ရှင်​မဿဲ​ခ​ရစ်​ဝင် 2:8-14 MSB

8 “သွား​၍ သူ​ငယ်​တော်​ကို သေ​ချာ​စွာ​ရှာ​ဖွေ​စုံ​စမ်း​ကြ​လော့။ သင်​တို့​တွေ့​သော​အ​ခါ ငါ​သည်​လည်း​သွား​၍ သူ့​ကို​ရှိ​ခိုး​နိုင်​ရန် ငါ့​ကို​အ​ကြောင်း​ကြား​ကြ​လော့”​ဟု မိန့်​မှာ​လျက် သူ​တို့​ကို ဗက်​လင်​မြို့​သို့ စေ​လွှတ်​လေ​၏။

9 သူ​တို့​သည် မင်း​ကြီး​၏​မိန့်​မှာ​ချက်​ကို​နား​ထောင်​ပြီး​မှ ထွက်​သွား​ကြ​ရာ အ​ရှေ့​ပြည်​၌ သူ​တို့​တွေ့​ခဲ့​သော​ကြယ်​သည် သူ​ငယ်​တော်​ရှိ​သည့်​နေ​ရာ​ပေါ်​ရောက်​၍ ရပ်​သည့်​တိုင်​အောင် သူ​တို့​ရှေ့​မှ​သွား​လေ​၏။

10 သူ​တို့​သည် ထို​ကြယ်​ကို​မြင်​သော​အ​ခါ အ​လွန်​ဝမ်း​မြောက်​ဝမ်း​သာ​ဖြစ်​ကြ​ပြီး

11 အိမ်​ထဲ​သို့​ဝင်​၍ မယ်​တော်​မာ​ရိ​နှင့်​တ​ကွ သူ​ငယ်​တော်​ကို​တွေ့​လျှင် ပျပ်​ဝပ်​လျက်​ရှိ​ခိုး​ကြ​၏။ သူ​တို့​၏​ဘဏ္ဍာ​ကြုတ်​များ​ကို​လည်း​ဖွင့်​၍ ရွှေ၊ လော်​ဗန်​နှင့် မု​ရန်​တည်း​ဟူ​သော လက်​ဆောင်​များ​ကို သူ​ငယ်​တော်​အား​ဆက်​သ​ကြ​၏။

12 ထို့​နောက် ဟေ​ရုဒ်​မင်း​ကြီး​ထံ​သို့ ပြန်​မ​သွား​မည့်​အ​ကြောင်း အိပ်​မက်​ထဲ​တွင် ဗျာ​ဒိတ်​တော်​ရ​သ​ဖြင့် မိ​မိ​တို့​တိုင်း​ပြည်​သို့ အ​ခြား​သော​လမ်း​ဖြင့်​ပြန်​သွား​ကြ​၏။

13 ထို​သူ​တို့​ထွက်​သွား​ကြ​ပြီး​နောက် ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် ယော​သပ်​အား အိပ်​မက်​ထဲ​တွင်​ထင်​ရှား​၍ “ထ​လော့။ သူ​ငယ်​တော်​နှင့်​မယ်​တော်​တို့​ကို​ခေါ်​လျက် အီ​ဂျစ်​ပြည်​သို့​ထွက်​ပြေး​၍ နောက်​တစ်​ဖန် သင့်​အား​ငါ​ပြော​သည့်​တိုင်​အောင် ထို​ပြည်​၌​နေ​လော့။ အ​ကြောင်း​မူ​ကား ဟေ​ရုဒ်​မင်း​ကြီး​သည် သူ​ငယ်​တော်​ကို ရှာ​၍​သတ်​ရန် ကြံ​ရွယ်​နေ​၏”​ဟု မြွက်​ဆို​လေ​၏။

14 ထို​အ​ခါ ယော​သပ်​သည်​ထ​၍ ည​အ​ချိန်​၌​ပင် သူ​ငယ်​တော်​နှင့်​မယ်​တော်​တို့​ကို ခေါ်​ဆောင်​ကာ အီ​ဂျစ်​ပြည်​သို့ ထွက်​ခွာ​သွား​ပြီး​လျှင်