ရှင်​မာ​ကု​ခ​ရစ်​ဝင် 11:7-13 MSB

7 ထို့​နောက် မြည်း​က​လေး​ကို ယေ​ရှု​ထံ​သို့​ခေါ်​ဆောင်​လာ​ပြီး​လျှင် ၎င်း​အ​ပေါ်​၌ သူ​တို့​၏​အ​ဝတ်​များ​ကို​ခင်း​ကြ​ရာ ကိုယ်​တော်​သည် ထို​မြည်း​ကို​စီး​တော်​မူ​၏။

8 များ​စွာ​သော​လူ​တို့​သည်​လည်း မိ​မိ​တို့​၏​ဝတ်​ရုံ​များ​ကို လမ်း​ပေါ်​၌​ခင်း​ကြ​၏။ အ​ချို့​တို့​မူ​ကား ကွင်း​ပြင်​မှ​သစ်​ခက်​သစ်​ရွက်​များ​ကို​ခုတ်​လာ​၍ ခင်း​ကြ​၏။

9 ရှေ့​မှ​သွား​သော​သူ​တို့​နှင့် နောက်​မှ​လိုက်​သော​သူ​တို့​က “ဟော​ရှဏ္ဏ၊ ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​၌ ကြွ​လာ​တော်​မူ​သော​အ​ရှင်​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း။

10 ပေါ်​ထွန်း​တော့​မည့် ငါ​တို့​အ​ဖ​ဒါ​ဝိဒ်​၏​နိုင်​ငံ​တော်​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း။ အ​မြင့်​ဆုံး​သော​အ​ရပ်​၌ ဟော​ရှဏ္ဏ​ဖြစ်​စေ​သ​တည်း”​ဟု ကြွေး​ကြော်​ကြ​၏။

11 ဤ​သို့​ဖြင့် ကိုယ်​တော်​သည် ဂျေ​ရု​ဆ​လင်​မြို့​ထဲ​သို့​ဝင်​၍ ဗိ​မာန်​တော်​သို့​ကြွ​တော်​မူ​၏။ အ​ရာ​ရာ​တို့​ကို လှည့်​လည်​ကြည့်​ရှု​တော်​မူ​ပြီး​လျှင် ည​နေ​ချမ်း​အ​ချိန်​ရောက်​ပြီ​ဖြစ်​၍ တစ်​ဆယ့်​နှစ်​ပါး​သော​တ​ပည့်​တော်​တို့​နှင့်​အ​တူ ဗေ​သ​နိ​ရွာ​သို့​ကြွ​တော်​မူ​၏။

12 နောက်​တစ်​နေ့​၌ ဗေ​သ​နိ​ရွာ​မှ သူ​တို့​ထွက်​ခွာ​ကြ​သော​အ​ခါ ကိုယ်​တော်​သည် ဆာ​လောင်​တော်​မူ​၏။

13 ထို​စဉ် အ​ရွက်​များ​ဝေ​ဆာ​နေ​သော သ​ဖန်း​ပင်​တစ်​ပင်​ကို အ​ဝေး​မှ​မြင်​၍ ထို​အ​ပင်​၌ တစ်​စုံ​တစ်​ခု​တွေ့​လို​တွေ့​ငြား အ​ပင်​ရှိ​ရာ​သို့​ကြွ​တော်​မူ​၏။ သို့​သော် ရောက်​တော်​မူ​သော​အ​ခါ သ​ဖန်း​သီး​ပေါ်​ချိန်​မ​ဟုတ်​သော​ကြောင့် ၎င်း​တွင် အ​ရွက်​များ​မှ​လွဲ​၍ မည်​သည့်​အ​ရာ​ကို​မျှ​တွေ့​တော်​မ​မူ​ချေ။