ရှင်​မဿဲ​ခ​ရစ်​ဝင် 21:34-40 MSB

34 အ​သီး​ပေါ်​ချိန်​နီး​ကပ်​လာ​သော​အ​ခါ စ​ပျစ်​ခြံ​ထွက်​အ​သီး​များ​ကို​ရ​ယူ​ရန် မိ​မိ​၏​အ​စေ​အ​ပါး​တို့​ကို ခြံ​သ​မား​တို့​ထံ​သို့ စေ​လွှတ်​လေ​၏။

35 ထို​အ​ခါ ခြံ​သ​မား​တို့​သည် ထို​သူ​၏​အ​စေ​အ​ပါး​တို့​ကို​ဖမ်း​ဆီး​၍ တစ်​ဦး​ကို​ရိုက်​နှက်​ကာ အ​ခြား​တစ်​ဦး​ကို​သတ်​ဖြတ်​လျက် တစ်​ဦး​ကို​မူ ခဲ​နှင့်​ပေါက်​သတ်​ကြ​၏။

36 နောက်​တစ်​ဖန် ယ​ခင်​ထက် ပို​၍​များ​ပြား​သော အ​ခြား​အ​စေ​အ​ပါး​တို့​ကို စေ​လွှတ်​လိုက်​ရာ ခြံ​သ​မား​တို့​သည် သူ​တို့​ကို​လည်း ထို​နည်း​တူ​ပြု​ကြ​၏။

37 ခြံ​ပိုင်​ရှင်​က​လည်း ‘သူ​တို့​သည် ငါ့​သား​ကို ရို​သေ​ကြ​လိမ့်​မည်’​ဟု ဆို​လျက် နောက်​ဆုံး​တွင် မိ​မိ​၏​သား​ကို သူ​တို့​ထံ​သို့​စေ​လွှတ်​လေ​၏။

38 သို့​သော် ခြံ​သ​မား​တို့​သည် ထို​သား​ကို​မြင်​သော​အ​ခါ ‘ဤ​သူ​သည်​အ​မွေ​ခံ​ဖြစ်​၏။ လာ​ကြ၊ သူ့​ကို​သတ်​၍ သူ​၏​အ​မွေ​ကို​ရ​ယူ​ကြ​စို့’​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​ပြီး​လျှင်

39 သူ့​ကို​ဖမ်း​ဆီး​၍ စ​ပျစ်​ခြံ​အ​ပြင်​သို့ ဆွဲ​ထုတ်​ကာ သတ်​ပစ်​ကြ​၏။

40 သို့​ဖြစ်​လျှင် စ​ပျစ်​ခြံ​ပိုင်​ရှင်​ပြန်​လာ​သော​အ​ခါ ထို​ခြံ​သ​မား​တို့​ကို မည်​သို့​ပြု​မည်​နည်း”​ဟု မေး​တော်​မူ​၏။