​သည်။

10 ပု​ဆိန်​ကို သစ်​ပင်​တို့​၏​အ​မြစ်​နား​တွင်​ချ​ထား​ပြီ​ဖြစ်​၍ ကောင်း​သော​အ​သီး​ကို​မ​သီး​သော​အ​ပင်​တိုင်း​သည် ခုတ်​လှဲ​ခြင်း​ခံ​ရ​၍ မီး​ထဲ​သို့​ပစ်​ချ​ခြင်း​ခံ​ရ​လိမ့်​မည်။

11 ငါ​သည် သင်​တို့​ကို နောင်​တ​အ​တွက် ရေ​၌​ဗတ္တိ​ဇံ​ပေး​၏။ သို့​သော် ငါ့​ထက် ကြီး​မြတ်​သော​အ​ရှင်​သည် ငါ့​နောက်​တွင်​ကြွ​လာ​မည်။ ထို​အ​ရှင်​၏​ခြေ​နင်း​တော်​ကို​ချွတ်​ပေး​ရန်​ပင် ငါ​သည် မ​ထိုက်​တန်။ ထို​အ​ရှင်​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့်​မီး​၌ သင်​တို့​ကို ဗတ္တိ​ဇံ​ပေး​တော်​မူ​လိမ့်​မည်။

12 လက်​တော်​၌​လည်း ဆန်​ကော​ကို​ကိုင်​ထား​လျက် မိ​မိ​၏​ကောက်​နယ်​တ​လင်း​ကို အ​ကုန်​အ​စင်​ရှင်း​လင်း​ပြီး မိ​မိ​၏​ဂျုံ​ဆန်​ကို ကျီ​၌​စု​သိမ်း​၍ အ​ဖျင်း​ကို​ကား မ​ငြိမ်း​နိုင်​သော​မီး​ဖြင့်​ရှို့​တော်​မူ​လိမ့်​မည်”​ဟု ဆို​လေ​၏။

13 ထို​ကာ​လ​တွင် ယေ​ရှု​သည် ယော​ဟန်​ထံ​၌​ဗတ္တိ​ဇံ​ခံ​ရန် ဂါ​လိ​လဲ​နယ်​မှ ဂျော်​ဒန်​မြစ်​နား​ရှိ ယော​ဟန်​ထံ​သို့ ကြွ​လာ​တော်​မူ​၏။

14 သို့​ရာ​တွင် ယော​ဟန်​သည် ကိုယ်​တော်​ကို​တား​ဆီး​လျက် “အ​ကျွန်ုပ်​ပင် ကိုယ်​တော့်​ထံ​၌ ဗတ္တိ​ဇံ​ခံ​ရ​မည်​ဖြစ်​ပါ​လျက်​နှင့် ကိုယ်​တော်​သည် အ​ကျွန်ုပ်​ထံ​သို့ ကြွ​လာ​တော်​မူ​ပါ​သ​လော”​ဟု ဆို​၏။