4 ထိုအခါ မင်းကြီးသည် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် လူထုထဲမှကျမ်းပြုဆရာအပေါင်းတို့ကိုစုဝေးစေ၍ ခရစ်တော်သည် မည်သည့်အရပ်၌ဖွားမြင်မည်ကို သူတို့အား မေးမြန်းလေ၏။
5 သူတို့ကလည်း “ယုဒပြည်၊ ဗက်လင်မြို့၌ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော်
6 ‘အို ယုဒပြည်၊ ဗက်လင်မြို့၊ သင်သည် ယုဒပြည်ကိုအုပ်ချုပ်သောမြို့တို့တွင် အသေးသိမ်ဆုံးမဟုတ်။ အကြောင်းမူကား ငါ၏လူမျိုးတော်အစ္စရေးကို အုပ်ထိန်းမည့်ခေါင်းဆောင်တစ်ဦးသည် သင့်အထဲမှပေါ်ထွန်းလိမ့်မည်’ဟူ၍ ပရောဖက်က ရေးထားသောကြောင့်ဖြစ်သည်”ဟု လျှောက်ထားကြ၏။
7 ထို့နောက် ဟေရုဒ်မင်းကြီးသည် နက္ခတ်ပညာရှင်တို့ကို တိတ်တဆိတ်ခေါ်၍ ကြယ်ပေါ်ထွန်းသည့်အချိန်ကာလကို သူတို့ထံမှ သေချာစွာလေ့လာစိစစ်ပြီးမှ
8 “သွား၍ သူငယ်တော်ကို သေချာစွာရှာဖွေစုံစမ်းကြလော့။ သင်တို့တွေ့သောအခါ ငါသည်လည်းသွား၍ သူ့ကိုရှိခိုးနိုင်ရန် ငါ့ကိုအကြောင်းကြားကြလော့”ဟု မိန့်မှာလျက် သူတို့ကို ဗက်လင်မြို့သို့ စေလွှတ်လေ၏။
9 သူတို့သည် မင်းကြီး၏မိန့်မှာချက်ကိုနားထောင်ပြီးမှ ထွက်သွားကြရာ အရှေ့ပြည်၌ သူတို့တွေ့ခဲ့သောကြယ်သည် သူငယ်တော်ရှိသည့်နေရာပေါ်ရောက်၍ ရပ်သည့်တိုင်အောင် သူတို့ရှေ့မှသွားလေ၏။
10 သူတို့သည် ထိုကြယ်ကိုမြင်သောအခါ အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်ကြပြီး