ရှင်​မဿဲ​ခ​ရစ်​ဝင် 26:12-18 MSB

12 ဤ​အ​မျိုး​သ​မီး​သည် ဆီ​မွှေး​ကို ငါ့​ကိုယ်​ပေါ်​၌ သွန်း​လောင်း​ခဲ့​ခြင်း​မှာ ငါ့​ကို​သင်္ဂြိုဟ်​ရန် ပြင်​ဆင်​ခြင်း​ဖြစ်​၏။

13 သင်​တို့​အား ငါ​အ​မှန်​ဆို​မည်။ ကမ္ဘာ​တစ်​ဝန်း​လုံး​တွင် ကောင်း​မြတ်​သော​သ​တင်း​ကို ဟော​ပြော​သည့်​နေ​ရာ​တိုင်း​၌ ဤ​အ​မျိုး​သ​မီး​ပြု​ခဲ့​သော​အ​မှု​အ​ရာ​ကို​လည်း သူ​၏​အ​မှတ်​တ​ရ​အ​ဖြစ် ပြော​ကြား​ကြ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

14 ထို့​နောက် တစ်​ဆယ့်​နှစ်​ပါး​သော​တ​ပည့်​တော်​တို့​ထဲ​မှ တစ်​ပါး​ဖြစ်​သော​ယု​ဒ​ဣ​ရှ​ကာ​ရုတ်​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​ထံ​သို့​သွား​၍

15 “ယေ​ရှု​ကို သင်​တို့​လက်​သို့​အပ်​နှံ​လျှင် သင်​တို့​သည် အ​ကျွန်ုပ်​အား ငွေ​မည်​မျှ​ပေး​မည်​နည်း”​ဟု ဆို​သော် သူ​တို့​သည် ယု​ဒ​အား ငွေဒင်္ဂါး​သုံး​ဆယ်​ကို သတ်​မှတ်​ပေး​ကြ​၏။

16 ထို​အ​ချိန်​မှ​စ​၍ ယု​ဒ​သည် ကိုယ်​တော်​ကို​အပ်​နှံ​ရန် အ​ခွင့်​ကောင်း​ကို​ရှာ​ကြံ​လျက်​နေ​၏။

17 တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​၏​ပ​ထ​မ​နေ့​တွင် တ​ပည့်​တော်​တို့​သည် ယေ​ရှု​ထံ​သို့​ချဉ်း​ကပ်​၍ “ပ​သ​ခါ​ပွဲ​တော်​ည​စာ​ကို ကိုယ်​တော်​သုံး​ဆောင်​ရန် အ​ကျွန်ုပ်​တို့​အား မည်​သည့်​နေ​ရာ​၌ ပြင်​ဆင်​စေ​လို​ပါ​သ​နည်း”​ဟု မေး​လျှောက်​ကြ​၏။

18 ကိုယ်​တော်​က​လည်း “မြို့​ထဲ​သို့​သွား​၍ တစ်​ယောက်​သော​သူ​အား ‘ငါ​၏​အ​ချိန်​နီး​ပြီ။ ပ​သ​ခါ​ပွဲ​တော်​ကို သင့်​ထံ​၌ ငါ​၏​တ​ပည့်​များ​နှင့်​အ​တူ​ကျင်း​ပ​မည်’​ဟူ​၍ ဆ​ရာ​က​မှာ​လိုက်​သည်​ဟု ထို​သူ​အား ပြော​ကြ​လော့”​ဟူ​၍ မိန့်​တော်​မူ​၏။