1 ဟေရုဒ်မင်းကြီးလက်ထက်တွင် ယုဒပြည်၊ ဗက်လင်မြို့၌ ယေရှုဖွားမြင်ခြင်းကိုခံတော်မူပြီးနောက် အရှေ့ပြည်မှ နက္ခတ်ပညာရှင်တို့သည် ဂျေရုဆလင်မြို့သို့ ရောက်လာကြ၍
2 “ဖွားမြင်တော်မူသော ဂျူးလူမျိုးတို့၏ဘုရင်သည် အဘယ်မှာရှိသနည်း။ အရှေ့ပြည်၌ သူ၏ကြယ်ကို အကျွန်ုပ်တို့မြင်ခဲ့ရသဖြင့် သူ့ကိုရှိခိုးရန် လာကြပါ၏”ဟု မေးမြန်းပြောဆိုကြ၏။
3 ထိုစကားကိုကြားလျှင် ဟေရုဒ်မင်းကြီးသည် တုန်လှုပ်ချောက်ချားလေ၏။ ဂျေရုဆလင်တစ်မြို့လုံးသည်လည်း မင်းကြီးနှင့်အတူ တုန်လှုပ်ချောက်ချားကြ၏။
4 ထိုအခါ မင်းကြီးသည် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် လူထုထဲမှကျမ်းပြုဆရာအပေါင်းတို့ကိုစုဝေးစေ၍ ခရစ်တော်သည် မည်သည့်အရပ်၌ဖွားမြင်မည်ကို သူတို့အား မေးမြန်းလေ၏။
5 သူတို့ကလည်း “ယုဒပြည်၊ ဗက်လင်မြို့၌ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော်