ရှင်​မဿဲ​ခ​ရစ်​ဝင် 24:31-37 MSB

31 ထို့​နောက် လူ့​သား​သည် ကျယ်​လောင်​သော​တံ​ပိုး​မှုတ်​သံ​နှင့်​အ​တူ မိ​မိ​၏​ကောင်း​ကင်​တ​မန်​တို့​ကို​စေ​လွှတ်​သ​ဖြင့် သူ​တို့​သည် ကိုယ်​တော်​ရွေး​ကောက်​ထား​သော​သူ​တို့​ကို ကောင်း​ကင်​အ​စွန်း​တစ်​ဖက်​မှ အ​ခြား​အ​စွန်း​တစ်​ဖက်​တိုင်​အောင် အ​ရပ်​လေး​မျက်​နှာ​မှ စု​စည်း​ကြ​လိမ့်​မည်။

32 သ​ဖန်း​ပင်​မှ ပုံ​ဥ​ပ​မာ​ကို သင်​ယူ​ကြ​လော့။ ၎င်း​၏​အ​ကိုင်း​အ​ခက်​သည်​နု​လာ​ပြီး အ​ရွက်​များ​ထွက်​လာ​သော​အ​ခါ နွေ​ရာ​သီ​နီး​ပြီ​ဖြစ်​ကြောင်း သင်​တို့​သိ​ကြ​၏။

33 ထို​နည်း​တူ သင်​တို့​သည်​လည်း ဤ​အ​ရာ​အား​လုံး​ကို​မြင်​ရ​သော​အ​ခါ လူ့​သား​သည် တံ​ခါး​ဝ​အ​နီး​သို့ ရောက်​ရှိ​နေ​ပြီ​ဖြစ်​ကြောင်း သိ​မှတ်​ကြ​လော့။

34 သင်​တို့​အား ငါ​အ​မှန်​ဆို​သည်​ကား ဤ​အ​ရာ​အား​လုံး​မ​ဖြစ်​ပျက်​မီ​တိုင်​အောင် ဤ​မျိုး​ဆက်​သည် လုံး​ဝ​မ​ကွယ်​ပျောက်​ရာ။

35 ကောင်း​ကင်​နှင့်​မြေ​ကြီး​သည် ကွယ်​ပျောက်​သွား​လိမ့်​မည်။ ငါ့​စ​ကား​မူ​ကား မည်​သည့်​အ​ခါ​မျှ ကွယ်​ပျောက်​လိမ့်​မည်​မ​ဟုတ်။

36 ထို​နေ့​ရက်၊ ထို​အ​ချိန်​နာ​ရီ​နှင့်​ပတ်​သက်​၍​မူ​ကား ခ​မည်း​တော်​တစ်​ပါး​တည်း​မှ​လွဲ​၍ မည်​သူ​မျှ​မ​သိ။ ကောင်း​ကင်​ဘုံ​ရှိ​ကောင်း​ကင်​တ​မန်​များ​လည်း​မ​သိ။ သား​တော်​လည်း​မ​သိ။

37 လူ့​သား​၏​ကြွ​လာ​ခြင်း​သည် နော​ဧ​၏​နေ့​ရက်​များ​ကဲ့​သို့​ဖြစ်​လိမ့်​မည်။