ရှင်​မဿဲ​ခ​ရစ်​ဝင် 3:14-17 MSB

14 သို့​ရာ​တွင် ယော​ဟန်​သည် ကိုယ်​တော်​ကို​တား​ဆီး​လျက် “အ​ကျွန်ုပ်​ပင် ကိုယ်​တော့်​ထံ​၌ ဗတ္တိ​ဇံ​ခံ​ရ​မည်​ဖြစ်​ပါ​လျက်​နှင့် ကိုယ်​တော်​သည် အ​ကျွန်ုပ်​ထံ​သို့ ကြွ​လာ​တော်​မူ​ပါ​သ​လော”​ဟု ဆို​၏။

15 ယေ​ရှု​က​လည်း “ယ​ခု​အ​ခါ​တွင် အ​ခွင့်​ပေး​လော့။ အ​ကြောင်း​မူ​ကား ငါ​တို့​သည် ဖြောင့်​မတ်​ခြင်း​အ​လုံး​စုံ​ကို ဤ​သို့​ပြည့်​စုံ​စေ​သင့်​၏”​ဟု မိန့်​တော်​မူ​၏။ ထို​အ​ခါ ယော​ဟန်​သည် ကိုယ်​တော်​ကို​အ​ခွင့်​ပေး​လေ​၏။

16 ယေ​ရှု​သည် ဗတ္တိ​ဇံ​ခံ​ပြီး​နောက် ရေ​ထဲ​မှ​ထွက်​လာ​သည်​နှင့် ကောင်း​ကင်​သည်​ပွင့်​၍ ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သည် ချိုး​ငှက်​ကဲ့​သို့​ဆင်း​သက်​ကာ မိ​မိ​အ​ပေါ်​သို့ ကြွ​လာ​တော်​မူ​သည်​ကို မြင်​တော်​မူ​၏။

17 ကောင်း​ကင်​မှ​လည်း “ဤ​သူ​ကား ငါ​၏​ချစ်​သား​ပေ​တည်း။ သူ့​ကို​ငါ​နှစ်​သက်​၏”​ဟု အ​သံ​တော်​ထွက်​ပေါ်​လာ​၏။