ရှင်​မဿဲ​ခ​ရစ်​ဝင် 26:19-25 MSB

19 ထို့​ကြောင့် တ​ပည့်​တော်​တို့​သည် မိ​မိ​တို့​အား ယေ​ရှု​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း ဆောင်​ရွက်​ကြ​ပြီး ပ​သ​ခါ​ပွဲ​တော်​ကို​ပြင်​ဆင်​ကြ​၏။

20 ည​နေ​ချမ်း​အ​ချိန်​ရောက်​သော​အ​ခါ ကိုယ်​တော်​သည် တစ်​ဆယ့်​နှစ်​ပါး​သော​တ​ပည့်​တော်​တို့​နှင့်​အ​တူ စား​ပွဲ​၌​ထိုင်​တော်​မူ​၏။

21 သူ​တို့​သည်​စား​လျက်​နေ​ကြ​စဉ် ကိုယ်​တော်​က “သင်​တို့​အား ငါ​အ​မှန်​ဆို​သည်​ကား သင်​တို့​အ​ထဲ​မှ​တစ်​ယောက်​သည် ငါ့​ကို​အပ်​နှံ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

22 ထို​အ​ခါ တ​ပည့်​တော်​တို့​သည် အ​လွန်​စိတ်​မ​ကောင်း​ဖြစ်​ကြ​လျက် “သ​ခင်​ဘု​ရား၊ အ​ကျွန်ုပ်​လော”​ဟု ကိုယ်​တော်​အား တစ်​ဦး​ပြီး​တစ်​ဦး​မေး​လျှောက်​ကြ​၏။

23 ကိုယ်​တော်​က​လည်း “ငါ​နှင့်​အ​တူ​တစ်​ပန်း​ကန်​ထဲ​တွင် လက်​နှိုက်​သော​သူ​သည် ငါ့​ကို​အပ်​နှံ​လိမ့်​မည်။

24 လူ့​သား​သည် မိ​မိ​နှင့်​ပတ်​သက်​၍ ရေး​ထား​သည့်​အ​တိုင်း သွား​ရ​မည်​မှန်​၏။ သို့​သော် လူ့​သား​ကို​အပ်​နှံ​သော​သူ​သည် အမင်္ဂ​လာ​ရှိ​၏။ ထို​သူ​သည် မ​မွေး​ဖွား​လာ​ခဲ့​လျှင် သူ့​အ​တွက် သာ​၍​ကောင်း​ပေ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

25 ထို​အ​ခါ ကိုယ်​တော်​ကို​အပ်​နှံ​တော့​မည့်​ယု​ဒ​က “ရဗ္ဗိ၊ အ​ကျွန်ုပ်​လော”​ဟု မေး​လျှောက်​သော် ကိုယ်​တော်​က “သင်​ပြော​သည့်​အ​တိုင်း​ပေ​တည်း”​ဟု မိန့်​တော်​မူ​၏။