ရှင်​မာ​ကု​ခ​ရစ်​ဝင် 2 MSB

အ​ပြစ်​များ​ခွင့်​လွှတ်​ပိုင်​ခွင့်

1 ရက်​အ​နည်း​ငယ်​ကြာ​ပြီး​နောက် ကိုယ်​တော်​သည် က​ပေ​ရ​နောင်​မြို့​ထဲ​သို့ တစ်​ဖန်​ဝင်​တော်​မူ​၏။ အိမ်​၌ ကိုယ်​တော်​ရှိ​တော်​မူ​သည်​ကို​ကြား​၍

2 များ​စွာ​သော​လူ​တို့​သည် စု​ဝေး​လာ​ကြ​သ​ဖြင့် အိမ်​တံ​ခါး​ရှေ့​၌​ပင် နေ​ရာ​မ​ရှိ​တော့​ချေ။ ကိုယ်​တော်​သည် သူ​တို့​အား နှုတ်​က​ပတ်​တ​ရား​ကို​ဟော​ပြော​လျက်​နေ​တော်​မူ​၏။

3 ထို​အ​ခါ လူ​တို့​သည် လေ​ဖြတ်​သော​သူ​တစ်​ဦး​ကို လူ​လေး​ယောက်​အား​ထမ်း​စေ​၍ အ​ထံ​တော်​သို့​သယ်​ဆောင်​လာ​ကြ​၏။

4 လူ​အ​စု​အ​ဝေး​တို့​ကြောင့် သူ့​ကို ကိုယ်​တော်​ထံ​ခေါ်​ဆောင်​သွား​၍​မ​ရ​နိုင်​သ​ဖြင့် သူ​တို့​သည် ကိုယ်​တော်​ရှိ​သည့်​နေ​ရာ​အ​ထက်​မှ ခေါင်​မိုး​ကို​ခွာ​၍ အ​ပေါက်​ဖောက်​ကာ လေ​ဖြတ်​သော​သူ​လဲ​လျောင်း​နေ​သည့်​အိပ်​ရာ​ကို လျှော​ချ​ကြ​၏။

5 ယေ​ရှု​သည် ထို​သူ​တို့​၏​ယုံ​ကြည်​ခြင်း​ကို​မြင်​လျှင် လေ​ဖြတ်​သော​သူ​အား “ငါ့​သား၊ သင်​၏​အ​ပြစ်​များ​ခွင့်​လွှတ်​ခြင်း​ခံ​ရ​ပြီ”​ဟု မိန့်​တော်​မူ​၏။

6 သို့​သော် ထို​နေ​ရာ​၌​ထိုင်​နေ​ကြ​သော ကျမ်း​ပြု​ဆ​ရာ​အ​ချို့​တို့​က

7 “ဤ​သူ​သည် အ​ဘယ်​ကြောင့် ထို​ကဲ့​သို့​ပြော​ရ​သ​နည်း။ သူ​သည် ဘု​ရား​သ​ခင်​ကို​စော်​ကား​ပြော​ဆို​၏။ ဘု​ရား​သ​ခင်​မှ​တစ်​ပါး မည်​သူ​သည် အ​ပြစ်​များ​ကို​ခွင့်​လွှတ်​နိုင်​သ​နည်း”​ဟု မိ​မိ​တို့​စိတ်​ထဲ​၌ တွေး​တော​ဆင်​ခြင်​ကြ​၏။

8 သူ​တို့​စိတ်​ထဲ​၌ ထို​သို့​တွေး​တော​ဆင်​ခြင်​နေ​ကြောင်း​ကို ယေ​ရှု​သည် မိ​မိ​စိတ်​ဝိ​ညာဉ်​ဖြင့် ချက်​ချင်း​သိ​တော်​မူ​၍ “အ​ဘယ်​ကြောင့် သင်​တို့​၏​စိတ်​နှ​လုံး​ထဲ​၌ ထို​သို့​တွေး​တော​ဆင်​ခြင်​နေ​ကြ​သ​နည်း။

9 လေ​ဖြတ်​သော​သူ​အား ‘သင်​၏​အ​ပြစ်​များ​ခွင့်​လွှတ်​ခြင်း​ခံ​ရ​ပြီ’​ဟု ဆို​ရန်​နှင့် ‘ထ​၍ သင်​၏​အိပ်​ရာ​ကို​ဆောင်​ယူ​လျက် လမ်း​လျှောက်​လော့’​ဟု ဆို​ရန် မည်​သည့်​အ​ရာ​က ပို​၍​လွယ်​ကူ​သ​နည်း။

10 သို့​သော် လူ့​သား​သည် မြေ​ကြီး​ပေါ်​၌ အ​ပြစ်​များ​ခွင့်​လွှတ်​ပိုင်​ခွင့်​ရှိ​ကြောင်း သင်​တို့​သိ​စေ​ရန်”​ဟု သူ​တို့​အား မိန့်​တော်​မူ​ပြီး​လျှင် လေ​ဖြတ်​သော​သူ​အား

11 “သင့်​ကို ငါ​ဆို​မည်။ ထ​လော့။ သင်​၏​အိပ်​ရာ​ကို​ဆောင်​ယူ​၍ အိမ်​သို့​ပြန်​လော့”​ဟု မိန့်​တော်​မူ​၏။

12 ထို​အ​ခါ လေ​ဖြတ်​သော​သူ​သည်​ထ​၍ အိပ်​ရာ​ကို​ချက်​ချင်း​ဆောင်​ယူ​လျက် လူ​အ​ပေါင်း​တို့​ရှေ့​မှ​ထွက်​သွား​လေ​၏။ လူ​အ​ပေါင်း​တို့​သည် အံ့​သြ​ငေး​မော​၍ “ငါ​တို့​သည် ဤ​ကဲ့​သို့​သော​အ​ဖြစ်​မျိုး​ကို တစ်​ခါ​မျှ​မ​မြင်​စ​ဖူး”​ဟု ပြော​ဆို​လျက် ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို​ချီး​မွမ်း​ကြ​၏။

လေ​ဝိ​ကို​ခေါ်​ယူ​တော်​မူ​ခြင်း

13 ကိုယ်​တော်​သည် နောက်​တစ်​ဖန် ပင်​လယ်​ကမ်း​နား​သို့​ကြွ​တော်​မူ​ရာ လူ​ထု​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် အ​ထံ​တော်​သို့​ရောက်​လာ​ကြ​သ​ဖြင့် သူ​တို့​ကို​သွန်​သင်​တော်​မူ​၏။

14 တစ်​ဖန် လမ်း​၌​ကြွ​တော်​မူ​စဉ် အ​ခွန်​ကောက်​ခံ​ရာ​စ​ခန်း​တွင်​ထိုင်​နေ​သည့် အာ​လ​ဖဲ​၏​သား လေ​ဝိ​ကို​မြင်​၍ “ငါ့​နောက်​သို့​လိုက်​လော့”​ဟု မိန့်​တော်​မူ​သော် သူ​သည်​ထ​၍ နောက်​တော်​သို့​လိုက်​လေ​၏။

15 ကိုယ်​တော်​သည် လေ​ဝိ​၏​အိမ်​ထဲ​၌​ထိုင်​၍​စား​သောက်​နေ​တော်​မူ​စဉ် များ​စွာ​သော​အ​ခွန်​ကောက်​ခံ​သူ​နှင့် အ​ပြစ်​သား​တို့​သည် တ​ပည့်​တော်​တို့​နှင့်​တ​ကွ ယေ​ရှု​နှင့်​အ​တူ စား​သောက်​ပွဲ​၌​ထိုင်​ကြ​၏။ အ​ကြောင်း​မူ​ကား နောက်​တော်​သို့​လိုက်​ကြ​သည့် ထို​သို့​သော​သူ​များ​စွာ​ရှိ​ကြ​၏။

16 ကိုယ်​တော်​သည် အ​ပြစ်​သား​များ၊ အ​ခွန်​ကောက်​ခံ​သူ​များ​နှင့်​အ​တူ စား​သောက်​လျက်​နေ​သည်​ကို ဖာ​ရိ​ရှဲ​တို့​ထဲ​မှ ကျမ်း​ပြု​ဆ​ရာ​များ​မြင်​လျှင် “သူ​သည် အ​ဘယ်​ကြောင့် အ​ခွန်​ကောက်​ခံ​သူ​များ၊ အ​ပြစ်​သား​များ​နှင့်​အ​တူ စား​သောက်​သ​နည်း”​ဟု တ​ပည့်​တော်​တို့​အား မေး​မြန်း​ကြ​၏။

17 ယေ​ရှု​သည် ထို​စ​ကား​ကို​ကြား​လျှင် “ကျန်း​မာ​သော​သူ​တို့​သည် ဆေး​ဆ​ရာ​ကို​မ​လို​အပ်​ကြ​ပေ။ နာ​မ​ကျန်း​ဖြစ်​သော​သူ​တို့​သာ​လျှင် လို​အပ်​ကြ​၏။ ဖြောင့်​မတ်​သော​သူ​တို့​ကို​ခေါ်​ရန် ငါ​လာ​သည်​မ​ဟုတ်။ အ​ပြစ်​သား​တို့​ကို​ခေါ်​ရန် ငါ​လာ​၏”​ဟု သူ​တို့​အား မိန့်​တော်​မူ​၏။

အ​စာ​ရှောင်​ခြင်း​နှင့်​ဆိုင်​သော​မေး​ခွန်း

18 ယော​ဟန်​၏​တ​ပည့်​များ​နှင့် ဖာ​ရိ​ရှဲ​တို့​သည် အ​စာ​ရှောင်​လျက်​နေ​ကြ​၏။ လူ​တို့​သည် ကိုယ်​တော်​ထံ​သို့​လာ​၍ “ယော​ဟန်​၏​တ​ပည့်​များ​နှင့် ဖာ​ရိ​ရှဲ​တို့​၏​တ​ပည့်​များ​သည် အ​စာ​ရှောင်​နေ​ကြ​သော်​လည်း ကိုယ်​တော်​၏​တ​ပည့်​များ​သည် အ​ဘယ်​ကြောင့် အ​စာ​မ​ရှောင်​ကြ​သ​နည်း”​ဟု မေး​လျှောက်​ကြ​၏။

19 ယေ​ရှု​က​လည်း “သ​တို့​သား​၏​ဆွေ​မျိုး​မိတ်သင်္ဂ​ဟ​များ​သည် သ​တို့​သား​နှင့်​အ​တူ​ရှိ​နေ​စဉ် အ​စာ​ရှောင်​နိုင်​ကြ​မည်​လော။ သူ​တို့​သည် သ​တို့​သား​နှင့်​အ​တူ​ရှိ​နေ​သ​ရွေ့ အ​စာ​မ​ရှောင်​နိုင်​ကြ​ပေ။

20 သို့​သော် သ​တို့​သား​ကို သူ​တို့​ထံ​မှ​ခေါ်​ဆောင်​သွား​မည့် နေ့​ရက်​များ​ရောက်​လာ​လိမ့်​မည်။ ထို​နေ့​ရက်​ရောက်​လာ​သည့်​အ​ခါ​၌ သူ​တို့​သည် အ​စာ​ရှောင်​ကြ​လိမ့်​မည်။

21 မည်​သူ​မျှ အ​ဝတ်​အ​ဟောင်း​ကို ပိတ်​စ​အ​သစ်​ဖြင့် ဖာ​လေ့​မ​ရှိ။ ထို​သို့​ပြု​လျှင် အ​သစ်​ဖာ​ထား​သော​ပိတ်​စ​သည် အ​ဝတ်​အ​ဟောင်း​ကို​ရုန်း​သ​ဖြင့် စုတ်​ပြဲ​သည့်​နေ​ရာ​သည် ပို​၍​ဆိုး​လာ​လိမ့်​မည်။

22 စ​ပျစ်​ဝိုင်​အ​သစ်​ကို​လည်း မည်​သူ​မျှ သား​ရေ​ဘူး​အ​ဟောင်း​၌​ထည့်​လေ့​မ​ရှိ။ ထို​သို့​ပြု​လျှင် စ​ပျစ်​ဝိုင်​သည် သား​ရေ​ဘူး​ကို​ပေါက်​ပြဲ​စေ​သ​ဖြင့် စ​ပျစ်​ဝိုင်​ရော​သား​ရေ​ဘူး​ပါ ပျက်​စီး​သွား​လိမ့်​မည်။ စ​ပျစ်​ဝိုင်​အ​သစ်​ကို သား​ရေ​ဘူး​အ​သစ်​၌​သာ ထည့်​ကြ​၏”​ဟု မိန့်​တော်​မူ​၏။

ဥ​ပုသ်​နေ့​၏​အ​ရှင်​သ​ခင်

23 တစ်​နေ့​သော​ဥ​ပုသ်​နေ့​၌ ကိုယ်​တော်​သည် ဂျုံ​ခင်း​များ​ကို​ဖြတ်​လျက်​ကြွ​တော်​မူ​ရာ တ​ပည့်​တော်​တို့​သည် လမ်း​သွား​ရင်း ဂျုံ​နှံ​များ​ကို​ဆွတ်​ခူး​ကြ​၏။

24 ထို​အ​ခါ ဖာ​ရိ​ရှဲ​တို့​က “သူ​တို့​သည် ဥ​ပုသ်​နေ့​၌​ပြု​ခွင့်​မ​ရှိ​သော​အ​ရာ​ကို အ​ဘယ်​ကြောင့်​ပြု​ကြ​သ​နည်း”​ဟု ကိုယ်​တော်​အား မေး​လျှောက်​ကြ​၏။

25 ကိုယ်​တော်​က​လည်း “ဒါ​ဝိဒ်​သည် သူ​၌​စား​စ​ရာ​မ​ရှိ​သ​ဖြင့် သူ​မှ​စ​၍​သူ​နှင့်​အ​တူ​ရှိ​သော​သူ​တို့​သည် ဆာ​လောင်​ကြ​သော​အ​ခါ မည်​သည့်​အ​ရာ​ပြု​ခဲ့​သည်​ကို မ​ဖတ်​ဖူး​ကြ​သ​လော။

26 သူ​သည် ယဇ်​ပု​ရော​ဟိတ်​မင်း​အ​ဗျာ​သာ​လက်​ထက်​တွင် ဘု​ရား​သ​ခင်​၏​အိမ်​တော်​သို့​ဝင်​၍ ယဇ်​ပု​ရော​ဟိတ်​များ​မှ​တစ်​ပါး မည်​သူ​မျှ​စား​ခွင့်​မ​ရှိ​သော ရှေ့​တော်​မုန့်​ကို​စား​ပြီး​လျှင် သူ​နှင့်​အ​တူ​ရှိ​သော​သူ​တို့​ကို​လည်း ပေး​ခဲ့​၏”​ဟု မိန့်​တော်​မူ​၏။

27 တစ်​ဖန် သူ​တို့​အား “ဥ​ပုသ်​နေ့​သည် လူ​အ​တွက်​ဖြစ်​လာ​၏။ လူ​သည် ဥ​ပုသ်​နေ့​အ​တွက်​ဖြစ်​လာ​သည်​မ​ဟုတ်။

28 သို့​ဖြစ်​၍ လူ့​သား​သည် ဥ​ပုသ်​နေ့​၏​အ​ရှင်​သ​ခင်​လည်း​ဖြစ်​၏”​ဟု မိန့်​တော်​မူ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16