ရှင်​မဿဲ​ခ​ရစ်​ဝင် 26:2-8 MSB

2 “ပ​သ​ခါ​ပွဲ​တော်​ကျ​ရောက်​ရန် နှစ်​ရက်​သာ​လို​တော့​သည်​ကို သင်​တို့​သိ​ကြ​၏။ ထို​အ​ခါ လူ့​သား​ကို လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ရန် အပ်​နှံ​ကြ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

3 ထို​အ​ချိန်​တွင် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့် လူ​ထု​ထဲ​မှ​သက်​ကြီး​ဝါ​ကြီး​တို့​သည် က​ယာ​ဖ​ဟု​ခေါ်​သော ယဇ်​ပု​ရော​ဟိတ်​မင်း​၏​ခြံ​ဝင်း​ထဲ​၌ စု​ဝေး​လျက်

4 ယေ​ရှု​ကို ပ​ရိ​ယာယ်​အား​ဖြင့်​ဖမ်း​ဆီး​၍ သတ်​ဖြတ်​ရန် တိုင်​ပင်​ကြ​၏။

5 သို့​သော် သူ​တို့​က “လူ​ထု​ကြား​ထဲ​တွင် ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​မည်​ကို စိုး​ရိမ်​ရ​သည်​ဖြစ်​၍ ပွဲ​တော်​အ​တွင်း မ​ဖမ်း​ကြ​နှင့်”​ဟု ပြော​ဆို​ကြ​၏။

6 ဗေ​သ​နိ​ရွာ​တွင် အ​နာ​ကြီး​ရော​ဂါ​သည်​ရှိ​မုန်​၏​အိမ်​၌ ယေ​ရှု​ရှိ​တော်​မူ​စဉ်

7 အ​လွန်​တန်​ဖိုး​ကြီး​သော​ဆီ​မွှေး​ထည့်​ထား​သည့် ကျောက်​ဖြူ​ဘူး​ပါ​သော အ​မျိုး​သ​မီး​တစ်​ဦး​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်​၍ စား​ပွဲ​၌​ထိုင်​နေ​သော ကိုယ်​တော်​၏​ခေါင်း​ပေါ်​၌ ထို​ဆီ​မွှေး​ကို သွန်း​လောင်း​လေ​၏။

8 တ​ပည့်​တော်​တို့​သည် ထို​အ​ခြင်း​အ​ရာ​ကို​မြင်​လျှင် စိတ်​ဆိုး​လျက် “အ​ဘယ်​ကြောင့် ဤ​သို့​ဖြုန်း​တီး​ရ​သ​နည်း။