68 “အချင်းခရစ်တော်၊ သင့်ကိုရိုက်သောသူသည် မည်သူဖြစ်သည်ကို ဟောကြည့်ပါ”ဟု ဆိုကြ၏။
69 ပေတရုမူကား အိမ်အပြင် ခြံဝင်းအတွင်း၌ ထိုင်နေ၏။ ထိုအခါ အစေခံမိန်းမတစ်ယောက်သည် သူ့ထံသို့ချဉ်းကပ်လာ၍ “သင်သည်လည်း ဂါလိလဲနယ်သားယေရှုနှင့်အတူရှိခဲ့သည်”ဟု ဆို၏။
70 သို့သော် ပေတရုက “သင်ပြောနေသည့်အရာကို ငါမသိ”ဟု အားလုံးရှေ့တွင် ငြင်းဆိုလေ၏။
71 ထို့နောက် ဝင်းတံခါးဘက်သို့ထွက်သွားရာ အခြားအစေခံမိန်းမတစ်ယောက်သည် သူ့ကိုတွေ့သဖြင့် ထိုနေရာ၌ရှိသောသူတို့အား “ဤသူသည် နာဇရက်မြို့သားယေရှုနှင့်အတူရှိခဲ့သည်”ဟု ဆို၏။
72 ပေတရုကလည်း “ထိုလူကိုငါမသိ”ဟု တစ်ဖန်ကျိန်တွယ်လျက် ငြင်းဆိုလေ၏။
73 ထို့နောက် ခဏကြာလျှင် အနီးတွင်ရပ်နေသောသူတို့သည် ပေတရုထံသို့ ချဉ်းကပ်လာ၍ “အမှန်စင်စစ် သင်သည်လည်း ထိုသူတို့အထဲမှတစ်ယောက်ဖြစ်သည်။ အကြောင်းမူကား သင်၏ပြောဆိုပုံသည် သင့်ကို သိသာထင်ရှားစေသည်”ဟု ဆိုကြ၏။
74 ပေတရုကလည်း “ထိုသူကိုငါမသိ”ဟု တိုင်တည်၍ ကျိန်ဆိုသည်နှင့် ချက်ချင်းပင် ကြက်တွန်လေ၏။