ရှင်​မဿဲ​ခ​ရစ်​ဝင် 26:31-37 MSB

31 ထို​အ​ခါ ယေ​ရှု​က “‘ငါ​သည် သိုး​ထိန်း​ကို​ခုတ်​သတ်​သ​ဖြင့် သိုး​အုပ်​သည် ကွဲ​လွင့်​သွား​ရ​လိမ့်​မည်’​ဟု ကျမ်း​စာ​၌​ရေး​ထား​သည်​ဖြစ်​၍ ဤ​ည​၌ သင်​တို့​အား​လုံး​သည် ငါ့​ကြောင့်​စိတ်​ပျက်​ကြ​လိမ့်​မည်။

32 သို့​သော် ငါ​သည် ထ​မြောက်​ပြီး​နောက် ဂါ​လိ​လဲ​နယ်​သို့ သင်​တို့​ထက် အ​လျင်​ဦး​စွာ​သွား​နှင့်​မည်”​ဟု မိန့်​တော်​မူ​၏။

33 ထို​အ​ခါ ပေ​တ​ရု​က “ကိုယ်​တော်​ကြောင့် အား​လုံး​စိတ်​ပျက်​ကြ​လျှင်​လည်း အ​ကျွန်ုပ်​သည် မည်​သည့်​အ​ခါ​မျှ စိတ်​ပျက်​မည်​မ​ဟုတ်​ပါ”​ဟု ပြန်​လျှောက်​လေ​၏။

34 ယေ​ရှု​က​လည်း “သင့်​အား ငါ​အ​မှန်​ဆို​သည်​ကား ဤ​ည​တွင်​ပင် ကြက်​မ​တွန်​မီ သင်​သည် ငါ့​ကို သုံး​ကြိမ်​တိုင်​တိုင် ငြင်း​ပယ်​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

35 ပေ​တ​ရု​က “အ​ကျွန်ုပ်​သည် ကိုယ်​တော်​နှင့်​အ​တူ​သေ​ရ​လျှင်​ပင် ကိုယ်​တော်​ကို လုံး​ဝ​မ​ငြင်း​ပယ်​ပါ”​ဟု လျှောက်​လေ​၏။ တ​ပည့်​တော်​အား​လုံး​တို့​သည်​လည်း ထို​နည်း​တူ​လျှောက်​ကြ​၏။

36 ထို့​နောက် ယေ​ရှု​သည် သူ​တို့​နှင့်​အ​တူ ဂေ​သ​ရှေ​မန်​ဟု​ခေါ်​သော​အ​ရပ်​သို့ ရောက်​တော်​မူ​၏။ ကိုယ်​တော်​သည် တ​ပည့်​တော်​တို့​အား “ငါ​သည် ထို​နေ​ရာ​သို့​သွား​၍ ဆု​တောင်း​စဉ်​တွင် ဤ​နေ​ရာ​၌ ထိုင်​နေ​ကြ​လော့”​ဟု မိန့်​တော်​မူ​ပြီး​လျှင်

37 ပေ​တ​ရု​နှင့် ဇေ​ဗေ​ဒဲ​၏​သား​နှစ်​ယောက်​တို့​ကို ခေါ်​သွား​တော်​မူ​၏။ ထို​အ​ခါ ကိုယ်​တော်​သည် ဝမ်း​နည်း​ခြင်း​နှင့်​စိတ်​ပူ​ပန်​ခြင်း​ရှိ​သ​ဖြင့်