ရှင်​မဿဲ​ခ​ရစ်​ဝင် 3:5-11 MSB

5 ထို​အ​ခါ ဂျေ​ရု​ဆ​လင်​မြို့၊ ယု​ဒ​နယ်​တစ်​နယ်​လုံး​နှင့် ဂျော်​ဒန်​မြစ်​ပတ်​ဝန်း​ကျင်​တစ်​လျှောက်​လုံး​၌​ရှိ​သော​သူ​တို့​သည် ယော​ဟန်​ထံ​သို့​သွား​၍

6 မိ​မိ​တို့​၏​အ​ပြစ်​များ​ကို​ဖော်​ပြ​ဝန်​ခံ​လျက် ဂျော်​ဒန်​မြစ်​တွင် သူ့​ထံ​၌​ဗတ္တိ​ဇံ​ခံ​ကြ​၏။

7 သို့​သော် သူ​၏​ဗတ္တိ​ဇံ​ကို​ခံ​ရန် များ​စွာ​သော​ဖာ​ရိ​ရှဲ​နှင့်​ဇဒ္ဒု​ကဲ​တို့​လာ​ကြ​သည်​ကို​မြင်​လျှင် ယော​ဟန်​က “မြွေ​ဆိုး​အ​မျိုး​တို့၊ ရောက်​လာ​မည့်​အ​မျက်​တော်​မှ ထွက်​ပြေး​ရန် မည်​သူ​က သင်​တို့​ကို သ​တိ​ပေး​ခဲ့​သ​နည်း။

8 သို့​ဖြစ်​၍ နောင်​တ​နှင့်​ထိုက်​တန်​သော​အ​သီး​ကို သီး​ကြ​လော့။

9 ‘ငါ​တို့​တွင် အ​ဖ​အာ​ဗြ​ဟံ​ရှိ​သည်’​ဟူ​၍ သင်​တို့​စိတ်​ထဲ​၌​ပြော​ဆို​ရန်​ပင် မ​စဉ်း​စား​ကြ​နှင့်။ သင်​တို့​အား ငါ​ဆို​သည်​ကား ဘု​ရား​သ​ခင်​သည် အာ​ဗြ​ဟံ​အ​တွက်​သား​သ​မီး​များ​ကို ဤ​ကျောက်​ခဲ​တို့​ထဲ​မှ ပေါ်​ထွန်း​စေ​နိုင်​သည်။

10 ပု​ဆိန်​ကို သစ်​ပင်​တို့​၏​အ​မြစ်​နား​တွင်​ချ​ထား​ပြီ​ဖြစ်​၍ ကောင်း​သော​အ​သီး​ကို​မ​သီး​သော​အ​ပင်​တိုင်း​သည် ခုတ်​လှဲ​ခြင်း​ခံ​ရ​၍ မီး​ထဲ​သို့​ပစ်​ချ​ခြင်း​ခံ​ရ​လိမ့်​မည်။

11 ငါ​သည် သင်​တို့​ကို နောင်​တ​အ​တွက် ရေ​၌​ဗတ္တိ​ဇံ​ပေး​၏။ သို့​သော် ငါ့​ထက် ကြီး​မြတ်​သော​အ​ရှင်​သည် ငါ့​နောက်​တွင်​ကြွ​လာ​မည်။ ထို​အ​ရှင်​၏​ခြေ​နင်း​တော်​ကို​ချွတ်​ပေး​ရန်​ပင် ငါ​သည် မ​ထိုက်​တန်။ ထို​အ​ရှင်​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့်​မီး​၌ သင်​တို့​ကို ဗတ္တိ​ဇံ​ပေး​တော်​မူ​လိမ့်​မည်။