ရှင်​မဿဲ​ခ​ရစ်​ဝင် 26:61-67 MSB

61 “ဤ​သူ​က ‘ငါ​သည် ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​ကို​ဖြို​ဖျက်​၍ သုံး​ရက်​အ​တွင်း ပြန်​လည်​တည်​ဆောက်​နိုင်​သည်’​ဟု ပြော​ပါ​သည်”​ဟူ​၍ ထွက်​ဆို​ကြ​၏။

62 ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​ထ​၍ “သင်​သည် တစ်​ခွန်း​မျှ​မ​ဖြေ​ဘဲ​နေ​သ​လော။ ဤ​သူ​တို့​သည် သင့်​တစ်​ဖက်​၌ သက်​သေ​ခံ​ကြ​သည်​မှာ မည်​သို့​နည်း”​ဟု ကိုယ်​တော်​အား​မေး​လေ​၏။

63 သို့​သော် ယေ​ရှု​သည် တိတ်​ဆိတ်​စွာ​နေ​တော်​မူ​၏။ ယဇ်​ပု​ရော​ဟိတ်​မင်း​က​လည်း “သင်​သည် ဘု​ရား​သ​ခင်​၏​သား​တော် ခ​ရစ်​တော်​ဟုတ်​မ​ဟုတ် ငါ​တို့​အား​ပြော​ရန် အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​နာ​မ​တော်​ကို​တိုင်​တည်​၍ သင့်​အား ငါ​အ​မိန့်​ပေး​၏”​ဟု ဆို​၏။

64 ယေ​ရှု​က “သင်​ပြော​သည့်​အ​တိုင်း​ပေ​တည်း။ ထို့​ပြင် သင်​တို့​အား ငါ​ဆို​မည်။ နောင်​တွင် လူ့​သား​သည် တန်​ခိုး​နှင့်​ပြည့်​စုံ​တော်​မူ​သော​အ​ရှင်​၏​လက်​ယာ​ဘက်​၌​ထိုင်​၍​ကောင်း​ကင်​မိုး​တိမ်​များ​စီး​လျက်​ကြွ​လာ​သည်​ကို သင်​တို့​မြင်​ရ​ကြ​လိမ့်​မည်”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

65 ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​မင်း​သည် မိ​မိ​၏​ဝတ်​ရုံ​ကို​ဆုတ်​ဖြဲ​လျက် “သူ​သည် ဘု​ရား​သ​ခင်​ကို စော်​ကား​ပြော​ဆို​လေ​ပြီ။ နောက်​ထပ် မည်​သည့်​သက်​သေ​များ​လို​သေး​သ​နည်း။ ဘု​ရား​သ​ခင်​အား​စော်​ကား​ပြော​ဆို​သော​စ​ကား​ကို ယ​ခု​ပင် သင်​တို့​ကြား​ရ​ကြ​ပြီ။

66 သင်​တို့​မည်​သို့​ထင်​မြင်​ကြ​သ​နည်း”​ဟု ဆို​သော် သူ​တို့​က “သူ​သည် သေ​ဒဏ်​ခံ​ထိုက်​၏”​ဟု ပြန်​ပြော​ကြ​၏။

67 ထို့​နောက် သူ​တို့​သည် ကိုယ်​တော်​၏​မျက်​နှာ​တော်​ကို တံ​တွေး​နှင့်​ထွေး​လျက် ကိုယ်​တော်​ကို​ထိုး​နှက်​ကြ​၏။ အ​ချို့​တို့​သည်​လည်း ကိုယ်​တော်​ကို​ရိုက်​ပုတ်​လျက်